မြေနီကုန်းခုံးကျော်တံတား စီမံကိန်းကို ယခုနှစ်အတွင်း စတင်ဆောက်လုပ်ရန် စီစဉ်
ရန်ကုန်မြို့ မြေနီကုန်းလမ်းဆုံတွင် မြေနီကုန်း ခုံးကျော်တံတား စီမံကိန်းအား ယခုနှစ်အတွင်း စတင်ဆောက်လုပ်ရန် စီစဉ်နေကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။
ရန်ကုန်မြို့ရှိ ယာဉ်ကြောပိတ်ဆို့မှု များပြားသည့် နေရာတစ်ခုဖြစ်သော မြေနီကုန်း လမ်းဆုံတွင် ခုံးကျော်တံတား တည်ဆောက်ရေး လုပ်ငန်းအား ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်တွင် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၏ အထူးစီမံကိန်း လုပ်ငန်းအဖြစ် ဆောင်ရွက်မည် ဖြစ်ကြောင်း ၂ဝ၁၃ ခုနှစ် နိုဝင်ဘာ ၄ ရက်တွင် ပြုလုပ်ခဲ့သည့် ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အထူး အစည်းအဝေးတွင် လျာထားခဲ့ပြီး တံတားတည်ဆောက်ရေး စီမံကိန်းအတွက် ငွေကျပ် ၁၆ ဒသမ ၉၂၈ ဘီလျံ သုံးစွဲရန် လျာထားခဲ့သည်။
တံတားစီမံကိန်းအား မည်သည့်စနစ်ဖြင့် မည်သည့်ကုမ္ပဏီကို ဆောက်လုပ်ခွင့် ပေးမည်ဆိုသည်မှာမူ မသိရှိရသေးပေ။
ရန်ကုန်မြို့တွင် ယာဉ်ကြောပိတ်ဆို့မှုများ လျော့နည်းစေရေးအတွက် ယာဉ်ကြောပိတ်ဆို့မှု အများဆုံး ဖြစ်ပွားသည့် လမ်းဆုံမီးပွိုင့်များဖြစ်သော လှည်းတန်း၊ ရွှေဂုံတိုင်နှင့် ဘုရင့်နောင် လမ်းဆုံတို့တွင် ခုံးကျော်တံတားများ တည်ဆောက် အသုံးပြုခွင့်ပေးခဲ့ပြီး ဖြစ်ကြောင်း၊ သို့သော် ယာဉ်ကြောပိတ်ဆို့မှုများ ရှိနေဆဲပင် ဖြစ်ကြောင်း၊ မြေနီကုန်း လမ်းဆုံသည်လည်း ယာဉ်ကြော ပိတ်ဆို့မှုများကြောင့်လည်း ခုံးကျော်တံတား ဆောက်လုပ်ရန် မဖြစ်မနေ လိုအပ်လာခြင်းကြောင့် ဆောက်လုပ်ရန် စီစဉ်နေခြင်းဖြစ်သည်။
Category: