မကာအိုကျွန်းသို့ အိမ်ဖော်မှအပ အခြားလုပ်သားများ စေလွှတ်ရန် သဘောတူစာချုပ် ချုပ်ဆို

ဦးကျော်ထင်ကျော်က ပြီးခဲ့တဲ့လက မကာအိုကိုသွားပြီး အိမ်အကူလုပ်သားက လွှဲပြီး စက်ရုံ၊ ဟိုတယ်၊ စား သောက်ဆိုင်လုပ်ငန်းနဲ့ ကာစီလုပ်ငန်းတွေမှာ လိုအပ်တဲ့ လုပ်သားတွေစေလွှတ်ဖို့ နှစ်ဖက်သဘောတူ MoU ရေးထိုးခဲ့ပြီးဖြစ် တယ်။ လက်မှတ်ရေး ထိုးထားတာကိုလည်း အလုပ်သမား ဝန်ကြီးဆီ တင်ပြ ထားတယ်။ လုပ်သား စေလွှတ်ဖို့က ဟိုဘက်က အလုပ်ခေါ် စာ (demand letter) ရောက်လာပြီး ဝန်ကြီးကခွင့်ပြုချက်ပေးရင် လွှတ်မှာ ဖြစ်တယ်။ နိုင်ငံကူး သွားလာတဲ့ကိစ္စကိုတော့ သံရုံးမရှိပေမယ့် ဟောင်ကောင်ကောင်စစ်ဝန်ရုံး ကနေ ဆက်သွယ် ဆောင်ရွက်လို့ရတယ်”ဟု ပြောသည်။
မကာအိုသို့ အိမ်အကူလုပ်သားမှ လွှဲပြီး စက်ရုံအလုပ်ရုံ ဟိုတယ်လုပ် ငန်း၊ စားသောက်ဆိုင်လုပ်ငန်းနှင့် ကာစီနိုလုပ်ငန်းများသို့ မြန်မာနိုင်ငံမှ လုပ်သားများ သွားရောက် လုပ်ကိုင် နိုင်ရေးအတွက် မြန်မာနိုင်ငံပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်းချုပ် (MOEAF) မှ မကာအိုနိုင်ငံ ရှိ အေဂျင်စီအသင်းချုပ် နှစ်ခုဖြစ်သည့် Macau Myanmar Human Resources Agencies Federation (MMHRAF), MWEAA တို့နှင့် သဘောတူ MoU ရေး ထိုးခဲ့ကြခြင်းဖြစ်ပြီး ဝန်ကြီးဌာနခွင့် ပြုချက်နှင့် မကာအိုမှ အလုပ်ခေါ်စာများ ရောက်ရှိပါက လုပ်သားများစေလွှတ်သွားရန်ရှိကြောင်း သိရ သည်။
မကာအိုနိုင်ငံသည် ဝန်ဆောင်မှုလုပ်ငန်းများနှင့် ကျော်ကြားသောနိုင်ငံဖြစ်ပြီး ယင်းနိုင်ငံတွင် အဆင့်မြင့် ဟိုတယ်များ၊ စားသောက်ဆိုင်လုပ် ငန်းများနှင့် စက်ရုံများတွင် လုပ်သား များလိုအပ်လျက်ရှိပြီး တရုတ်၊ ဖိ လစ်ပိုင်၊ ဗီယမ်နမ်၊ အင်ဒိုနီးရှား၊ နီပေါနှင့် အခြားနိုင်ငံများမှ လုပ်သား များ လာရောက်လုပ်ကိုင်လေ့ ရှိ ကြောင်း၊ အခြေခံလုပ်ခလစာမှာ ကန် ဒေါ်လာ ၈၀၀ ခန့် အနည်းဆုံးရရှိပြီး ကန်ဒေါ်လာ ၁၂၀၀ ကျော်အထိရရှိ သည့် ကျွမ်းကျင်လုပ်သားများရှိ ကြောင်း သိရသည်။
မြန်မာနိုင်ငံအေဂျင်စီအသင်းချုပ်နှင့် MoU လက်မှတ် မရေးထိုးခင် ကတည်း က မြန်မာအိမ် အကူလုပ်သားနှင့် အခြားလုပ်သား ၈၀၀ ကျော်အား မကာအိုသို့ ပို့ဆောင် ခဲ့ခြင်းများရှိသည့် မှတ်တမ်းများရှိ သည့်အတွက် လက်မှတ်ရေး ထိုးပြီး ပါက မြန်မာအိမ်ဖော်များ ပို့ဆောင်ခြင်း လုံးဝမပြုရန်၊ အခြားလုပ်ငန်းများတွင် သာ လုပ်ကိုင်ခွင့်ပေးရန်နှင့် မြန် မာလုပ်သားများအား ထိရောက် သော အကာအကွယ် အစီအမံများ စနစ်တကျထားရှိပေးရန် သဘောတူ ညီ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရ သည်။
လက်ရှိအချိန်တွင် လုပ်သားများ အနေဖြင့် ပေးဆောင်ရမည့် ကုန်ကျ စရိတ် များဖြစ်သည့် လေယာဉ်လက်မှတ်၊အခြားကုန်ကျစရိတ်များအားမတွက်ချက်ရသေးသည့်အတွက် ခန့် မှန်းကုန်ကျစရိတ်မသိနိုင်သေးကြောင်း မကြာမီတွင် တွက်ချက်ထုတ်ပြန်သွား မှာဖြစ်ကြောင်းသိရသည်။
စိုင်းဟန်
The Ladies News Journal
The Ladies News Journal



