မြန်မာ့ရိုးရာဓလေ့ ယာဉ်ကျေးမှု့အမွေအနှစ်များကို ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ခြင်း

hnm | 月曜日, 6月 29, 2015 |




ပုဂံရှေးဟောင်းဘုရားများသို့ သွားရောက်သည့် မြေလမ်းများပေါ်တွင် မော်တော်ယာဉ်ကြီးများ ဖြတ်သန်းခွင့်ကို တားမြစ်သွားမည်

ပုဂံရှေးဟောင်းဘုရားများ ရေရှည်တည်တံ့ရေးအတွက် လာမည့် ဇူလိုင်လ တစ်ရက်မှ စတင်ကာ ဘု ရားများသို့ သွားရောက်သည့် မြေလမ်း များပေါ်တွင် မော်တော်ယာဉ်ကြီးများ ဖြတ်သန်းခွင့်ကို တားမြစ်သွားမည် ဖြစ်ကြောင်း ရှေးဟောင်းသုတေသန ဦးစီးဌာနမှ သိရသည်။ ဘုရားများကြားရှိ မြေလမ်းများ ကို မော်တော်ယာဉ်ကြီးများ၊ ထော် လာဂျီများ အသုံးပြုခွင့်ပေးတော့မည် မဟုတ်ဘဲ ကားလေးများနှင့် လိုက်ထ ရပ်များ၊ မြင်းလှည်းများသာ သွားလာ ခွင့်ပြုတော့မည် ဖြစ်သည်။

''ပုဂံရှေးဟောင်းဘုရားတွေ ရေ ရှည်တည်တံ့စေဖို့ ဘုရားတွေကို သွား တဲ့မြေလမ်းတွေမှာ ကားကြီးတွေကို သွားခွင့် မပေးတော့ဘူး။ ကားကြီးတွေ က ဝိတ်များလို့ ကားအသေးလေးတွေ ကိုတော့ မောင်းခွင့်ပေးထားတယ်။ ကျန်တဲ့ ကျောက်လမ်း၊ ကတ္တရာလမ်း တွေမှာတော့ ကားကြီးတွေကိုလဲ ဖြတ် သန်းခွင့် ပေးထားပါတယ်''ဟု ရှေး ဟောင်းသုတေသန ဦးစီးဌာန ပုဂံဌာန ခွဲမှ ညွှန်ကြားရေးမှူး ဦးအောင်နိုင်မြင့် ကပြောသည်။

ထိုသို့ ဖြတ်သန်းခွင့် ကန့်သတ် လိုက်သော်လည်း မော်တော်ယာဉ်ကြီး များအား ပုဂံမြို့ဟောင်းအတွင်းသို့ သွားလာနိုင်မည့် လမ်းတစ်ခုပေးထား မည်ဖြစ်ကာ အဆိုပါယာဉ်ကြီးများမှာ ပုဂံရှေးဟောင်း ပြတိုက်ရှေ့လမ်းမှ မြို့ ဟောင်းသို့ ဝင်ရောက်နိုင်မည် ဖြစ် ကြောင်း သိရသည်။

ထို့ပြင် ပုဂံရှေးဟောင်းပြတိုက်ရှေ့လမ်းမှ ပုဂံမြို့သစ်၊ ဇက်ဆိပ်ဘက်သို့ဖြတ် သန်းသွားလာနိုင်ကြောင်းလည်း သိရသည်။

ရှေးဟောင်းသုတေသနဦးစီးဌာနအနေဖြင့် ပုဂံရှေးဟောင်းနယ်မြေဒေသ ရေရှည်တည်တံ့ခိုင်မြဲရန်လုပ်ဆောင်ရာတွင် ပြီးခဲ့သည့်မတ် ၁ရက်မှစတင်၍ ပုဂံ သရပါတံခါးမှ မော်တော်ယာဉ်ကြီးများဖြတ်သန်းခွင့်ကိုလည်း တားမြစ်ခဲ့သည်။

''သရပါတံတားကြီးက ရှေးနှစ်ပေါင်းတစ်ထောင်ကျော်၊ နှစ်ထောင်လောက် ကတည်းကရှိခဲ့တာ။ ယိုယွင်းလာပြီ။ ကားတွေဝင်တာ၊ ထွက်တာတုန်ခါမှုတွေ ကြောင့် ပြိုကျ၊ ပျက်စီးသွားရင် အစားထိုးလို့မရဘူး။ အစားထိုးရင်လဲ မူလအနေ အထားအတိုင်းပြန်ဖြစ်ဖို့မလွယ်တော့ဘူး။ အုတ်တွေက ဆွေးမြည့်နေပြီ။ ကားကြီး တွေ တဝုန်းဝုန်းနဲ့သွားတဲ့အခါ vibration အရှိန်ကြောင့် သရပါတံတားပြိုပျက် သွားနိုင်တယ်။ ရေရှည်တည်တံ့ခိုင်မြဲအောင်ဆိုပြီး ဒါကိုကာကွယ်တာပါ''ဟု ဦး အောင်နိုင်မြင့်က ဆက်လက်ပြောဆိုသည်။

မြန်မာနိုင်ငံ၏အဓိကခရီးသွားဒေသတစ်ခုဖြစ်သောပုဂံဒေသကို ယူနက် စကိုမှ ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်အဖြစ် ယခုနှစ်တွင် တင်ပြသွား မည်ဖြစ်ရာ လက်ရှိတွင် အမွေအနှစ်စာရင်းဝင်နိုင်ရန်ယူနက်စကိုနှင့်ရှေးဟောင်း သုတေသနဦးစီးဌာနတို့မှပူးပေါင်း၍ အလုပ်ရုံဆွေးနွေးမှုများ ပြုလုပ်လျက်ရှိပြီး စာရင်းဝင်နိုင်ရန် အချိန်ငါးနှစ်ခန့်ကြာမြင့်နိုင်မည်ဖြစ်ကြောင်း သိရသည်။

''ပုဂံဒေသကို ရေရှည်တည်တံ့အောင်ထိန်းသိမ်းမှုတွေမဆောင်ရွက်နိုင်ရင် တစ်ကမ္ဘာလုံးကို ထိခိုက်နိုင်တယ်။ ဒါတွေရှိလို့ ဧည့်သည်တွေလာတာ။ ဒီတော့ ပုဂံရှေးဟောင်းနယ်မြေရေရှည်တည်တံ့ခိုင်မြဲဖို့ဆိုတာ ပြည်သူတွေမှာလဲတာဝန်ရှိ တဲ့အတွက် အားလုံးကပူးပေါင်းပါဝင်ထိန်းသိမ်းဖို့လိုအပ်ပါတယ်''ဟု ယင်းက ဆိုသည်။

 ဖြူသစ်လွင်



မြန်မာ့ဇာတ်သဘင် အဆိုအကသင်တန်း ဖွင့်လှစ်

မြန်မာ့ဇာတ်သဘင်အလှ မပျောက်ပျက်စေရန်နှင့် ချို့ယွင်းမှုများကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် မြန်မာ့ဇာတ်သဘင် အဆိုအကသင်တန်းကို ပုဂ္ဂလိကဖောင်ဒေးရှင်းတစ်ခုမှ ပထမအကြိမ်အဖြစ် တစ်လကြာ ပို့ချဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။ မြန်မာ့ဇာတ်သဘင်အနုပညာကို စိတ်ဝင်စားသော အမေရိကန်နိုင်ငံသား Daniel Ehrlic က Arts Mandalay Foundation ကို ဖွဲ့စည်းကာ၊ သဘင် အသိပညာရှင်၊ အတတ် ပညာရှင်များက သင်ကြားပေးသွားမည့် အဆိုပါသင်တန်းကို ယခုလ ၂၉ ရက်မှစတင်ကာ ပြည်ကြီးတံခွန်မြို့နယ်ရှိ မင်းသားဝင်းနောင်နေအိမ်တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။
"ပျောက်ကွယ်လုနီးနီးဖြစ်နေတဲ့ မြန်မာ့ ဇာတ်သဘင်ကို အလှဆင်ဖို့ရည်ရွယ်ချက် နဲ့ ဖွင့်လှစ်တာပါ။

ဇာတ်သဘင်ရဲ့ ချို့ယွင်းမှု တွေကို ဖြည့်ဆည်းပြုပြင်ပေးမယ့် ပုဂ္ဂိုလ်တွေရှိနေရက်နဲ့ ပျောက်ကွယ်
တိမ်ကောသွားမှာကို မကြည့်ရက်လို့ တိုင်းတစ်ပါးက လူက သင်တန်းတစ်ခုဖွင့်လိုကြောင်း
ကျွန်တော်တို့ကိုပြောလာပါတယ်။ ကျွန်တော် တို့ကလည်း အကောင်အထည်ဖော်ချင်နေတာကြာပြီ။
စစ်စစ်မှန်မှန်တတ်တဲ့ ပညာရှင်တွေရဲ့ စနစ်၊ မူစတဲ့ပညာရပ်တွေနဲ့ အလှဆင်ဖို့ လိုနေပါပြီ။ အသိ၊
သတိကောင်းတဲ့ ပညာ ရှင်တွေကိုလည်း စုစည်းထားပါတယ်"ဟု သင်တန်းမှူးဦးသန်းအောင်က
ယခုလ ၁၉ ရက်တွင် ပြောသည်။

Arts Mandalay Foundation တည် ထောင်သူ မစ္စတာဒန်က ကဇာတ်ရုံ တစ်ရုံ ကိုဦးစွာစမ်းသပ်
တည်ထောင်ပြီး နောက်ပိုင်းတွင် ပုဂ္ဂလိကအနုပညာကျောင်းကိုတည်ထောင်သွားမည်ဖြစ်ကြောင်း၊
ဖောင်ဒေးရှင်းထူထောင်ခြင်းမှာ ပြည်တွင်း ပြည်ပမှ ကူညီထောက်ပံ့သူများပေါ်ပေါက်လာရန်လည်း
ရည်ရွယ်ကြောင်းပြောသည်။ "မြန်မာအက သင်ကြားဖို့ အရွယ်ကောင်း က အသက်ရှစ်နှစ်နဲ
့ ၁၂ နှစ်ကြားလို့ ပညာ ရှင်တွေက ပြောပါတယ်။ ကျောင်းသင်ရိုး အညွှန်းကို ပန်တျာကျောင်းက
အငြိမ်းစား ယူထားတဲ့ဆရာကြီးတွေနဲ့ ရေးဆွဲသွား ပါမယ်။ ကြုံတွေ့ရတဲ့ အခက်အခဲတွေကတော့
အများကြီးပါပဲ။ ရှားပါးလှပတဲ့ မြန်မာ့အကကို မြန်မာနိုင်ငံပြင်ပမှာ လူအနည်းငယ်သာ မြင်ဖူးမှာပါ။
အမေရိကန်နိုင်ငံမှာ မြန်မာအကကို မမြင်ဖူးသူတွေဆီက အကူအညီရဖို့ ခက်ခဲပါတယ်။ ဒီအတွက်
အနုပညာရပ်တွေကို ပြသခွင့်ရအောင် ကဇာတ်ရုံကို တည်ထောင် မှာပါ"ဟု မစ္စတာဒန်ကပြောသည်။

 ဖြိုးဝေကျေိာနှင့်လိုင်ကျော်စိုး



Arts Mandalay ဖောင်ဒေးရှင်း မန္တလေးမြို့တွင် သဘင်အနုပညာတိုးတက်ရေး လုပ်ဆောင်မည်

မန္တလေးမြို့တွင် အမေ ရိကန်နိုင်ငံသားတစ်ဦးက Arts Mandalay အမည်ရှိ ဖောင်ဒေးရှင်းတစ်ခုတည်ထောင်ကာ သ ဘင်အနုပညာတိုးတက်ရေး လုပ် ငန်းများ လာရောက်လုပ်ကိုင်နေ ကြောင်း သတင်းရရှိသည်။ အမေရိကန်လူမျိုး မစ္စတာ ဒန်ဆိုသူက မန္တလေးရှိ ဇာတ်သ ဘင်အဖွဲ့များအတွင်း ငါးနှစ်ကျော် ကြာ လိုက်လံနေထိုင်လေ့လာခဲ့ ပြီးနောက် ယဉ်ကျေးမှုဝန်ကြီးဌာန တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ဇာတ်သဘင်အနုပညာလုပ်ငန်း များ တိုးတက်စေရန် Arts Man-dalay Foundation တည်ထောင် ခဲ့ခြင်းဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီးသဘင်အစည်းအရုံးမှ တာဝန်ရှိသူများက ပြောသည်။ ‘‘သူက ကမ္ဘောဒီးယားတို့၊ ထိုင်းတို့မှာလည်း လုပ်ခဲ့တာ အောင်မြင်ခဲ့တယ်လို့ သိရတယ်။ ဒါကြောင့် မြန်မာနိုင်ငံကိုပါ ခြေ လှမ်းစလိုက်တဲ့ သဘောပါ’’ဟု သဘင်အစည်းအရုံး လူမှုဖြေရှင်းရေးကော်မတီ အတွင်းရေးမှူး ဦးပေါက်ကျိုင်းက ပြောသည်။

အဆိုပါ ဖောင်ဒေးရှင်းသည် မန္တလေးတိုင်းဒေသကြီးအစိုးရအ ဖွဲ့ထံမှ မြေနေရာတောင်းကာ အ ဆောက်အုံများဆောက်လုပ်ပြီး အနုပညာသင်တန်းကျောင်းတစ် ခုဖွင့်လှစ်ရန် စီစဉ်သွားမည်ဟု ဦးပေါက်ကျိုင်းက ဆိုသည်။လတ်တလော အစီအစဉ်အနေ ဖြင့် မန္တလေးတိုင်းသဘင်အစည်း အရုံးက ကြီးမှူးပြီး မြန်မာ့သဘင် အလှဆင်သူများအဖွဲ့နှင့် Arts Mandalay Foundation တို့ ပူး ပေါင်းကာ စမ်းသပ်ကာလအဖြစ် ဇွန်လ ၂၉ ရက်မှ စတင်ကာ သဘင်အနုပညာသင်တန်းတစ်ခု ဖွင့် လှစ်မည်ဟု သိရသည်။

အဆိုပါသင်တန်းတွင် နှစ် ပါးသွား၊ ခွန်းတောက်၊ နရီ၊ မြိုင် ထ အစရှိသည့် ပညာရပ်များအ ပြင် အခြားတိမ်မြုပ်ပျောက်ကွယ် နေသော သဘင်ပညာရပ်များကို ဝါရင့်သဘင်ပညာရှင်ကြီး များက သင်ကြားပို့ချပေးမည်ဖြစ်ပြီး သင်တန်းကာလ တစ်လဖြင့် သင်တန်းသား ၁၅ ဦးခန့် တက်ရောက်ကြ မည်ဟု သိရသည်။
မကြာမီ ဖွင့်လှစ်မည့် သင် တန်းတွင် ဇာတ်သဘင်လောက အတွင်းမှ မင်းသား၊ မင်းသမီးများ အား သင်ကြားပေးမည်ဖြစ်ပြီး နောက်လာမည့် သင်တန်းများ တွင်မူ ပြင်ပဝါသနာရှင်များကိုပါ ခေါ်ယူကာ အခမဲ့သင်ကြားပေး မည်ဖြစ်ကြောင်း သတင်းရရှိ သည်။ မန္တလေးမြို့တွင် ပြီးခဲ့သည့် သဘင်ရာသီက ဇာတ်အဖွဲ့ ၃၆ ဖွဲ့၊အခြားနယ်မှ လာရောက်တည် ထောင်သည့် ဧည့်ဇာတ်အဖွဲ့ ငါး ဖွဲ့နှင့် အငြိမ်အဖွဲ့ လေးဖွဲ့ ရှိခဲ့ သည်။ 

ညီညီဇော်



ပြည်တွင်းပြည်ပမှ လက်မှုပညာရှင်များ တက်ရောက်မည့် လက်မှုပညာပိုင်း ဆိုင်ရာ ညီလာခံကို အောက်တိုဘာလတွင် မန္တလေးမြို့၌ ကျင်းပမည်

ပြည်တွင်းပြည်ပမှ လက်မှု အတတ်ပညာ ကျွမ်းကျင်သူများ၊ လက်မှုဒီဇိုင်း ပညာရှင်များနှင့် အသိပညာရှင်များ ပါဝင် တက်ရောက်ကြမည့် လက်မှုပညာပိုင်း ဆိုင်ရာ ညီလာခံကို အောက်တိုဘာလတွင် မန္တလေးမြို့၌ ကျင်းပရန် စီစဉ် ထားကြောင်း သိရသည်။ အဆိုပါညီလာခံနှင့် အတူ ပြည်ပမှ လက်မှုဒီဇိုင်း ပညာရှင်များ ဦးဆောင် ဆွေးနွေးမည့် အဆင့်မြင့်လက်မှု ဒီဇိုင်းပညာပိုင်း ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ တစ်ရပ်ကိုလည်း ပူးတွဲကျင်းပ သွားမည်ဖြစ်သည်။ အဆိုပါညီလာခံကို ကျင်းပရခြင်းမှာ ပြည်တွင်းပြည်ပမှ လက်မှုပညာရှင်များ အချင်းချင်း အတတ်ပညာများ၊ အတွေ့အကြုံ များနှင့် နည်းပညာရပ်များ ဖလှယ်နိုင်စေရန်၊ တိမ်မြုပ်ပျောက်ကွယ်လုနီးပါးဖြစ်နေသော လက်မှုပညာရပ် တချို့ကို ပြန် လည် ဖော်ထုတ်ရန်နှင့် ပြည်တွင်းရှိ လက်မှုပညာ ဖန်တီးမှု လက်ရာများကို ပိုမိုဆန်းသစ် တီထွင်နိုင်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပရန် စီစဉ်ရခြင်း ဖြစ်ကြောင်း သိရသည်။

ရှေးဦးစွာ အင်းလေး၊ စစ်ကိုင်း၊ မြစ်ကြီးနား၊ မန္တလေးနှင့် ထားဝယ် စသည့်ဒေသများ၌ လက်မှုအနုပညာ ပြပွဲများနှင့် အလုပ်ရုံဆွေးနွေးပွဲများကို ညီလာခံ ကျင်းပမည့် အောက်တိုဘာလ မတိုင်မီ စီစဉ်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

လက်မှုပညာပိုင်းဆိုင်ရာ ညီလာခံဖြစ်မြောက်ရေး အတွက် ပြည်တွင်း၌ အနုပညာ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေသော New Zero Art Space ၊ ဗြိတိသျှကောင်စီ (မြန်မာ)၊ Swiss Agency for Development and Cooperation (SDC) နှင့် ဆွစ်ဇာလန် သံရုံးတို့ ပူးပေါင်း ဆောင်ရွက်ကြမည် ဖြစ်သည်။ အဆိုပါ ညီလာခံသို့ မြန်မာနိုင်ငံ အပါအဝင် နိုင်ငံတကာမှ လက်မှုပညာပိုင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ ဒီဇိုင်းပညာရှင်များ၊ အသိပညာရှင်များနှင့် လက်မှုပညာ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ အကြံပေးပုဂ္ဂိုလ်များ စသည့်ပညာရှင်များ စုံလင်စွာတက်ရောက်ကြမည် ဖြစ်ကြောင်း သိရသည်။


ထွေးဦးမြန်မာ ရုပ်သေးအဖွဲ့ ရန်ကုန်တွင် အဆင့်မြင့် ရုပ်သေးရုံ ဖွင့်လှစ်ဖျော်ဖြေ



ထွေးဦးမြန်မာ ရုပ်သေးအဖွဲ့က Easy Myanmar Travel & Tour ကုမ္ပဏီ၏ အကူအညီဖြင့် Easy Htwe Oo Myanmar အဆင့်မြင့် ရုပ်သေးရုံ တစ်ခုကို ဇွန် ၁၃ ရက်တွင် ဆူးလေ ဘုရားလမ်းတွင် ဖွင့်လှစ်ထားပြီးဖြစ်ကာ ဖျော်ဖြေမှုများ ပြုလုပ်သွားမည်ဟု ယင်းအဖွဲ့၏ ဒါရိုက်တာ ဦးခင်မောင်ထွေးက မဇ္ဈိမကို ပြောသည်။


အဆိုပါ Easy Htwe Oo Myanmar ရုပ်သေးရုံတွင် ယခုမိုးရာသီ၌ ဝင်ကြေး စနစ်ဖြင့် ပြသသွားမည် ဖြစ်ပြီး ပွင့်လင်းရာသီတွင် လက်မှတ်စနစ်ဖြင့် တစ်နေ့လျှင် နှစ်ပွဲနှုန်းဖြင့် ပြသသွားမည် ဖြစ်သည်။

ဦးခင်မောင်ထွေးက “ကျွန်တော်ရဲ့ ဖေ့ဘွတ်မှာ ကျွန်တော်ကိုယ်ပိုင် ရုပ်သေးရုံလေး တစ်ရုံလောက် ဖွင့်ချင်တယ်။ အဆင့်မြင့်မြင့်လေး ကပြ ဖျော်ဖြေချင်တယ်ဆိုတာကို ရေးတယ်။ အဲဒါကို Easy Myanmar Travel & Tour ကုမ္ပဏီက တွေ့ပြီးတော့ အကူအညီပေးသွားတာပါ” ဟု ၎င်းက ပြောသည်။

အဆိုပါ ရုပ်သေးရုံကို အဆင့်မြင့်အဖြစ် တည်ဆောက်ရာ သိန်းတစ်ရာနီးပါး ကုန်ကျခဲ့ပြီး လူဦးရေ ၂၅ ယောက်ခန့် ဆန့်သည့် ရုပ်သေးရုံ တစ်ရုံဖြစ်ကာ ဝင်ကြေးမှာ လူကြီးတစ်ယောက် ကျပ် ၁၀,၀၀၀ နှင့် ကလေးတစ်ဦးလျှင် ကျပ် ၅,၀၀၀ ဖြင့် လူဦးရေ ၅ ဦးမှ စတင်ကာ ကပြဖျော်ဖြေသွားမည် ဖြစ်သည်။

Easy Htwe Oo Myanmar ရုပ်သေးရုံ၏ ဖွင့်လှစ်ပြီးနောက် ဇွန် ၁၈ ရက်တွင် ISM (International School of Myanmar) မှ ကျောင်းသား (၁၆) ယောက်နှင့် ဆရာများကို ရုပ်သေးပြုလုပ်ပုံနှင့် ရုပ်သေး ကပြဖျော်ဖြေမှုများကို ပြုလုပ်သွားမည်ဖြစ်သည်။

ထွေးဦးမြန်မာ ရုပ်သေးအဖွဲ့သည် ရန်ကုန်မြို့တွင် ဒုတိယအကြိမ်မြောက် ရုပ်သေးရုံကို ပြန်လည် ဖွင့်လှစ်ခြင်းဖြစ်ပြီး ပထမအကြိမ်ကို ၂၀၀၆ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ ဖွင့်လှစ်ခဲ့ပြီး ယခု ၂၀၁၅ ခုနှစ်တွင် ဒုတိယအကြိမ် ပြန်လည် ဖွင့်လှစ်ခြင်း ဖြစ်သည်။

မြန်မာနိင်ငံ မန္တလေးမြို့တွင်လည်း ယင်းကဲ့သို့ ရုပ်သေးရုံ ဖွင့်လှစ်ပြီး ကပြဖျော်ဖြေမှုများ ပြုလုပ်လျက် ရှိသည်။

မိုးသူ



မြန်မာ့ရိုးရာလက်မှုအရုပ်များ ဈေးကွက်အတွင်း နေရာယူထားဆဲ

စက္ကူတွေနဲ့ပြုလုပ်ထားတဲ့ မြန်မာ့ရိုးရာလက်မှု အရုပ်တွေဖြစ်တဲ့ ဇီးကွက်ရုပ်၊ ပစ်တိုင်းထောင် ရုပ်တွေဟာ ယနေ့အချိန်အထိ ဈေးကွက်အတွင်းမှာ နေရာရနေဆဲဖြစ်ပါတယ်။ အစဉ်အဆက် အဲဒီအရုပ်တွေပြုလုပ်လာတဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ တဲကြီး တိုက်နယ်မှာရှိတဲ့ ဂုံညင်းဒေါင်၊ ကနားတော်၊ ညောင်ကုန်းအရှေ့ကျေးရွာတွေမှာတော့ စက္ကူနဲ့ပြုလုပ် ထားတဲ့ရိုးရာ လက်မှုအရုပ်လုပ်ငန်းတွေဟာ ယနေ့တိုင် တည်ရှိနေဆဲဖြစ်ပါတယ်။ ဂုံညင်းဒေါင် ကျေးရွာထဲ ၀င်လိုက်တာနဲ့ အရုပ်တွေကို နေလှန်းထား တာ တွေ့မြင်ရမှာပါ။ "ဇီးကွက်ရုပ်၊ ပစ်တိုင်းထောင်အရုပ် တွေက မိရိုးဖလာလုပ်ငန်းတွေပါ။ ဘိုးစဉ် ဘောင်ဆက် လုပ်ကိုင်လာတဲ့ လုပ်ငန်းလို့ ပြောလို့ရပါတယ်။ အခုဆိုရင် ကျွန်မတို့ အပါ အ၀င် မျိုးဆက်သုံးဆက်ရှိပါပြီ။ ဒီအလုပ်ပဲ လုပ်ကိုင်လာတာပါ။ တခြားအလုပ်တွေမလုပ် တတ်ပါဘူး။ အခုအချိန်အထိအလုပ်လည်းဖြစ်
နေတော့ တခြား အလုပ်တွေမလုပ်ဖြစ် ဘူး" လို့ ဂုံညင်းဒေါင်ရွာနေ မသန်းမော်က ပြောပါတယ်။



ပြည်တွင်းသို့ ပြင်ပက အရုပ်ပေါင်းစုံဝင်ရောက်လာသော်လည်း မြန်မာ့ရိုးရာ စက္ကူအရုပ်တွေကတော့
ယနေ့တိုင် မျက်နှာပန်းလှနေဆဲဖြစ်ပါတယ်။ ဘုရားပွဲတွေ၊ ရိုးရာပွဲတော်တွေမှာလည်း ယနေ့တိုင်တွေ
့ မြင်နိုင်ဆဲဖြစ်ပါတယ်။

ဘုရားစောင်းတန်းတွေမှာဖွင့်လှစ်ရောင်းချနေတဲ့ ဈေးဆိုင် တွေမှာ မြန်မာ့ရိုးရာအရုပ်တွေရောင်း
ချနေတာကို တွေ့မြင်နေရဆဲဖြစ်ပါတယ်။ "ပြင်ပကအရုပ်တွေ ဈေးကွက်ထဲ ဘယ်လောက်ပဲ
ဝင်ရောက်နေပါစေ၊ မြန်မာ့ ရိုးရာ အရုပ်တွေက အခုချိန်ထိရောင်းရပါ တယ်။ ၁၂ ပွဲဈေးတွေမှာ
လည်း အခုချိန်ထိ ရောင်းနေရလို့ ဈေးကွက်ထဲမှာ ရှိနေတာ ပါ။ အမြဲတမ်း အော်ဒါပျက်သွား
တယ်ဆိုတာ မရှိပါဘူး။ တခြားအရုပ်တွေဖြစ်တဲ့ ဖိုးဝရုပ်၊ မြင်းရုပ်၊ ဆင်ရုပ်တွေလည်း
ရောင်းရပါတယ်။ ၀ါထပ်ရင်တော့ နည်းနည်းလေး အရောင်းပါး တာ တစ်ခုပါပဲ" လို့
မသန်းမော်ကပြောပါတယ်။

မြန်မာလူမျိုးတွေရဲ့ ဓလေ့တစ်ခုအဖြစ် ဇီးကွက်ရုပ်၊ ပစ်တိုင်းထောင်ရုပ်တွေကို လာဘ်ကောင်
အဖြစ် ဘုရားစင်တွေမှာထားလေ့ရှိပါတယ်။ ဇီးကွက်ရုပ်ထားရင် စီးပွား ရေးအဆင်ပြေပြီး
အရောင်းအ၀ယ်ကောင်း တယ်လို့ ယုံကြည်နေဆဲဖြစ်ကာ ပစ်တိုင်းထောင်ကတော့
အမြဲတမ်းထောင်နေတဲ့အတွက် ပစ်တိုင်းထောင်ကိုလည်း အိမ်တွေမှာထားလေ့ရှိတယ်လို့
နှစ်ပေါင်း ၇၀ ကျော် မြန်မာ့ ရိုးရာအရုပ်တွေလုပ်ကိုင်လာတဲ့ ဦးချစ်ပို က ပြောပြပါတယ်။
"ရိုးရာဓလေ့အနေနဲ့ ဇီးကွက်အစုံ၊ ပစ်တိုင်း ထောင်အရုပ်အစုံ ဘုရားစင်မှာတင်ထား ရင်
စီးပွားရေးအဆင်ပြေတယ်လို့ အယူအဆ ရှိပါတယ်။ အမျိုးမျိုး အယူအဆတွေနဲ့ ၀ယ်ယူ
ကျတာပါ။ ဒါကြောင့်လည်း ဈေးကွက်ထဲ မှာ အခုအချိန်ထိ ရောင်းနေရတာပေါ့။ ရွာကတော့
ဇီးကွက်ရုပ်နဲ့ ပစ်တိုင်းထောင်အရုပ်တွေပဲ အလုပ်များတယ်။ တခြားအရုပ် တွေကတော့
ကလေးဆော့ဖို့အတွက် ၀ယ်ကြတာများတယ်"လို့ ဆိုပါတယ်။ မြန်မာ့ရိုးရာ အရုပ်တစ်ခုဖြစ်ပေါ်
လာဖို့ ပန်းချီအမြင်လည်း လိုပါသေးတယ်။ ပစ်တိုင်း ထောင်အရုပ်ဆိုရင် မျက်နှာလေးက
ပြုံးနေအောင် ရေးဆွဲရပြီး တစ်ခုနဲ့တစ်ခုတူညီ အောင် ရေးဆွဲရပါသေးတယ်။ "အရုပ်တစ်ခုရဲ
့ အသက်ကမျက်နှာပေါ့။ မျက်နှာက အသက်ဝင်မှ ရောင်းရမှာပါ။ မျက်နှာကိုလည်း အရုပ်လုပ်
တတ်တိုင်းမဆွဲ တတ်ပါဘူး။ အတွေ့အကြုံများတဲ့သူမှ ဆွဲတတ်ပါတယ်။ အရုပ်တစ်ခုနဲ့တစ်ခုမျက်နှာ
ကလည်း တူညီအောင်ဆွဲတတ်ရပါမယ်။ အရုပ်တွေကြည့်လိုက်ရင် အားလုံးမျက်နှာက
တစ်ပြေးညီဖြစ်နေရပါမယ်။ ဆင်ရုပ်တွေဆိုရင် ခေါင်းလေးက လှုပ်နေအောင် လုပ်ရပါသေးတယ်" လို့
ဦးချစ်ပိုကဆိုပါတယ်။

အရုပ်တစ်ရုပ်ဖြစ်အောင် အဆင့်ငါးဆင့် ပြုလုပ်ရပြီး တစ်ရက်ကို အရုပ်ပေါင်းများစွာထုတ်လုပ်နိုင်ကာ အရွယ်အစားကလည်းစုံလင်လှပါတယ်။ ဆေးရောင်တွေနဲ့ လှပ အောင်ရေးဆွဲရပါတယ်။ အရုပ်
အကြမ်းပုံ ကို ဆေးရောင်အဖြူ၊အနက်သုတ်လိမ်းထား ပြီးမှ အပေါ်ကနေ ရွှေရောင်စက္ကူထပ်ကပ်
ပြီး မျက်နှာရေးဆွဲတာ လိုအပ်တဲ့ဆေးရောင် ထပ်ပြီး သုတ်လိမ်းတာတွေလည်း ပြုလုပ် ရပါတယ်
လို့ ကနားတော်ရွာနေ ဒေါ်ခင်မာရီ က ပြောပါတယ်။ "အရုပ်တစ်ရုပ်ဖြစ်အောင် ပုံသွင်းထားတဲ့
အသားပေါ်ကို စက္ကူတွေနဲ့ကပ်ထားရပါ တယ်။ ပြီးတော့စက္ကူတွေကို ခွာပြီး ခွဲထားတဲ့နေရာတွေ
ကိုဖာရပါတယ်။ ပြီးတော့ ဆေးကို အဖြူနဲ့အနက်သုတ်ပြီးတော့ နေပူလှန်းထားရပါတယ်။ နေပူ
မှလည်း အရုပ်များများထွက် ပါတယ်။ နေပူလှန်းမှ အရုပ်ကဖောင်းကြွလာပါတယ်။ ဖောင်းကြွလာမှ
ရွှေရောင်စက္ကူ တွေနဲ့ကပ်ရပါတယ်။ ပြီးတော့ နေပူပြန်လှန်းရပါတယ်။ အဲဒါတွေပြီးမှ မျက်နှာ
ပုံဖော်ပေးရပါတယ်။ နေပူကတော့ တစ်ဆင့်ပြီးရင်အမြဲတန်းလှန်းပေးထားရတယ်" လို့ ဆိုပါတယ်။
အရင်ကတော့ အရုပ်လုပ်ရာမှာ ဘိလပ်မြေစက္ကူတွေကို အသုံးများပြီးတော့ အခု နောက်ပိုင်းမှာတော့
ဂျာနယ်တွေကို အများဆုံး သုံးရကြောင်း၊ အရုပ်ရဲ့ မျက်နှာကိုလည်း ခေတ်နဲ့အညီ ပြောင်းလဲရေး
ဆွဲလာရကြောင်း၊ မိရိုးဖလာလုပ်လာတဲ့ အလုပ်ဖြစ်တဲ့အတွက် သား၊ သမီးတွေကိုလည်း
လက်ဆင့်ကမ်း လုပ်ကိုင်စေလိုကြောင်း ဦးချစ်ပိုက ပြောပါတယ်။

"မိရိုးဖလာလုပ်လာတော့ သား၊သမီးတွေ ကိုလည်း ဒီလုပ်ငန်းပဲ လုပ်ကိုင်စေချင်ပါတယ်။
ခေတ်တွေပြောင်းလဲလာတယ်လို့ပြောလို့ရပေမယ့် လုပ်ငန်းကလည်း ဈေးကွက်ရနေတဲ့
အတွက် လုပ်ကိုင်စေချင်ပါတယ်။ ခေတ်နဲ့အညီလည်း ပြောင်းလဲပြီး တီထွင်စေချင်ပါတယ်။
ကျွန်တော့်တစ်သက်တော့ဒီလုပ် ငန်းပဲ လုပ်ကိုင်လာပါတယ်။

ဈေးကွက် အတွင်းမှာ ရောင်းနေရသရွေ့ ဒီလုပ်ငန်း ကို လုပ်ကိုင်စေချင်ပါတယ်" လို့ သူက
ပြောပါတယ်။ ဒီလုပ်ငန်းဟာအမျိုးသမီးတွေအတွက် နေရိပ်ထဲမှာလုပ်ရပြီး တစ်နေ့ကို ကျပ်
၃,၀၀၀ ကနေ ကျပ် ၅,၀၀၀ အထိ ရတဲ့အလုပ်ဖြစ် ပါတယ်။ အရုပ်တစ်ရုပ်ရဲ့ ဈေးနှုန်းတွေ
ကလည်း အရွယ်အစားပေါ်မူတည်ပြီး အနည်းဆုံး ကျပ် ၁၀၀ ကနေ ကျပ် ၅,၀၀၀ အထိ
ရှိပါတယ်။ ရွှေရောင်တ၀င်းဝင်းနဲ့ လာဘ်ကောင် ဇီးကွက်လေးတွေဟာ ဒီနေ့အချိန်ထိ
မြန်မာ့ ရိုးရာအရုပ်လုပ်ကိုင်သူတွေအတွက် ကံကောင်းခြင်းတွေ ယူဆောင်ပေးနေဆဲ
ဖြစ်ပါတယ်။

 လှိုင်ကျော်စိုး



ရှားပါးရွှေသမင်များ ကျက်စားရာ ရှိမ်းမကား ဘေးမဲ့တောကြီးတွင် ဒေသခံမုဆိုးများ ထောင်ချောက်ဆင် ဖမ်းဆီးမှုကြောင့် ရွှေသမင်များ သေဆုံးမှု ရှိနေ

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ၀က်လက်မြို့နယ်အတွင်းရှိ ရှားပါး ရွှေသမင်များ ကျက်စားရာ ရှိမ်းမကား ဘေးမဲ့တောကြီးတွင် ဒေသခံမုဆိုးများမှ ထောင်ချောက်ဆင် ဖမ်းဆီးမှုကြောင့် ရွှေသမင်များ သေဆုံးမှု ရှိနေကြောင်း ရွှေသမင်များအား အနီးကပ် ထိန်းသိမ်းစောင့်ရှောက်မှု ပြုနေသည့် တောရကြီးဆရာတော်ထံမှ သိရသည်။ ရှိမ်းမကား ဘေးမဲ့တောရကြီးနှင့် ရွှေသမင်များအား သက်ဆိုင်ဌာနများနှင့် တောရကြီးဆရာတော်မှ ထိန်းသိမ်းစောင့်ရှောက်မှု ပြုလုပ်လျက် ရှိသော်လည်း ဒေသခံမုဆိုးများ၏ ထောက်ချောက်ဆင် ဖမ်းဆီးမှုကြောင့် ဇွန်ဒုတိယပတ်နှင့် တတိယပတ်အတွင်းက ရွှေသမင်အထီးနှစ်ကောင် သေဆုံးမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

“ပြီးခဲ့တဲ့ နယုန်လပြည့်ကျော် ၈ ရက်က သမင်တစ်ကောင် သေတယ်။ ခြေထောက်မှာ ဘရိတ်ကြိုးနဲ့ငြိပြီး ဒဏ်ရာရသွားတဲ့အတွက် ဆေးကုပေးပေမယ့်လည်း သေသွားတယ်။ နောက် နယုန်လကုန်ပိုင်းက ကျောင်းနားက ရေကန်နားမှာ သမင်တစ်ကောင် အမောဆို့ပြီး သေနေတာ ကလေးတွေတွေ့လို့ ဆရာတော့်ကို လာပြောတာနဲ့ သွားကြည့်ခဲ့ရတယ်။ နှစ်ကောင်လုံး ထောင်ချောက်ဆင်ဖမ်းလို့ သေကြရတာပါ။ ဒီအနီးဝန်းကျင်ဒေသက မုဆိုးတွေဆင်ထားတဲ့ ထောက်ချောက်တွေကို ဆရာတော်ကိုယ်တိုင် လိုက်ဖြုတ်ခဲ့ရတယ်” ဟု ရှိမ်းမကား ဘေးမဲ့တောရကြီး ကျောင်းထိုင်ဆရာတော် ဦးဇနကက မိန့်ကြားသည်။

ရှိမ်းမကာ ဘေးမဲ့တောရကြီး အပါအ၀င် ရွှေသမင်များအား ထိန်းသိမ်းစောင့်ရှောက်မှုဆိုင်ရာ အသိပညာပေး ဆိုင်းဘုတ်များကို သက်ဆိုင်ရာ သစ်တောဌနမှ စိုက်ထူထားရှိပြီး ရွှေသမင်များအား သတ်ဖြတ်သူများကို အရေးသွားမည်ဟု ပြောဆိုထားရှိသော်လည်း လိုက်နာမှု အားနည်းနေကြောင်း သိရသည်။

“ရွှေသမင်တွေနဲ့ ပတ်သက်လို့ သစ်တောက ကွင်းဆင်းပြီး တိတိကျကျ မလုပ်ဘူး။ သမင်တွေကို မသတ်ဖို့၊ သတ်တဲ့သူကိုလည်း အစစ်အဆေးမရှိ အရေးယူသွားမယ်လို့ ၀န်ကြီးကိုယ်တိုင် ပြောထားပေမယ့်လည်း အခုလိုမျိုးဆက် ဖြစ်တယ်။ လွန်ခဲ့တဲ့ နှစ်နှစ်၊ သုံးနှစ်လောက်ကလည်း မြစ်ထဲခုန်ဆင်းပြီး ရေကူးမှားတဲ့အတွက် သေတာတွေလည်း ရှိခဲ့တယ်။ သမင်တွေ မျိုးမသုဉ်းဖို့အတွက် ဆရာတော်တို့အနေနဲ့ တောထဲမှာ ဆားပုပ်ခဲတွေချ၊ ပဲစင်းငုံခင်းတွေလုပ်ပေးပြီး စားကျက်မြေတွေ ဖန်တီးပေးရတယ်။ ရွှေသမင်တွေကို အားလုံးက ၀ိုင်းဝန်းထိန်းသိမ်းမှ ဖြစ်လိမ့်မယ်” ဟု ဆရာတော်ဦးဇနကက ဆက်လက်မိန့်ကြားသည်။

ရှိမ်းမကား ဘေးမဲ့တောကြီးသည် ၁၈၆၂ ခုနှစ်တွင် မင်းတုန်းမင်းတရားကြီးမှ စာချွန်တော်ထုတ်ပြန်၍ ဘေးမဲ့တောအဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး သက်တမ်းအနေဖြင့် နှစ် ၁၅၀ ကျော်ခဲ့ပြီ ဖြစ်ကြောင်း၊ တောရကြီးအတွင်း ရွှေသမင်အကောင်ရေ ၅၀ ခန့် ထိန်းသိမ်းစောင့်ရှောက်ထားရှိပြီး အပြည်ပြည်ဆိုင်ရာ ထိန်းသိမ်းမှုအဆင့် IUCN (Valnerub le.CITES:Appendix) အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရသော ရွှေသမင်များကျက်စားရာ ဒေသတစ်ခုဖြစ်ကြောင်း သိရသည်။

ဘေးမဲ့တောရကြီး အကျယ်အ၀န်းမှာ ၃၃၄ ဧကနှင့် စတုရန်းမိုင် ၀ ဒသမ ၅ မိုင် ကျယ်ဝန်းပြီး တောရကြီး နယ်နိမိတ်အဖြစ် အရှေ့ဘက်တွင် ဧရာဝတီမြစ်အစပ်၊ အနောက်ဘက်တွင် သဲဖြူရေထွက်ချောင်း၊ တောင်ဘက်တွင် ငါးရယ်ရွာ၊ မြောက်ဘက်တွင် ရှိမ်းမကားအထိ သတ်မှတ်ထားရှိကြောင်း သိရသည်။ 


 အောင်သူ



မြန်မာ့ဆင်များ ရေရှည် ထိန်းသိမ်းရေး နိုင်ငံတကာ အဖွဲ့များနှင့် ဆွေးနွေး

မြန်မာ့ဆင်များ ရေရှည်ထိန်းသိမ်းရေး လုပ်ငန်းစီမံချက် အတွက် အစိုးရ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီး ဌာနနှင့် ဆင်ထိန်းသိမ်းရေး ဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်းများ ဆွေးနွေးမှု ပြုလုပ်လျက်ရှိကြောင်း သိရသည်။ ယင်းစီမံချက် ရေးဆွဲနိုင်ရန်အတွက် အမေရိကန်နိုင်ငံ အခြေစိုက် WCS (Wildlife Conservation Society) အပါအဝင် ပြည်တွင်း၊ ပြည်ပ သားရဲတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့များနှင့် ၂၀၁၄ နှစ်ကုန်ပိုင်းက တကြိမ် ဆွေးနွေးခဲ့ပြီး ၂၀၁၅ ခုနှစ် နှစ်ကုန် ပိုင်းတွင် ဒုတိယအကြိမ် ထပ်မံ ဆွေးနွေးရန် စီစဉ်ထားပြီး ယင်းစီမံချက်ကို မည်သည့်အချိန် နောက်ဆုံးထား၍ အပြီးသတ် ရေးဆွဲရန်ကိုမူ မသတ်မှတ်ထားရသေးကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန သဘာဝ ဝန်းကျင်နှင့် သားငှက် တိရစ္ဆာန် ထိန်းသိမ်းရေးဌာနက ပြောသည်။


တရားမဝင် အမဲလိုက် သတ်ဖြတ်မှုများနှင့် သစ်တောပြုန်းတီးမှုများကြောင့် စားကျက်မြေများ ကျဉ်းမြောင်းလာပြီး ဆင်ကောင်ရေ လျော့နည်းလာခြင်း၊ နိုင်ငံတကာတွင် ဆင်စွယ်များ တရားမဝင် တင်ပို့ရောင်းချမှု များလာခြင်း၊ မြန်မာနိုင်ငံတွင် တောဆင်ကောင်ရေနှင့် အိမ်မွေးဆင်ကောင်ရေများ အချိုးမမျှတော့ခြင်းတို့ကြောင့် မြန်မာ့ဆင်များ ထိန်းသိမ်းရေး ရေရှည် လုပ်ငန်းစီမံချက်ကို ရေးဆွဲရန် စီစဉ်ခြင်း ဖြစ်ကြောင်း သဘာဝဝန်းကျင် နှင့် သားငှက် တိရစ္ဆာန် ထိန်းသိမ်းရေးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းနိုင်သော်က ဧရာဝတီကို ပြောပြသည်။

ဦးဝင်းနိုင်သော်က “မြန်မာနိုင်ငံမှာ တနေ့ထက်တနေ့ တောဆင်တွေ သတ်ဖြတ်ခံနေရတာ များလာတယ်။ ပြီးရင် တောဆင် ကောင် ရေနဲ့ အိမ်မွေးဆင်ကောင်ရေ အချိုးမမျှတဲ့ ကိစ္စတွေ ဖြစ်လာတယ်။ ဆင်နဲ့လူ ပဋ္ဋိပက္ခ ဖြစ်တာပေါ့။ ဆင် စားကျက်တွေ လျော့နည်း လာပြီးတော့ ဆင်နဲ့လူ ထိတွေ့မှုတွေ ဖြစ်လာတယ်။ ဒါတွေကို ဖြေလျှော့ရှင်းလင်းပေးနိုင်ဖို့ ဆင်ထိန်းသိမ်းရေး ရှေရှည် လုပ်ဆောင် သင့်တဲ့ စီမံချက်တခုကို ရေးဆွဲဖို့ လိုလာတယ်”ဟုလည်း ဧရာဝတီကို ပြောသည်။

ဆက်လက်၍ ဦးဝင်းနိုင်သော်က ယခုနှစ် ပွင့်လင်းရာသီမှ စတင်၍ မြန်မာတနိုင်ငံလုံး အတိုင်းအတာဖြင့် ကွင်းဆင်းလေ့လာမှုများ ပြုလုပ်ပြီး ရရှိလာသည့် အချက်အလက်များဖြင့် ယင်းစီမံချက် ရေးဆွဲနိုင်ရန် စီစဉ်သွားမည်ဟု ပြောဆိုသည်။

ယင်းစီမံချက်သည် အိမ်မွေးဆင်နှင့် တောဆင်ကျက်စားမှုနှင့် ပျံ့နှံ့မှု ဧရိယာများကို ဖော်ထုတ်နိုင်ရေး၊ နှစ်စဉ် တရားမဝင် ဆင်များ သတ်ဖြတ်ခံရခြင်း၊ အမဲလိုက်ခံရခြင်းနှင့် ရောင်းဝယ်ဖောက်ကားမှု အခြေအနေတို့ကို ဆန်းစစ်နိုင်ရေး၊ တောဆင်များအတွက် စားကျက်ကောင်းများ ပြန်လည်ရရှိနိုင်ရေး၊ အိမ်မွေးဆင် ပိုင်ဆိုင်မှုများကို မှတ်ပုံတင်နိုင်ရေးနှင့် မှတ်ပုံတင်ပြီးသား အိမ်မွေးဆင်များကို ပြန်လည် စစ်ဆေးနိုင်ရေးတို့ကို အဓိကထား ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း သိရှိရသည်။

အိမ်မွေးဆင်များ မှတ်ပုံတင်ခြင်းသည် တရားမဝင် ဆင်စွယ်ရောင်းဝယ်ဖောက်ကားမှုများကို ဖော်ထုတ်နိုင်ရေးအတွက် အရေးကြီးကြောင်း၊ ဆင်စွယ်ကို အသုံးပြု၍ ပန်းပုနှင့် လက်မှုလုပ်ငန်းများ လုပ်ကိုင်နေသော စက်ရုံ၊ အလုပ်ရုံများပါ မှတ်ပုံတင်ရန် လိုအပ်ပြီး နယ်မြေအေးချမ်းမှု မရှိသော ဒေသရှိဆင်များကို မှတ်ပုံတင်ရန် အခက်အခဲရှိကြောင်း ဦးဝင်းနိုင်သော်က ဖြည့်စွက်ပြောကြား သည်။

မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသော အိမ်မွေးဆင်ကောင်ရေ ၅၀၀၀ နီးပါးရှိပြီး တောရိုင်းဆင် ကောင်ရေ ၃၀၀၀ ခန့်ရှိကြောင်း၊ တောရိုင်းဆင်များသည် မှတ်ပုံတင်နိုင်ခြင်း မရှိဘဲ မြန်မာနိုင်ငံတွင် တောရိုင်းဆင်များကို ထိန်းသိမ်းထားသည့် ဘေးမဲ့တော ၇ ခု ရှိကြောင်း သဘာဝဝန်းကျင်နှင့် သားငှက် တိရစ္ဆာန် ထိန်းသိမ်းရေးဌာနမှ သိရှိရသည်။

ထိုင်းနိုင်ငံသို့ တရားမဝင် ဆင် ရောင်းဝယ်မှေု၏ ၆၀ ရာခိုင်နှုန်းသည် မြန်မာနိုင်ငံမှ အရင်းခံခြင်းဖြစ်ကြောင်း နိုင်ငံတကာ တောရိုင်း တိရစ္ဆာန် တရားမဝင် ရောင်းဝယ်မှု စောင့်ကြည့်ရေးအဖွဲ့ TRAFFIC ၏ ၂၀၁၄ ခုနှစ် ဇူလိုင်လက ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် ဆင်သည် လုံးဝ ကာကွယ်ထားသော တိရစ္ဆာန်စာရင်းတွင် ပါဝင်ပြီး တရားမဝင် ရောင်းဝယ်ပါက ပုဒ်မ ၃၇/က အရ အများဆုံး ပြစ်ဒဏ်အဖြစ် ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်နိုင်ကြောင်း သိရှိရသည်။


 တင်ထက်ပိုင်





ကမ္ဘာ့အမွေအနှစ်ဒေသစာရင်းဝင် တစ်နှစ်ပြည့်အထိမ်း အမှတ်လှုပ်ရှားမှု အချို့ မြို့ဟောင်းဇုန်နယ်မြေအလိုက် ပြုလုပ်

ကမ္ဘာ့အမွေ အနှစ်ဒေသစာရင်းဝင်တစ်နှစ်ပြည့် အထိမ်း အမှတ်အဖြစ် မြို့ဟောင်းဇုန် နယ်မြေအလိုက် အမှိုက်ကောက်ခြင်း၊ သန့်ရှင်းရေးလုပ်ခြင်း၊ ပြတိုက်အခမဲ့ ဖွင့်လှစ်ပြသခြင်းတွေကို ဇွန် ၂၂ ရက် ကလုပ်ဆောင်ခဲ့ကြောင်း ပျူမြို့ဟောင်း ယဉ်ကျေးမှုဇုန်များမှ သိရသည်။ အဆိုပါအထိမ်းအမှတ်အစီ အစဉ်များကို ယဉ်ကျေးမှုနယ်မြေ ဒေ သခံပြည်သူများ၊ ဇုန်နယ်မြေအလိုက် တာဝန်ရှိသူ များ၊ ရှေးဟောင်း ပညာ ကျောင်းများနှင့် အမွေအနှစ်ထိန်းသိမ်း ရေးအဖွဲ့အစည်းများ၊ Volunteer အားလုံးပူးပေါင်း လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။ ''ဟန်လင်းမှာရှိတဲ့ပြတိုက်က တနင်္လာနေ့ဆိုပိတ်တယ်။ ဒါပေမဲ့အ ထိမ်းအမှတ် အနေနဲ့ ဖွင့်ပြခဲ့တယ်။ သန့်ရှင်းရေးအနေနဲ့ ချုံနွယ် ပိတ်ပေါင်း တွေကိုလဲ ရှင်းတယ်။ အမှိုက်တွေလဲ ကောက်တယ်။ အဖွဲ့အစည်းတွေ အ ကုန်လုံးပူးပေါင်းပြီး Volunteer လုပ် ဆောင်ခဲ့ကြ တာပါ''ဟုဟန်လင်းရှေး ဟောင်းယဉ်ကျေးမှုဇုန်မှ ဦးမြင့်သန်း ကဆိုသည်။

သရေခေတ္တရာယဉ်ကျေးမှုဇုန် ၌ တစ်နှစ်ပြည့်အထိမ်းအမှတ် အဖြစ် ဘောဘောကြီး ဘုရားပတ်ဝန်းကျင် အမှိုက်ကောက်ခြင်း၊ ဘုရားကိုသန့် ရှင်းရေးပြုလုပ်ခြင်းများ ဆောင်ရွက် ခဲ့ပြီး ဗိဿ နိုးမြို့ဟောင်း တွင်လည်း ဘုန်းတော်ကြီးများကို အရုဏ်ဆွမ်းကပ် လှူဒါန်းခြင်း၊ ဇုန်နယ်မြေအတွင်း အ မှိုက်ကောက်သန့်ရှင်းရေးပြုလုပ်ခြင်း များလုပ်ဆောင် ခဲ့ကြောင်းနှင့် ဟန် လင်းယဉ်ကျေးမှုဇုန် ၌လည်း ပြတိုက် ပိတ်ရက်ကို မပိတ်ဘဲအခမဲ့ဝင်ကြေး ဖြင့် ဖွင့်လှစ်ပြသခဲ့ခြင်း၊ ရွှေဂူကြီး ဘုရားပတ်ဝန်း ကျင်သန့်ရှင်းရေးပြု လုပ်ခြင်း၊ ကျောက်စာရုံပတ်ဝန်းကျင် ကိုလည်း အမှိုက်ကောက် သန့်ရှင်းရေး လုပ်ခြင်းနှင့် Logo ကျောက်တိုင်ပတ် ဝန်းကျင်ကို လည်း အမှိုက်ကောက် ခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟန်လင်း၊ ဗိဿ နိုး၊ သရေခေတ္တ ရာမြို့ဟောင်းများမှာ ပြီးခဲ့သည့် ၂၀၁၄ ဇူလိုင် ၂၂ ရက်၌ ကမ္ဘာ့အမွေ အနှစ်ဒေသစာရင်း ဝင်အဖြစ် အသိ အမှတ်ပြုခံခဲ့ရကာ ယခုနှစ် ၂၀၁၅ ခုနှစ် ဇွန် ၂၂ ရက်က တစ်နှစ်ပြည့် မြောက်ပြီဖြစ်သောကြောင့် အထိမ်း အမှတ် အစီအစဉ်များကို ယဉ် ကျေးမှုဇုန်အလိုက် ပြုလပ်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။




ရခိုင်ဝေသာလီခေတ်က ရေးထိုးခဲ့သော နှစ် ၁ဝဝဝ ကျော်သက်တမ်းရှိ ကျောက်စာနှစ်ချပ်ကို သံတွဲမြို့ မဟာအောင်မြေဘုန်းတော်ကြီးကျောင်းတွင် ထိန်းသိမ်းထား

ရခိုင်ဝေသာလီ ခေတ်ကရေးထိုးခဲ့သော နှစ် ၁ဝဝဝ ကျော်သက်တမ်းရှိ ကျောက်စာ နှစ်ချပ်ကို သံတွဲမြို့၊ အံတော်ရွာရှိ မ ဟာအောင်မြေဘုန်းတော်ကြီးကျောင်း တွင်ထိန်းသိမ်းထားကြောင်း သိရသည်။ ယင်းကျောက်စာများမှာ အေ ဒီလေးရာစုနှင့် ကိုးရာစုတွင်ရှိခဲ့ သည့် ဝေသာလီခေတ်မင်းများဖြစ်သော သီရိစန္ဒြားမင်းနှင့်စူဠစန္ဒြားမင်းနှစ် ဆက်မှရေးထိုးခဲ့သော ကျောက်စာ များဖြစ်ပြီး သံတွဲမြို့ရှိရှေးဟောင်း စေတီဖြစ်သော ဗျာဒိတ်တော်ရရွှေ အံတော်စေတီနှင့် စန္ဒြားတောင် စေတီတော်တို့တွင် ဌာပနာထားခဲ့ ခြင်းဖြစ်ကြောင်း ယင်းကျောက်စာ များကိုထိန်းသိမ်းထားသည့် ရခိုင် သမိုင်းသုတေသီ ဆရာတော် ဦးကော သလ္လ၏မိန့်ကြားချက်အရ သိရသည်။

''ဒီကျောက်စာတွေကို ဆရာ တော်ထိန်းသိမ်းလာတာနှစ်ပေါင်း သုံးဆယ်ရှိပြီ။ တစ်ချပ်ကစေတီ တော်ကို ပြန်ပြုပြင်ရာကတွေ့ခဲ့တယ်။နောက်တစ်ချပ်က စေတီတော်တံ တိုင်းနားမှာ သန့်ရှင်းရေးလုပ်ရင်း နဲ့တွေ့ခဲ့ရတယ်။ ကျောက်စာမှာ ရေး ထားတာက အရှင်အဿဇိဟောကြား တဲ့ တရားဂါထာကိုရေးထိုးထားတာ ပေါ့။ ဒီကျောက်စာတွေမှာ ရေးထိုး ထားတဲ့ ဗြဟ္မီအက္ခရာတွေကို လေ့ လာနိုင်တယ်။ အဲ့ဒီခေတ်ကသုံးစွဲ ခဲ့တဲ့အက္ခရာစာပေကို သိရှိနိုင်သလို အခုသုံးစွဲနေတဲ့အက္ခရာတွေရဲ့ အ ရင်းအမြစ်ကိုသိနိုင်တယ်။ နောက် ပျူခေတ်ကျောက်စာတွေနဲ့ဆိုရင် အက္ခရာတွေတူပြီး ရေးထုံးရေးနည်း တွေကွာခြားတာကိုတွေ့ရတယ်''ဟု ဆရာတော်က ဆက်လက်မိန့်သည်။

ဆရာတော်မှာ ယင်းကျောက် စာများကိုရှေးဟောင်းသုတေသန ဌာနသို့အပ်နှံမည်မဟုတ်ဘဲ ¤င်းသာ ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ် ပြီး လေ့လာလိုသူများလာရောက် လေ့လာနိုင်သလို စာတမ်းပြုစုသူများ နှင့်ရှေးဟောင်းသုတေသနပညာ ရှင်တို့မှ လာရောက်လေ့လာမှုများ ရှိနေကြောင်း သိရသည်။

''ဒီကျောက်စာတွေကို လာ ရောက်လေ့လာလို့ရတယ်။ ရှေးသု ကိုတော့မအပ်ဘူး။ ပြတိုက်ထဲကို ရောက်သွားရင် သေသလိုဖြစ်သွား တဲ့အတွက် ဆရာတော်ကိုယ်တိုင် ပဲထိန်းသိမ်းထားတယ်။ လာပြီးလေ့ လာချင်တဲ့သူတွေ လာလေ့လာနိုင် တယ်''ဟု ဆရာတော်က မိန့်သည်။

ကျောက်စာများကို မြောက်ဦး ရှေးဟောင်းသုတေသနဌာနစိတ်မှ သွားရောက်လေ့လာခဲ့ပြီးဖြစ်ကာ လက်ရှိထိန်းသိမ်းထားသည့်ပုံစံအ တိုင်းသာ ထားရှိသွားမည်ဖြစ်ပြီးနေ ပြည်တော်ယဉ်ကျေးမှုဝန်ကြီးဌာန သို့ အစီရင်ခံစာတင်ပြ၍ ကျောက် စာများကို စာရင်းပြုစုထားမည်ဖြစ် ကြောင်းမြောက်ဦးရှေးဟောင်းသု တေသနဌာနစိတ်မှ ဦးစီးအရာရှိ ဦးဆန်းဝင်းက ပြောသည်။

''ကျွန်တော်တို့သွားလေ့လာပြီး မှတ်တမ်းတင်ထားတယ်။ ကျောက် စာတွေနဲ့ပတ်သက်ပြီးလဲ ယူဆောင် ဖို့ သိမ်းဆည်းဖို့တစ်စုံတစ်ရာမရှိပါ ဘူး။ တွေ့တဲ့နေရာမှာ ထိန်းသိမ်း ထားတာပိုကောင်းပါတယ်။ နောက် ဒီလိုစိတ်ဝင်တစားနဲ့စုဆောင်း သိမ်း ဆည်းပေးထားတဲ့အတွက်လဲ ဝမ်း သာတယ်။ အရေအတွက်များလာ ရင်ပြတိုက်လေးတစ်ခုအနေနဲ့လုပ် လို့ရပါတယ်''ဟု ယင်းက ဆက်လက် ပြောသည်။

ယင်းကျောက်စာနှစ်ချပ်တွင် တစ်ချပ်မှာ ပျက်စီးနေကာ ကျောက် စာပါအက္ခရာများနှင့်ပတ်သက်ပြီး ဆရာတော်မှာ ရခိုင်စာပေခရီးဆို သည့်စာအုပ်ကို ရေးသားထုတ်ဝေခဲ့ သလို ရှေးအက္ခရာအသုံးအနှုန်းများ ကိုလေ့လာရန်အတွက် အလွန်တန်ဖိုး ရှိသော ကျောက်စာချပ်များလည်း ဖြစ်ကြောင်း သိရသည်။



ရုပ်သေးရုပ်များ ၀ယ်ယူသူ နည်းပါးသော်လည်း လုပ်ငန်း ပြတ်လပ်မှုမရှိ လုပ်ကိုင်နေ

ရုပ်သေးရုပ် ပြုလုပ်သည့် ပန်းပုထုသူများ၊ ဆေးရောင်ခြယ်သူများ၊ အဝတ် အထည်ချုပ်သူများနှင့် တပ်ဆင်သည့် လုပ်ငန်း လုပ်ကိုင်သူများ အဝယ် နည်းပါးသော်လည်း လုပ်ငန်းမပြတ်လုပ်ကိုင်နေရကြောင်း သိရသည်။ ရုပ်သေးရုပ်များကို ပြည်တွင်းရော ပြည်ပမှာပါ ဝယ်ယူအားပေးကြပြီး နိုင်ငံခြားသား ဝင်ရောက်မှုနည်းချိန်တွင် တစ်လ ရုပ်သေးရုပ် ၁ဝ ရုပ်ခန့်သာ ရောင်းချရပြီး နိုင်ငံခြားသား အလာများသည့် ရာသီတွင် တစ်လလျှင် ရုပ်သေး ရုပ် ၄ဝ မှ ၅ဝ ခန့်အထိ ရောင်းချရကြောင်း၊ ရုပ်သေး ရုပ်ထုလုပ်သည့် ပန်းပုဆရာ အရေအတွက် နည်းပါးသဖြင့် ရောင်းကောင်းချိန်တွင် ရောင်းစရာရှိရန် ကြိုတင်၍ လုပ်ဆောင်ထားခြင်း ဖြစ်ကြောင်း ရုပ်သေးရုပ်ထုသည့် ပန်းပုဆရာ တစ်ဦးက ပြောသည်။

ရုပ်သေးရုပ်ပြုလုပ်ရာတွင် မျက်နှာ၊ ခြေ၊ လက် ထုလုပ်သည့် ပန်းပုဆရာ၊ ခန္ဓာကိုယ်အတွင်းပိုင်း ပန်းပုဆရာ၊ ဆေးခြယ်သူ၊ အထည်ချုပ်သူ၊ ရွှေချည် ထိုးသူနှင့် အရုပ်တွဲဆက်သူစသည့် အဆင့်များပါဝင်ပြီး အရုပ်တစ်ရုပ် ပြုလုပ်ရန် ခြောက်ရက်ခန့် ကြာမြင့်ကြောင်း ရုပ်သေးပွဲများ နေ့စဉ်ကပြပြီး ရုပ်သေးရုပ် များ ရောင်းချသည့် မန္တလေးမြို့ Myanmar Marionettes ရုပ်သေးသဘင်မှ ဦးသိန်းလွင်က ပြောသည်။

ရှေးရိုးရုပ်သေးသဘင်တွင် သိကြားမင်း၊ ဘုရင်၊ မင်းသား၊ မင်းသမီး၊ လူရွှင်တော်၊ ဘုန်းကြီး၊ ဇော်ဂျီ၊ ဘီလူး၊ မြင်း၊ နဂါး၊ ဂဠုန် အစရှိသည့် ရုပ်သေး ရုပ် ၃၆ ရုပ် ပါဝင်ပြီး အခြားသော ဇာတ်ကောင်များနှင့် ပြုလုပ်ကပြလိုပါကလည်း ကြိုးဆွဲကပြနိုင်သည့် ရုပ်သေးရုပ် အဖြစ် ပြုလုပ်ပေးနိုင်ကြောင်း ဦးရွှေရိုး၊ ဒေါ်မိုးကဲ့သို့ ထင်ရှားသည့် ဇာတ်ကောင် ရုပ်သေးရုပ်များကိုလည်း ဈေးကွက်တွင် တွေ့ရှိနိုင်ပြီး ယခုနှစ်တွင် ခြင်းဝိုင်းခတ် ကစားသည့် ရုပ်သေးရုပ်များဖြင့် ဒူး၊ ခြေခွင်၊ ခြေဖျားများနှင့် ကြိုးဆွဲကာ ခတ်ကစားပြနိုင်သော ရုပ်သေးခြင်း ဝိုင်းကို ဈေးကွက်တင် ရောင်းချသွားမည် ဖြစ်ကြောင်းMyanmar Marionettes ရုပ်သေးသဘင်မှ သိရသည်။

ရုပ်သေးရုပ် ထုလုပ်ရာတွင် ပန်းပုဆရာတစ်ဦးနှင့် တစ်ဦး မျက်နှာဟန်ပန်များ ကွဲပြားကြသော်လည်း ခန္ဓာကိုယ် အစိတ်အပိုင်းများ ထုလုပ်ရာတွင် မူအတိုင်းသာ ဆောင်ရွက်ကြရသည်။ ရှေးမူအရ ဘုရင်ရုပ်ကို ဧကရာဇ်သား၊ မိဖုရား၊ မင်းသား၊ မင်းသမီးနှင့် နတ်ကတော် ရုပ်များကို ယမနေသား၊ ရုက္ခစိုးရုပ်ကို ကုက္ကိုသား အစရှိသည်နှင့် ပြုလုပ်ရန် အစဉ်အလာ ရှိခဲ့သော်လည်း ယခုအခါတွင် ခိုင်ခံ့မှုရှိပြီး ကြာရှည်ခံသော ကျွန်းသားနှင့်သာ ပြုလုပ် ကြကြောင်း၊ ယမနေသားမှာ ပန်းပုထုရန် အကောင်းဆုံး ဖြစ်သော်လည်း ရှားပါး သဖြင့် ယမနေသားကို အသုံးမပြုနိုင်ကြောင်း ရုပ်သေးရုပ်ထုသည့် ပန်းပုဆရာ တစ်ဦးက ပြောသည်။

ရောင်းချရာတွင် ရုပ်သေးရုပ်တစ်ရုပ်လျှင် နိုင်ငံခြားသားဆိုပါက ငွေကျပ် ရှစ်သောင်းခန့်နှင့် ရောင်းချပြီး မြန်မာနိုင်ငံသားဆိုက ငွေကျပ် ခြောက်သောင်းနှင့် ရောင်းချကြောင်း၊ အဆိုပါ ရုပ်သေးများသည် စင်ပေါ်တွင်ကပြသည့် အရွယ်အစား ဖြစ်ကြောင်း၊ စင်ပေါ်တွင် ကပြဖျော်ဖြေသည့် ရုပ်သေးရုပ်များ နည်းတူ ကြိုးဆွဲကပြနိုင်ကြောင်း၊ ရုပ်သေးရုပ်များ ပြုလုပ် ရောင်းချသူများလည်း ရှိကြောင်း၊ အများဆုံး ရောင်းချရသည့် ရုပ်သေးရုပ်မှာ သိကြားမင်း ရုပ်ဖြစ်ပြီး ဘီလူး၊ မင်းသား၊ မင်းသမီးနှင့် ဘုန်းကြီးရုပ်များလည်း ရောင်းကောင်းကြောင်း သိရသည်။






ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ်အတွင်း ကျောက်ခေတ်ဦးလက်ရာဟု ယူဆရသည့် ကျောက်လက်နက်များနှင့် နံရံဆေးရေးပန်းချီ လက်ရာများ ရှာဖွေတွေ့ရှိထားမှုအပေါ် ဆက်လက်လေ့လာမည်




ကျောက်ခေတ်ဦး ယဉ်ကျေးမှုလက်ရာများဖြစ်သည့် ကျောက်လက်နက်များနှင့် နံရံဆေးရေးပန်းချီများကို ရှမ်းပြည်နယ် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ် ကမ်းပါးနီကျေးရွာ၏ မြောက်ဘက် နှစ်မိုင်ကျော်ခန့် အကွာရှိ ပဲဒွေးတောင်ပေါ်၌ တွေ့ရှိ ခဲ့ပြီး ကျောက်ခေတ် အထောက်အထားများအား ဆက်လက်လေ့လာ တူးဖော်မှုများပြု လုပ်သွားမည်ဖြစ်ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဇွန် ၁၅ ရက်က မန္တလေးမြို့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ ကျောက်ခေတ်ဦး လက်ရာများ ရှာဖွေတွေ့ရှိရာ ဒေသသည် ပြဒါးလင်းဂူ (၁၉၆၁ ခုနှစ်အတွင်းက ကျောက်ခေတ်ဦးလက်ရာများ တွေ့ရှိခဲ့သည်) ၏ အနောက်တောင်ဘက် ခုနစ်မိုင်ခန့်အကွာ ပဲဒွေးတောင်ပေါ်ရှိ ဒေသအခေါ် မြခနောက်(ခ)မြခနောက် ကျောက်မိုးပြင်ပေါ်တွင် နံရံဆေးရေးပန်းချီများကို ရေးဆွဲထားပြီး အနီးဝန်းကျင်မှ ကျောက်လက်နက်များ ရှာဖွေတွေ့ရှိခဲ့ကြကြောင်း သိရသည်။

မြန်မာနိုင်ငံ နေရာအနှံ့တွင် ကျောက်ခေတ်နှင့် ပတ်သက်သည့် ယဉ်ကျေးမှုများ ရှာဖွေတွေ့ရှိရသော်လည်း ကျောက်ခေတ်နှောင်း ယဉ်ကျေးမှုများသာ တွေ့ရှိရကြောင်း၊ ကျောက်ခေတ်ဦး ယဉ်ကျေးမှုမှာ တွေ့ရှိမှုနည်းပါးကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနက သုံးသပ်ထားသည်။

“ကျွန်တော်တို့ အသစ်ထပ်မံတွေ့ရှိ ထားတဲ့ ကမ်းပါးနီကျေးရွာအနီးက ကျောက်နံရံဆေးရေးပန်းချီတွေ ရှိတဲ့နေရာကို ဥပဒေနဲ့အညီ ထိန်းသိမ်းကာကွယ် စောင့်ရှောက်သွားမယ်။ သုတေသနပြုလုပ်ပြီး ယခင်တွေ့ရှိထားမှုတွေနဲ့ နှိုင်းယှဉ်လေ့လာမှုတွေ ပြုလုပ်မယ်။ သက်ဆိုင်ရာ ကျွမ်းကျင်တဲ့ ပညာရှင်တွေနဲ့အတူ ထပ်မံပြီးတော့ တူးဖော်လေ့လာမှုတွေ ဆက်ပြီးလုပ်ဆောင်သွားမှာပါ” ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်က ပြောကြားသည်။

အသစ်ထပ်မံ တွေ့ရှိခဲ့သည့် ကျောက်ခေတ်ဦးလက်ရာများ တည်ရှိရာနေရာကို ထပ်မံလေ့လာ ရှာဖွေမှုများအား ယခုနှစ် ဆောင်းရာသီတွင် စတင်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျောက်ခေတ်ဦး လက်ရာများ ထပ်မံတွေ့ရှိခဲ့ရာ ပဲဒွေးတောင်ပေါ်ရှိ ဒေသအခေါ် မြခနောက် (ခ) မြခနောက် ကျောက်မိုးပြင်ပေါ်တွင် ရေးဆွဲထားသည့် နံရံဆေးရေးပန်းချီများကို ယဉ်ကျေးမှုဝန်ကြီးဌာနမှ လက်ရှိအချိန်၌ ကနဦးစမ်းသပ် လေ့လာမှုများ ပြုလုပ်လျက်ရှိပြီး ပန်းချီလက်ရာများကို ဓာတုဗေဒ နည်းစနစ်များဖြင့် ပြန်လည်သန့်စင်မှုများလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျောက်ခေတ်ဦးလက်ရာများ တွေ့ရှိခဲ့ရာ ကျောက်ဂူနံရံများပေါ်တွင် လာရောက်လေ့လာသူအချို့က အမှတ်တရစာသားများ ရေးသားထားခြင်းကို ယဉ်ကျေးမှုဝန်ကြီးဌာနမှ သတိပေးစာများ ထုတ်ပြန်ပြီး ဥပဒေကြောင်းအရ အရေးယူမှုများပါ ပြုလုပ်သွားမည်ဖြစ်ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာနမှ သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။ 

ကျောက်ခေတ်ဦး ယဉ်ကျေးမှုလက်ရာများ တွေ့ရှိခဲ့ရာ ကျောက်နံရံများပေါ်၌ ရေးဆွဲထားသည့် နံရံဆေးရေးပန်းချီ လက်ရာများအား အမှတ် (၁)၊ (၂)၊ (၃) ဟူ၍ ခွဲခြားလေ့လာခဲ့ကြောင်း သိရသည်။

မြခနောက်ကျောက် မိုးပြင်ပေါ်တွင်ရေးဆွဲထားသည့် နံရံဆေးရေး ပန်းချီလက်ရာများ မှာ အနီရောင်ဆေးဖြင့်  နှစ်ထပ်ရေးဆွဲထားပြီး အချို့နံရံဆေးရေးပန်းချီများမှာ ပြဒါးလင်းဂူမှ အရုပ်ပုံစံများဖြင့် ဆင်တူနေကြောင်းနှင့် တွေ့ရှိရာဒေသမှာလည်း ပြဒါးလင်းဂူနှင့် ခုနစ်မိုင်ခန့်သာ ကွာဝေးနေခြင်းကြောင့် ကျောက်ခေတ်ကာလအတွင်း ကျောက်ခေတ် လူသားများ ကူးလူးဆက်ဆံမှုများ ရှိနိုင်ကြောင်း သွားရောက်လေ့လာမှုများ ပြုလုပ်ခဲ့သည့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ) ရှိ ရှေးဟောင်းပစ္စည်း တူးဖော်ထိန်းသိမ်းရေးနှင့် ကမ္ပည်းကျောက်စာဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က သုံးသပ်ထားသည်။ ထို့ပြင် တွေ့ရှိထားသည့် ကျောက်ခတ်ဦးနံရံဆေးရေး ပန်းချီလက်ရာများမှာ ကျောက်ခတ်လူတို့ နေထိုင်ခဲ့သည့် ဂူများအတွင်း ရေးဆွဲထားခြင်း မဟုတ်ဘဲ နားနေရာ ကျောက်ပြားများပေါ်တွင် ရေးဆွဲထားခြင်းကြောင့် အနီးဝန်းကျင်တွင် ကျောက်ခေတ်လူသားများ နေထိုင်ခဲ့ရာ ဂူများရှိနေနိုင်သေးကြောင်း အဆိုပါ လေ့လာသုံးသပ် ထားချက်များအရ သိရသည်။

အဆိုပါ ကျောက်ခေတ်ဦး လက်ရာနံရံ ဆေးရေးပန်းချီ လက်ရာများကို မြစ်သားမြို့နယ် တောတွင်းကျေးရွာမှ ရွာသား ဦးဝင်းဗိုလ်က လွန်ခဲ့သည့် သီတင်းပတ်အတွင်းက ရွာငံမြို့နယ်အတွင်းရှိ ကမ်းပါးနီကျေးရွာအနီး ကျောက်နံရံတွင် အရုပ်များ ရေးသားထားသည်ကို တွေ့ရှိခဲ့ကြောင်း သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ကြောင်း သိရသည်။

ကျောက်ခေတ်နံရံ ဆေးရေးပန်းချီများ တွေ့ရှိခဲ့ရာ အမှတ် (၁) တွင် အမြင့် ၂၂ ပေ၊ အကျယ် ၃၉ ပေရှိ ကျောက်နံရံ၌ ဆင်ရုပ်တစ်ရုပ်၊ လက်ဝါးပုံ နှစ်ရုပ်နှင့် ပျက်နေသော အရုပ်တစ်ရုပ် စုစုပေါင်း လေးရုပ်ဖြစ်ပြီး ဆေးရောင်မှာ နီညိုရောင်များဖြင့် ရေးဆွဲထားပြီး ရာသီဥတုဒဏ်များကြောင့် မှေးမှိန်နေကြောင်း သိရသည်။
နံရံဆေးရေးပန်းချီ အမှတ် (၂) တွင် အမှတ် (၁) ကျောက်တုံး၏ အရှေ့ဘက် ပေ ၅၀ အကွာ၌တည်ရှိပြီး မြွေတစ်ကောင် ပါးပြင်းထောင်နေသည့် ပုံသဏ္ဌာန်ဖြစ်ပြီး တိရ စ္ဆာန်ပုံ တစ်ပုံ၊ လက်ဝါးပုံ သုံးပုံနှင့် မသဲကွဲ သောပုံ နှစ်ပုံကို တွေ့ရှိရကြောင်းသိရပြီး တိရစ္ဆာန်တစ်ကောင်၏ပုံမှာ ပြဒါးလင်းဂူမှ နွားတစ်ကောက်၏ ပုံသဏ္ဌာန်နှင့် တူညီကြောင်း သုံးသပ်ထားသည်။

အဆိုပါ အမှတ် (၂) တွင် ဒေသခံများ နားနေခြင်း၊ မီးဖိုခြင်းတို့ကြောင့် ကျောက်နံရံမှာ မီးခိုးများဖြင့် ဖုံးလွှမ်းနေကြောင်း သိရသည်။

နောက်ဆုံး အမှတ် (၃) ကျောက်တုံးတွင် အရုပ်ပုံတစ်ခုသာ တွေ့ရှိရကြောင်းနှင့် ကျောက်တုံးများ၏ အနီးတွင်လည်း ကျောက်လက်နက်များပါ ထပ်မံတွေ့ရှိခဲ့ရကြောင်း သိရသည်။

 ဌေးလှအောင်




ပြဒါးလင်းဂူ ထိန်းသိမ်းရေး လုပ်ငန်းများ လုပ်ဆောင်ရန် လေ့လာမှုများ ပြုလုပ်


ရှမ်းပြည်နယ် (တောင်ပိုင်း) ရွာငံမြို့နယ်ရှိ ကျောက်ခေတ် နံရံဆေးရေးပန်းချီများနှင့် ကျောက်ခေတ် အသုံးအဆောင် ပစ္စည်းများ တွေ့ရှိရာ ပြဒါးလင်းဂူကို ထိန်းသိမ်းရေး လုပ်ငန်းများ လုပ်ဆောင်ရန် ယမန် နေ့က သွားရောက် လေ့လာမှုများ ပြုလုပ်ခဲ့ကြောင်း ရှေးဟောင်းသုတေသန အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာနမှ သိရသည်။ ပြဒါးလင်းဂူသည် မြန်မာ့ ပထမဆုံး ကျောက်ခေတ် ပန်းချီများ တွေ့ရှိရာ ဂူတစ်လုံး ဖြစ်ပြီး ၁၉၆၁ ခုနှစ်တွင် ဘူမိဗေဒ ပညာရှင် တစ်ဦးက စတင် တွေ့ရှိခဲ့ကာ ၁၉၆၈ ခုနှစ် တွင် ရှေးဟောင်း သုတေသန အဖွဲ့များ၊ တက္ကသိုလ်မှ ဘူမိဗေဒ ပညာရှင်များနှင့် သတ္တဗေဒ ပညာရှင်များက လေ့လာမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ပြဒါးလင်းဂူနှင့် ပတ်သက်၍ ဘူမိဗေဒ ပညာရှင်များက ဆက်စပ်ဂူများကို ဂူအမှတ်(၁)နှင့် ဂူအမှတ်(၂) ဟူ၍ နှစ်ပိုင်း ခွဲခြားထားပြီး ဂူအမှတ်(၂)မှာ ဂူအမှတ်(၁)ထက် ပိုကြီးသောဂူ ဖြစ်သည်။ သုတေသီများက ပြဒါးလင်းဂူ အတွင်း လေ့လာခဲ့ရာ ဂူအတွင်းပိုင်း မျက်နှာပြင် များပေါ်တွင် ရေးဆွဲထားသည့် အနီရင့်ရောင် လူသားတို့၏ လက်ဝါးရာများ၊ နွားငယ်ရုပ်ပုံများ၊ နေထွက်သည့် ပုံများ၊ တိရစ္ဆာန်တို့၏ အရိုး အပိုင်းအစများ၊ မီးသွေးခဲများ၊ ခရုခွံများနှင့် ကျောက်လက်နက်များ ကိုပါ တွေ့ရှိခဲ့ကြောင်း သိရသည်။ အဆိုပါ တွေ့ရှိခဲ့သော တိရစ္ဆာန်အရိုး အပိုင်းအစများ၊ မီးသွေးခဲများကို နယူးဇီလန် နိုင်ငံရှိ Necular Scientific Research Institute သို့ ပို့၍ carbon dating နည်းအရ စမ်းသပ် စစ်ဆေးခဲ့ရာ ကျောက်ခေတ်သစ် ကာလမှ ဂူတစ်ခု ဖြစ်ကြောင်းနှင့် ပြဒါးလင်းဂူ၏ သက်တမ်းမှာ နှစ်ပေါင်း ၁၃ဝဝဝ ရှိပြီ ဖြစ်ကြောင်း သိရသည်။

 ရွှေတည်



ကျောက်ခေတ်ဦးလူသားများ နေထိုင်ခဲ့ရာ ပြဒါးလင်းဂူနှင့် ထပ်မံတွေ့ရှိသည့် ကျောက်ခေတ်နံရံဆေးရေးပန်းချီများရှိရာ ကမ်းပါးနီဒေသအား ရှေးဟောင်းယဉ်ကျေးမှုဇုန် နယ်မြေတစ်ခုအဖြစ် သတ်မှတ်သွားရန်ရှိကြောင်း သိရ

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးခရိုင် ရွာငံမြို့နယ် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ လွန်ခဲ့သော နှစ်ပေါင်း ၁၃၀၀၀ ကျော်က ကျောက်ခတ်ဦး လူသားများ နေထိုင်ခဲ့ရာ ပြဒါးလင်းဂူနှင့် အသစ်ထပ်မံတွေ့ရှိထားသည့် ကမ်းပါးနီ ကျောက်ခေတ်နံရံပန်းချီများ တည်ရှိရာဒေသကို ရှေးဟောင်းယဉ်ကျေးမှုဇုန် နယ်မြေတစ်ခုအဖြစ် သတ်မှတ်ပြီး ပြည်တွင်းပြည်ပ ခရီးသွားများကို ဆွဲဆောင်သွားရန် စီစဉ်ထားကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာနမှ သိရသည်။

ကျောက်ခေတ်ဦးလူသားများ နေထိုင်ခဲ့ရာ ပြဒါးလင်းဂူနှင့် အသစ်ထပ်မံတွေ့ရှိထားသည့် ကမ်းပါးနီကျောက်ခေတ်ဦး ယဉ်ကျေးမှုနံရံဆေးရေး ပန်းချီများ တည်ရှိရာဒေသကို စည်းကမ်းညွှန်ကြားချက်များ၊ ဥပဒေများနှင့်အညီ (လက်ရှိ လွှတ်တော်တွင် တင်သွင်းထားဆဲဖြစ်သည့် ရှေးဟောင်းအဆောက်အအုံများ၊ ကာကွယ်ထိန်းသိမ်းရေး ဥပဒေနှင့် ရှေးဟောင်းဝတ္ထုပစ္စည်းများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေ) ကာကွယ်ထိန်းသိမ်းမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ယဉ်ကျေးမှုဝန်ကြီး ဦးအေးမြင့်ကြူက ပြောကြားသည်။

“ပြဒါးလင်းဂူ အပါအ၀င် အသစ်ထပ်မံတွေ့ရှိထားတဲ့ ကမ်းပါးနီက ကျောက်ခေတ်နံရံဆေးရေးပန်းချီရှိရာ ဒေသတွေကို စနစ်တကျပြုပြင် ထိန်းသိမ်းမှုတွေ လုပ်ဆောင်သွားမယ်။ လက်ရှိ လွှတ်တော်ကို ယဉ်ကျေးမှုနဲ့ ပတ်သက်တဲ့ ဥပဒေနှစ်ခု တင်ထားတယ်။ အဲဒီဥပဒေ အတည်ပြုပြီးသွားရင် ဥပဒေပါအတိုင်း တိတိကျကျ လုပ်ဆောင်သွားမယ်။ ပြဒါးလင်းဂူဆိုတာက သမိုင်းတန်ဖိုး အလွန်ကြီးမားတဲ့ နေရာတစ်ခုပါ။ ကျွန်တော်တို့ ဘိုးဘွားတွေရဲ့ အမွေအနှစ်တွေ သမိုင်းတန်ဖိုးဖြတ်လို့ မရပါဘူး။ ဒီနေရာဒေသတွေမှာ လူသားမျိုးနွယ်စုတွေ အတူတကွ နေထိုင်သွားကြတယ်ဆိုတော့ ဟိုးလွန်ခဲ့သော နှစ်ပေါင်းများစွာက ဒီနေရာဟာ ငြိမ်းချမ်းတဲ့နေရာတစ်ခု ဖြစ်ခဲ့တယ်ဆိုတာ အသေအချာပါ။ ဒီနေရာတွေကို ဇုန်နယ်မြေတစ်ခုအဖြစ် သတ်မှတ်သွားဖို့ စီစဉ်နေပါတယ်။ ဇုန်နယ်မြေ တစ်ခုအဖြစ် သတ်မှတ်လိုက်ရင် ဟိုတယ်လို အဆောက်အအုံ ဆောက်ခွင့်ပြုလို့ မရပါဘူး။ သူ့ရဲ့ မူလတည်ရှိနေတဲ့ သဘာဝအတိုင်း ထိန်းသိမ်းသွားနိုင်ဖို့ လုပ်ဆောင်သွားမယ်” ဟု ၎င်းက ပြောကြားသည်။

ကျောက်ခေတ်ဦးလူသားများ နေထိုင်ခဲ့ကြရာ ပြဒါးလင်းဂူနှင့် အသစ်ထပ်မံတွေ့ရှိခဲ့ရာ ကမ်းပါးနီကျေးရွာအနီးမှ ကျောက်ခေတ်နံရံဆေးရေး ပန်းချီများရှိရာ ကျောက်နံရံများပေါ်၌ အမှတ်တရစာသားများ ရေးသားနေမှုများမှာ မူလရှေးဟောင်း ယဉ်ကျေးမှုလက်ရာများအား များစွာထိခိုက်စေခြင်းကြောင့် ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ကျောက်ခေတ်နံရံဆေးရေး ပန်းချီများ ထပ်မံတွေ့ရှိရာနေရာအား ယဉ်ကျေးမှုဝန်ကြီးဌာနမှ ထိန်းသိမ်းကာကွယ် စောင့်ရှောက်မှုများ၊ သုတေသနပြုလုပ်၍ ယခင်တွေ့ရှိထားမှုများနှင့် နှိုင်းယှဉ်လေ့လာခြင်းနှင့် သက်ဆိုင်ရာ ဘာသာရပ်များအလိုက် ကျွမ်းကျင်ပညာရှင်များနှင့်အတူ ထပ်မံပြီး တူးဖော်ရှာဖွေလေ့လာမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်က ပြောကြားသည်။

 ဌေးလှအောင်

ပုဂံ ရှေးဟောင်းနယ်မြေ စိမ်းလန်းစိုပြည်ရေး အတွက် သစ်ပင်မျိုးစုံ ဧက ၆ဝဝ ခန့် စိုက်ပျိုးမည်

မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသရှိ ပုဂံ ရှေးဟောင်းယဉ်ကျေးမှု နယ်မြေ စိမ်းလန်းစိုပြည်စေရေး အတွက် တောင်ကိုရီးယား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (KOICA)မှ စီမံကိန်းများ ချမှတ်ကာ ကူညီ ဆောင်ရွက်လျက်ရှိရာ ယခုနှစ် အတွင်း အဆိုပါဒေသတွင် သစ်ပင်မျိုးစုံကို မြေဧက ၆ဝဝ ခန့် စိုက်ပျိုး သွားမည်ဖြစ်ကြောင်း သိရသည်။ ယခုနှစ် မိုးရာသီ အတွင်း ညောင်ဦးမြို့နယ်ရှိ နတ်ပလ္လင်ကျေးရွာ အနီးနှင့် ကျောက်ပြင်တန်း ကျေးရွာ အနီးတွင် ၎င်းဒေသ၌ တွေ့ရသော အပင် အမျိုးအစားများ အပြင် တခြား သစ်ပင် အမျိုးပေါင်း များစွာကို မြေဧက ၆ဝဝ ခန့် အထိ စိုက်ပျိုးသွားရန် KOICA မှ စီစဉ်ထားခြင်း ဖြစ်ကြောင်း သိရသည်။

KOICA သည် ပုဂံရှေးဟောင်း ယဉ်ကျေးမှု ဒေသ၌ ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး စီမံကိန်းများကို ဆောင်ရွက်သည့် အနေဖြင့် ၁၉၉၈ ခုနှစ်မှ စတင်ကာ သစ်တော စိုက်ခင်းများကို စတင် စိုက်ပျိုးခဲ့ပြီး ၂ဝဝ၅ ခု နှစ်တွင် ဒုတိယ အကြိမ်နှင့် ၂ဝဝ၉ ခု နှစ်တွင် တတိယအကြိမ်မြောက် စိုက်ပျိုးခဲ့ကြောင်း သိရသည်။

ယခုနှစ်တွင်လည်း စတုတ္ထအကြိမ်မြောက် စိုက်ပျိုး တည်ထောင်ရန် စီစဉ်ထားခြင်း ဖြစ်ပြီး ယခုတစ်ကြိမ် စိုက်ပျိုးပြီးပါက KOICA မှ ပြုစု တည်ထောင်ခဲ့သော စုစုပေါင်း သစ်တောစိုက်ခင်း ဧရိယာသည် ဧက ၂ဝဝဝ ကျော် အထိ ရှိလာမည် ဖြစ်ကြောင်း သိရသည်။ KOICA အနေဖြင့် ယင်းကဲ့သို့ ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ စိမ်းလန်းစိုပြည်ရေး အတွက် သစ်တောစိုက်ခင်းများ ပြုစုပျိုးထောင်ခြင်း အပြင် စီမံကိန်းဒေသ အနီး ပတ်ဝန်းကျင်ရှိ ကျေးရွာများတွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေး ဟောပြောပွဲများ ကျင်းပခြင်း၊ လောင်စာ ချွေတာနိုင်သော စွမ်းအားမြှင့် မီးဖိုများ ဖြန့်ဝေပေးခြင်း၊ သောက်သုံးရေ အတွက် ရေတွင်းရေကန် များပြုပြင် တူးဖော်ပေးခြင်းနှင့် သောက်သုံးရေများ ဖြန့်ဝေပေးခြင်း တို့ကိုလည်း သက်ဆိုင်ရာဌာန အဖွဲ့ အစည်းများနှင့် အတူ ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ ၂ဝ၁၅ ခုနှစ်မှ ၂ဝ၁၉ ခုနှစ် အထိ ငါးနှစ် စီမံကိန်း ချမှတ်ကာ KOICA မှ ကူညီ ဆောင်ရွက် ပေးရန် စီစဉ်ထားသော ကဏ္ဍလေးခုရှိပြီး အဆိုပါ ကဏ္ဍများထဲတွင် စိုက်ပျိုးရေး၊ ပညာရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေး စသည်တို့ ပါဝင်ကြောင်း သိရသည်။

 ရွှေတည်


ဗိဿ     နိုး မြို့ဟောင်း အနီး ပတ်ဝန်းကျင် ကျေးရွာများမှ လမ်းများ အဆင့်မြှင့်တင်ရေး ဆောင်ရွက်မည်

မကွေးတိုင်း ဒေသကြီး တောင်တွင်းကြီးမြို့နယ် ကမ္ဘာ့ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင် ဗိဿနိုးမြို့ဟောင်း အနီးပတ်ဝန်းကျင် ကျေးရွာများမှ လမ်းများ ကျောက်ချောလမ်း အဖြစ် အဆင့်မြှင့်တင် ရေးငွေကျပ် သန်းပေါင်း ၁ဝဝဝ ကျော် သုံးစွဲသွားမည် ဖြစ်ကြောင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ သိရသည်။ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ် ခွင့်ပြု ရန်ပုံငွေ ကျပ် ၁ဝ၄၈ ဒသမ ၂၈ဝ သန်းဖြင့် ကျောက်ချော လမ်းခင်းခြင်း၊ မြေသား လမ်းခင်းခြင်း စသည့် ကျေးလက်လမ်း ၁၆ ခုကို ဆောင်ရွက်မည် ဖြစ်သည်။ အဆိုပါ လမ်းများမှာ ကုက္ကိုခွ-ပျားတုလမ်း ကျောက်ချော လမ်းခင်းခြင်း၊ ၁/၂ မိုင် ကုက္ကိုခွ-ပျားတုလမ်း မြေသား လမ်းခင်းခြင်း၊ ၂/၂ မိုင် ရွှေရောင်တော်-ကြက်ဆူတောလမ်း ကျောက်ချော လမ်းခင်းခြင်း၊ ၁/၃ မိုင် မကွေး-တောင်တွင်း-လက်ပံရှည်လမ်း ကျောက်ချော လမ်းခင်းခြင်း၊ ဝ/၇ မိုင်တို့ကို အဆင့်မြှင့်တင် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

 ရွှေတည်



မီးပုံးပျံမှ ဓာတ်ငွေ့များ နံရံဆေးရေးများကို ထိခိုက်နိုင်၍ ပျံတက်၊ ပြန်ဆင်းနေရာကန့်သတ်

ပုဂံရှေးဟောင်းစေတီ ပု ထိုးများနှင့်နီးကပ်သည့်နေရာများ တွင် မီးပုံးပျံများ ပျံတက်၊ ပြန် ဆင်းခြင်းမပြုလုပ်ရန် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီး ဌာနက ကန့်သတ်လိုက်ကြောင်း သတင်းရရှိသည်။
မီးပုံးပျံများမှ ထွက်ရှိသည့် ဓာတ်ငွေ့များသည် နံရံဆေးရေးပန်း ချီများကို ထိခိုက်နိုင်သောကြောင့် ကန့်သတ်လိုက်ခြင်းဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးလုပ် ငန်း ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာ စိုင်းကျော်အုန်းက ပြောသည်။

‘‘ဘုရားတွေအတွက် ကြိုတင်ကာကွယ်တဲ့ သဘောပါပဲ။ တက်တာနဲ့ဆင်းတဲ့ အချိန်ကို ကန့်သတ်တာပါ။ ပျံနေတဲ့အချိန်ဆိုရင် ဓာတ်ငွေ့က မိုးပေါ်တက်သွားတော့ပြဿနာမရှိဘူး။ ဘုရားနဲ့ အကွာ အဝေးဘယ်လောက်က ပျံတက်ရ မယ်၊ ပြန်ဆင်းရမယ်ဆိုတာ နောက်တစ်ကြိမ်ကျမှ အသေးစိတ် သတ်မှတ်မယ်။ အခုတော့ အကြမ်းဖျင်းသတ်မှတ်ထားတာပဲ ရှိသေးတယ်’’ဟု ဒေါက်တာစိုင်းကျော်အုန်းက ဆက်ပြောသည်။

အထက်ပါကိစ္စနှင့် ပတ် သက်၍ Oriental Ballooning ကုမ္ပဏီဘက်မှ မန်နေဂျာက တ ရားဝင်ထုတ်ပြန်ခြင်းမရှိသေးဘဲ အမှန်တကယ် ထိခိုက်မှု ရှိ၊မရှိကို ပို့ဆောင်ရေးဝန်ကြီးဌာန၊ ယဉ် ကျေးမှုဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန သုံးခုပေါင်းလေ့လာဆဲဖြစ်ကြောင်း ပြောသည်။

ပုဂံဒေသခံများနှင့်ယဉ်ကျေး မှုဝန်ကြီးဌာနက ဘုရားပေါ်တွင် မီးပုံးပျံများ ပျံသန်းပါက ပျက်ကျ လျှင် စေတီပုထိုးများ ထိခိုက်ပျက် စီးသဖြင့်မပျံသန်းရန် ကန့်ကွက် ခဲ့ခြင်းဖြစ်သည်။ ယင်းကန့်ကွက်မှု အပေါ် ဟိုတယ်ခရီးဝန်ကြီးဌာန က ဇွန်လ ၄ ရက်တွင် မီးပုံးပျံများ ပျံသန်းရန် ပို့ဆောင်ရေးဝန်ကြီး ဌာန၊ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ လေယာဉ် မှူးများကဲ့သို့ ပျံသန်းသူကိုပျံသန်း ခွင့်လက်မှတ်ထုတ်ပေးပြီး လုပ် ငန်းသက်တမ်း ၁၅ နှစ်ကာလအ တွင်း အန္တရာယ်တစ်စုံတစ်ရာမ ရှိခဲ့ကြောင်း ပြန်လည်ဖြေရှင်းထား သည်။
မီးပုံးပျံများသည် လုံခြုံရေး အဆင့်မြင့်သောကြောင့် ပျက်ကျ ရန်မဖြစ်နိုင်သော်လည်း ပျံတက် ခြင်း၊ ပြန်ဆင်းခြင်းကို ကန့်သတ် သွားမည်ဖြစ်ကြောင်း ဒေါက်တာ စိုင်းကျော်အုန်းက ပြောသည်။

‘‘လုံခြုံရေး ဘယ်လောက် အဆင့်မြင့်တယ်ပြောပြော မ တော်တဆဆိုတာရှိတာပဲ။ ဖြစ် သွားရင် ဘယ်သူမှ တာဝန်ယူနိုင် တာမဟုတ်ဘူး။ ပြန်ပြင်လို့လည်း မရဘူး’’ဟု ပုဂံမြို့မှ ကိုဖြိုးရန်က ပြောသည်။

ပုဂံဒေသရှေးဟောင်း ယဉ် ကျေးမှုနယ်မြေတွင် မီးပုံးပျံများ ပျံသန်း၍ ကောင်းကင်ယံမှ ပုဂံ၏ မြင်ကွင်းအလှကို ခံစားကြည့်ရှု ခြင်းအစီအစဉ်ကို ၁၉၉၉ က စ တင်ခဲ့ခြင်းဖြစ်သည်။ ယခုအချိန် တွင် ခရီးသွားကုမ္ပဏီသုံးခုအစီအ စဉ်ဖြင့် ပွင့်လင်းရာသီ၌ တစ် ကြိမ်ပျံသန်းလျှင် ၂၁ လုံးထိ ပျံ သန်းလျက်ရှိသည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနမှ သိရသည်။

 ထွန်းထွန်းမင်း





နိုင်ငံတော်သမ္မတ ဦးသိန်းစိန် မြန်မာနိုင်ငံ ရုပ်ရှင်၊ သဘင်နှင့် ဂီတ အစည်းအရုံး၊ ပန်းချီ၊ ပန်းပု အစည်းအရုံးဗဟိုတို့မှ တာဝန်ရှိသူများနှင့်တွေ့ဆုံ


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် မြန်မာနိုင်ငံ ရုပ်ရှင်၊ သဘင်နှင့် ဂီတအစည်းအရုံး၊ မြန်မာနိုင်ငံ ပန်းချီ၊ ပန်းပု အစည်းအရုံးဗဟိုတို့မှ တာဝန်ရှိသူများနှင့် ဇွန်လ (၁၇)ရက်နေ့ မွန်းလွဲ (၂)နာရီ တွင် နေပြည်တော် တောင်သူ ပညာပေး ဧက (၅၀၀)စိုက်ခင်းရှိ အဆင့်မြင့် သစ်သီးဝလံအအေးခန်းနှင့် ထုတ်ပိုးစက်ရုံ အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။



ယဉ်ကျေးမှု အနုပညာ များ၏ အဆင့် အတန်းသည် နိုင်ငံတော် ဖွံ့ဖြိုး တိုးတက် မှုကို တိုင်းတာ သည့် စံ တစ်ခုပင် ဖြစ်


ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် မြန်မာနိုင်ငံ ရုပ်ရှင်၊ သဘင်နှင့် ဂီတအစည်းအရုံး၊ မြန်မာနိုင်ငံ ပန်းချီ၊ ပန်းပု အစည်းအရုံး ဗဟိုတို့မှ တာဝန် ရှိသူများနှင့် ယနေ့မွန်းလွဲ ၂ နာရီ တွင် နေပြည်တော် တောင်သူပညာပေး ဧက ၅ဝဝ စိုက်ခင်းရှိ အဆင့်မြင့် သစ်သီးဝလံ အအေးခန်းနှင့် ထုပ်ပိုးစက်ရုံ အစည်းအဝေး ခန်းမ၌ တွေ့ဆုံသည်။ ထိုသို့တွေ့ဆုံရာ၌ နိုင်ငံတော် သမ္မတက နိုင်ငံတော်ကို စီးပွားရေးအရ ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်နေသကဲ့သို့ ပြည်သူများ စိတ်ချမ်းသာ ပျော်ရွှင်အောင် အနုပညာမှတစ်ဆင့် ဆောင်ရွက်ပေးရန်လည်း မိမိတို့တွင် တာဝန်ရှိပါကြောင်း၊ ယဉ်ကျေးမှု အနုပညာများ၏ အဆင့်အတန်းသည်လည်း နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုကို တိုင်းတာသည့် စံတစ်ခုပင်ဖြစ် ပါကြောင်း၊ အနုပညာ အဆင့်အတန်း မြင့်မားစေရန် အတွက် ရုပ်ရှင်၊ ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပု အပါအဝင် ပန်း ၁ဝ မျိုးကို မြှင့်တင်ပေးရန် လိုပါကြောင်း။

နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးတွင် အလုပ်သမား၊ လယ်သမား၊ အသိပညာရှင်၊ အတတ်ပညာ ရှင်များ အရေးကြီး သကဲ့သို့ အနုပညာရှင်များလည်း အရေးကြီးပါကြောင်း၊ ထို့ကြောင့် ရုပ်ရှင်၊ ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပုပြပွဲများကို တစ်နှစ်ပတ်လုံး တင်ဆက်နိုင်မည့် အနုပညာ ဗဟို ဌာနတစ်ခုကို ရန်ကုန်နှင့် မန္တလေးမြို့များတွင် တည်ဆောက် ပေးမည်ဖြစ်ကြောင်း၊ ထိုဗဟို ဌာနများ၏ စီမံခန့်ခွဲမှုကိုမူ အနုပညာရှင် များပါဝင်သည့် သီးခြားလွတ်လပ်သည့် အဖွဲ့အစည်း က တာဝန်ခံ ဆောင်ရွက်ရန် ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။ ယင်းနောက် နိုင်ငံတကာ အဆင့်မီ အနုပညာဗဟိုဌာန အကောင်အထည်ဖော်ရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ညွှန်ကြား ရေးမှူးချုပ် ဦးကျော်မြင့်လှိုင်က နိုင်ငံတကာ အဆင့်မီ မြန်မာအနုပညာ ဗဟိုဌာန (ရန်ကုန်) နှင့်(မန္တလေး) တည်ဆောက်ရေး စီမံကိန်းများနှင့် ပတ်သက်၍ စီမံကိန်းဖြစ်ပေါ်လာမှု၊ စီမံကိန်း ၏ ရည်ရွယ်ချက်၊ မြေနေရာ သတ်မှတ်ရွေးချယ်မှုနှင့် တည်ဆောက်မည့် ဗိသုကာ ပုံစံများအား ရှင်းလင်း တင်ပြသည်။

ထို့နောက် ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်း၊ ဦးအေးမြင့်ကြူနှင့် ဒုတိယဝန်ကြီး ဦးစိုးတင့်တို့က နိုင်ငံတကာ အဆင့်မီ မြန်မာအနုပညာ ဗဟိုဌာန (ရန်ကုန်)နှင့် (မန္တလေး) တည်ဆောက်ရေး စီမံကိန်းများနှင့် ပတ်သက်၍ လိုအပ်သည် များကို ဖြည့်စွက်ရှင်းလင်း တင်ပြကြသည်။ ထို့ နောက် တက်ရောက်လာကြသည့် အနုပညာရှင်၊ အတတ်ပညာရှင်များက နိုင်ငံတကာ အဆင့် မီ မြန်မာအနုပညာ ဗဟိုဌာန တည်ဆောက်ရေး စီမံကိန်းနှင့် ပတ်သက်၍ သက်ဆိုင်ရာ နယ်ပယ်အလိုက် လိုအပ်ချက်များကို ရှင်းလင်း တင်ပြကြသည်။ ယင်းနောက် နိုင်ငံတော်သမ္မတက ယခု တည်ဆောက်မည့် အဆောက်အအုံများသည် အဖွဲ့အစည်း တစ်ခုအတွက် ရည်ရွယ် တည်ဆောက်ခြင်းမဟုတ်ဘဲ နိုင်ငံတော် တည်ဆောက်ရေးတွင် ကဏ္ဍတစ်ရပ် အနေဖြင့် ဦး တည်ချက်ထား တည်ဆောက်ပေးခြင်းဖြစ်ပါကြောင်း။

ထို့ကြောင့် အဆိုပါ အဆောက်အအုံများ တည်ဆောက်ရေး စီမံကိန်းတွင် စနစ်တကျ စီမံ ခန့် ခွဲ နိုင်ရန်အတွက် သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးမှ ကိုယ်စားလှယ်များ ပါဝင်သော ဗဟို ကော်မတီနှင့် လုပ်ငန်းကော်မတီများ ဖွဲ့စည်း ဆောင်ရွက်သင့်ပါကြောင်း၊ ယခုဖြစ်ပေါ်လာမည့် အဆောက်အအုံများအား ရေရှည်တည်တံ့ ခိုင်မြဲရေးအတွက် ထိန်းသိမ်းဆောင်ရွက်နိုင်ရန် လည်း လိုအပ်သော အုပ်ချုပ်မှုအဖွဲ့အား ဖွဲ့စည်းဆောင်ရွက်သွားရန် လိုအပ် ပါကြောင်းဖြင့် ပြန်လည်ရှင်းလင်း ပြောကြားသည်။ ထိုသို့ တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတနှင့် အတူ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ဦးတင်နိုင်သိန်း၊ ဦးမြင့်လှိုင်၊ ဦးအုန်းမြင့်၊ ဦးအေးမြင့်ကြူ၊ ဦးရဲထွဋ်၊ ဒုတိယဝန်ကြီး ဦးစိုးတင့်၊ မြန်မာနိုင်ငံ ရုပ်ရှင်၊ သဘင်နှင့် ဂီတအစည်းအရုံး၊ မြန်မာ နိုင်ငံပန်းချီ၊ ပန်းပု အစည်းအရုံး ဗဟိုတို့မှ တာဝန်ရှိသူများ တက်ရောက် ဆွေးနွေးခဲ့ကြသည်။

 မိုးဦး


ပခုက္ကူမြို့တွင် သဘင့်ဘိုးဘွား ဂေဟာကို ဆောက်လုပ် လှူဒါန်း ကုသိုလ်ယူမည့် ဖိုးချစ်



ပခုက္ကူ ခရိုင် အတွင်းရှိ သဘင်ပညာရှင် များ၏ ရင်သွေး ကျောင်းသား ကျောင်းသူများ အတွက် ရွှေမန်းသားလေး ဖိုးချစ်နှင့် အလှူရှင်များက ပညာရေး ငွေပဒေသာပင် စိုက်ထူခဲ့ပြီး ပခုက္ကူမြို့တွင် သဘင့်ဘိုးဘွား ဂေ ဟာကို ဆောက်လုပ် လှူဒါန်း ဦးမည်ဟု ရွှေမန်းသားလေး ဖိုးချစ်ကပြောသည်။

အဆိုပါ ပညာရေး ငွေပဒေသာပင် စိုက်ထူခြင်းနှင့် ပညာရေး ထောက်ပံ့ အလှူငွေ ပေးအပ်ပွဲ အခမ်းအနားကို ပခုက္ကူမြို့ အမှတ်(၈) ရပ်ကွက် လွတ်လပ် ရေးလမ်း အမျိုးသား ခန်းမ တွင်ဇွန်လ ၆ရက်နေ့ ညနေ ၃နာရီ အချိန်က ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ပခုက္ကူခရိုင် အတွင်း သဘင်ပညာ အနုပညာရှင် များ ရှိသော ပခုက္ကူ၊ မြိုင်၊ ရေ စကြို၊ ပေါက်မြို့နယ် အတွင်းရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းသား၊ ကျောင်းသူများကို ၂ဝ၁၅-၁၆ ပညာသင်နှစ် အတွက် အထက်တန်းကျောင်းသား တစ်ဦး လျှင် ကျပ်နှစ်သောင်း၊ အလယ်တန်း ကျောင်းသား တစ်ဦးလျှင် ကျပ် ၁၅ဝဝဝ၊ မူလတန်း ကျောင်းသား တစ်ဦးလျှင် ကျပ်တစ်သောင်းနှုန်း အပြင် ခရိုင် အတွင်းရှိ သဘင့် ရင်သွေးများ ပညာရေး အတွက် ကျပ်သိန်း (၃ဝ) ပညာရေး ပဒေသာပင် စိုက်ထူခဲ့ကြောင်း သိရှိခဲ့ရသည်။

ပခုက္ကူမြို့နယ် တွင် သဘင့်ရင်သွေး အထက်တန်း ကျောင်းသား၊ ကျောင်း သူ ၄၁ဦး၊ အလယ်တန်း (၆၇)ဦး၊ မူလတန်း (၁ဝ၁)ဦး၊ တို့ရှိသည့် အနက် ပေါက်မြို့နယ်မှ (၁၃)ဦး ပါဝင်ကြောင်း သိရှိရသည်။ ရေစကြိုမြို့ နယ်တွင် အထက်တန်း ကျောင်းသား၊ ကျောင်းသူ (၈)ဦး၊ အလယ်တန်း (၁ဝ)ဦး၊ မူလတန်း (၁၃)ဦး၊ မြိုင်မြို့ နယ်တွင် အထက် တန်း ကျောင်းသား (၆)ဦး၊ အလယ် တန်းကျောင်းသား (၁၃)ဦး၊ မူလတန်း(၂၁)ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၂၈ဝ) အတွက် နယုန်လ သီဟိုဠ်ရှင် ဗုဒ္ဓပူဇနိယပွဲတော်တွင် ကပြနေသော မြို့ရွှေမန်းသားလေးဖိုးချစ်က ပညာရေး အလှူတော် ငွေပေး အပ်ခဲ့ကြောင်း သိရှိရသည်။

နေဦးမောင်(ပခုက္ကူ)


ဗုဒ္ဓဘာသာအကြောင်း ထုတ်လွှင့်မယ့် ရေဒီယိုချန်နယ် ထူထောင်ဖို့ ထိုင်းသတင်း အေဂျင်စီတစ်ခု ကူညီမယ်

ဗုဒ္ဓဘာသာနဲ့ ပတ်သက်တာတွေကို အဓိကထားထုတ်လွှင့်မယ့် ရေဒီယိုချန်နယ်တွေ ထူထောင်ဖို့အတွက် ထိုင်းနိုင်ငံမှာ အခြေစိုက်ပြီး ဗုဒ္ဓဘာသာနဲ့ ယဉ်ကျေးမှုဆိုင်ရာတွေ အဓိကထား ထုတ်လွှင့်နေတဲ့ TBC (National Thai Buddhism and Culture Mass Media Association) News Agency က မ.ဘ.သ ကို ကူညီသွားမယ်လို့ အဲ့ဒီအေဂျင်စီရဲ့ ဒုတိယဥက္ကဋ္ဌ Mr.Woottisarn Panaree က ဆိုပါတယ်။

ရန်ကုန်မြို့ အင်းစိန်မြို့နယ် အောင်ဆန်းတောရ တပ်ဦးကျောင်းမှာ ဒီနေ့ (ဇွန်လ ၂၁ ရက်နေ့) နံနက် ၁၀ နာရီ လောက်က ပြုလုပ်တဲ့ မဘသအဖွဲ့ ဒုတိယအကြိမ် ညီလာခံမှာ တွေ့ဆုံမေးမြန်းစဉ် သူက အဲ့ဒီလို ပြောကြားသွားတာ ဖြစ်ပါတယ်။

“လူငယ်တွေ ဗုဒ္ဓအကြောင်း ပိုသိစေဖို့ ရည်ရွယ်ပါတယ်။ မြန်မာအစိုးရက ခွင့်ပြုရင် ကူညီသွားမှာပါ ” လို့ သူက ဆိုပါတယ်။

မြန်မာနိုင်ငံ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ ဒုတိယအကြိမ် ညီလာခံကို TBC သတင်းအေဂျင်စီနဲ့ ထိုင်းနိုင်ငံ ဗုဒ္ဓဘာသာ အဖွဲ့အစည်းတချို့လည်း တက်ရောက်ခဲ့ပြီး TBC သတင်းအေဂျင်စီနဲ့ မဘသ အဖွဲ့ ဆရာတော် ဦးဝီရသူနဲ့ တွေ့ဆုံပြီး မဘသအဖွဲ့ လုပ်ငန်းစဉ်နဲ့ လိုအပ်တာတွေကို မေးမြန်းစဉ်က မြန်မာနိုင်ငံမှာ ဗုဒ္ဓအကြောင်း ထုတ်လွှင့်တဲ့ ရေဒီယိုချန်နယ်တွေ ရှိမရှိကိုလည်း မေးမြန်းခဲ့ပါတယ်။

ရုပ်သံချန်နယ်တွေဟာ နေရာမရွေး ကြည့်ရှုနိုင်ဖို့ ခက်ခဲပြီး ရေဒီယိုချန်နယ် ကတော့ နေရာမရွေးနဲ့ လူအများစု ဖမ်းယူနားဆင်ဖို့ ပိုပြီးလွယ်ကူတယ်လို့ Mr.Woottisarn Panaree ဆိုပါတယ်။

မင်္ဂလာဒုံမြို့နယ်မှ ဆရာတော် အရှင်အာနန္ဒာက “ဒီလို ရေဒီယိုချန်နယ်တွေ ထုတ်လွှင့်ခွင့်ပြီး အင်္ဂလိပ် မြန်မာ စသဖြင့်ပေါ့။ ဘာသာပေါင်းစုံနဲ့ ထုတ်လွှင့်သွားနိုင်ရင် ပိုကောင်းပါတယ်” လို့ မှတ်ချက်ပြု မိန့်ကြားပါတယ်။

TBC သတင်းအေဂျင်စီဟာ ထိုင်းနိုင်ငံအတွင်းမှာ ဗုဒ္ဓအကြောင်းကို ထုတ်လွှင့်နေတဲ့ ရေဒီယိုချန်နယ် ၂၀၀ ကျော် တည်ထောင်ထားပြီး အာဆီယံဒေသတွင်း နိုင်ငံတချို့ကိုလည်း ကူညီပေးနေတယ်လို့ အဲ့ဒီ အေဂျင်စီထံမှ သိရပါတယ်။


မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် ၀တ်စားဆင်ယင်ထုံးဖွဲ့မှုပြပွဲ

  


မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်ဝတ်စားဆင်ယင်မှု ပြပွဲကျင်းပ(ရန်ကုန်)



မိုးဦးပန်းမေတ္တာ ကျန်းမာရေးစောင့်ရှောက်မှု အဖွဲ့(၂)နှစ်ပြည့် အထိမ်းအမှတ် ဆေးကုသမှုပြုလုပ်



ရှေးဟောင်းကျောက်စာများမှ ပုဂံခေတ်မတိုင်မီ သုတေသနပြု လေ့လာတွေ့ရှိချက်များဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပ



ရှေးဟောင်းပျူကျောက်စာများ ထိန်းသိမ်းထားရှိမှုကို ကွင်းဆင်း စစ်ဆေး


ANCIENT PAGODA - 200-YEAR-OLD RELIGIOUS LANDMARK UNEARTHED

Category: , , , , , , , , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ