သာသနာရေးဝန်ကြီး အပြောင်းအလဲဖြစ်နိုင်

ငွေကြေး အလွဲသုံးစားမှု စွပ်စွဲချက်ဖြင့် စစ်ဆေးခြင်းခံနေ ရသော သာသနာရေး ပြည်ထောင်စု ဝန်ကြီး ဦးဆန်းဆင့်ကို မကြာမီ ရာထူးမှ အနားပေးမည့် မှန်းဆချက်များ ထွက်ပေါ် ခဲ့ပြီးနာက် သာသနာရေး ၀န်ကြီး အပြောင်းအလဲဖြစ်နိုင်ကြောင်း သမ္မတရုံးနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
သာသနာရေး ဝန်ကြီးဌာနပိုင် ငွေကြေးများ အလွဲသုံစားမူဖြင့် ၎င်းကို ပြီးခဲ့သော ရက်ပိုင်းအတွင်းက ခေါ်ယူစစ်ဆေးခြင်းများ ပြုလုပ်ခံရကြောင်း ဦးဆန်းဆင့်ကိုယ်တိုင် သတင်းဂျာနယ်တစ်စောင်ကို ၀န်ခံပြောကြားခဲ့ပြီး သီတင်းတစ်ပတ်ခန့်အကြာ ယခုသတင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။
ဦးဆန်းဆင့်ကမူ ယင်စွပ်စွဲများနှင့်ပတ်သက်၍ တာဝန်မရှိကြောင်း ငြင်းဆန်ထားသည်။
ဦးဆန်းဆင့်သည် အစိုးရ၀န်ကြီးဌာနတွင် တာဝန်မယူခင် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ခဲ့ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌဦးဌေးဦးနှင့် လူသိရှင်ကြား စကားအခြေအတင် စစ်ထိုးပြီး နောက်ပိုင်း သာသနာရေး ပြည်ထောင်စု ၀န်ကြီးအဖြစ် ပြောင်းလဲတာဝန် ပေးအပ်ခဲ့ခြင်း ခံခဲ့ရသည်။
ယင်းအပြင် ၎င်းပိုင်ဆိုင်သည်ဆိုသော အပတ်စဉ်ထုတ် ဂျာနယ်တစ်စောင်မှ နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စု
ဝန်ကြီးတချို့ကို ပြင်းထန်သော အသုံးအနှုန်းများဖြင့် ဝေဖန် ခဲ့မှုကြောင့် အစိုးရ အသိုင်းအ၀ိုင်းတွင် ဂယက်ရိုက်ခဲ့သည်။
People power
Category:



