ပင်စင်စား ၅ သောင်းကို ဆင်းကတ် ရောင်းပေးမည်

White Star | 水曜日, 1月 22, 2014 |



အခု ဇန်န၀ါရီလအတွက် ဆက်သွယ်ရေးက ဖြန့်ဖြူးရောင်းချပေးမယ့် ၁၅၀၀ တန် မိုဘိုင်းဖုန်း ဆင်းကတ် ၃ သိန်းခွဲထဲက ပင်စင်စား အယောက် ၅ သောင်းကို တယောက် ၁ ကတ်စီ ရောင်းချပေးမယ်လို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ထုတ်ပြန်ကြေငြာပါတယ်။

စာရင်း ထုတ်ပြန်ချက်တွေအရ ပင်စင်စား အများဆုံး နေထိုင်တဲ့ ရန်ကုန်တိုင်းက ပင်စင်စား အယောက် ၁၅၀၀၀ ဆင်းကတ် ၀ယ်နိုင်မှာ ဖြစ်ပြီး ကယားပြည်နယ်မှာတော့ ပင်စင်စား အယောက် ၄၀၀ ပဲ ဆင်းကတ် ၀ယ်နိုင်မှာ ဖြစ်ပါတယ်။

မိုဘိုင်းဖုန်း ဆင်းကတ် တန်ဖိုးဟာ အစိုးရဈေး ၁ ကတ်ကို ကျပ် ၁၅၀၀ ဖြစ်ပေမယ့် ပြင်ပ ပေါက်ဈေးမှာ ကျပ်ငွေ ၁ သိန်းဝန်းကျင် ရှိတာမို့ မဲပေါက်တဲ့ ပင်စင်စားတွေကို တနည်းတဖုံ ငွေကြေး ထောက်ပံ့ပေးတဲ့ သဘောလည်း ဖြစ်နိုင်တယ်လို့ ကျောက်တံတားမြို့နယ်မှာ နေထိုင်တဲ့ ပင်စင်စား ဦးကျော်သိန်းက ဒီဗွီဘီကို ပြောပါတယ်။

By ဒီဗွီဘီ

Category:

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ