ပြည်သူများ၏ အခက်အခဲပြဿနာများကို တိုက်ရိုက်တင်ပြနိုင်မည့် FixMyStreet ၀က်ဘ်ဆိုက် ရေးဆွဲခြင်းကို စတင် f

hnm | 土曜日, 2月 08, 2014 |



Code for Yangon အတွက် ကနဦး စတင်မှုအဖြစ် မြို့နယ်အသီးသီးရှိ လမ်းများပေါ်တွင် ပြည်သူများ မြင်တွေ့ကြုံတွေ့နေရသော အခက်အခဲများ၊ ပြဿနာများကို တိုက်ရိုက်တင်ပြနိုင်မည့် ၀က်ဘ်ဆိုက်ရေးဆွဲခြင်းကို စတင်နေပြီဖြစ်ကြောင်း ပါဝင်ဆောင်ရွက်နေသူများထံမှ သတင်းရရှိသည်။

“အခု fixmystreet ကို မြန်မာဘာသာပြန်ဖို့ လုပ်နေပါပြီ။ ဒီလ လယ်လောက်မှာ ၀က်ဘ်ဆိုက်တင်မှာဆိုတော့ မြန်မာမှုပြုဖို့အတွက် Volunteer တွေလိုပါတယ်။ ပါဝင်ချင်သူတွေကို ဖိတ်ခေါ်ပါတယ်။ အဲဒါကို ဘာသာပြန်ပြီးတာနဲ့ စတင်တော့မှာပါ။ ၀က်ဘ်ဆိုက်က ခုလောလောဆယ်မှာ Testing ပဲလုပ်ထားသေးတယ်။ ၀က်ဘ်ဆိုက် အပြင် မိုဘိုင်းဖုန်းတွေအတွက် Application လည်းရှိသေးတယ်။ Android အတွက်ရော ios အတွက်ပါရှိတယ်။ ၀က်ဘ်ဆိုက် လွှင့်တင်ချိန်မှာ တစ်ပြိုင်နက် အသုံးပြုလို့ရမှာပါ” ဟု Code for Yangon အတွက် ပါဝင်ဆောင်ရွက်နေသော Ubuntu Myanmar LoCo Team မှ ကိုကိုရဲက ပြောကြားခဲ့သည်။

FixMyStreet ဆိုသည်မှာ မြို့နယ်အသီးသီးရှိ လမ်းများပေါ်တွင် အဆင်မပြေမှုများ၊ အခက်အခဲများ၊ ချို့ယွင်းမှုများရှိပါက တင်ပြလိုသော သတင်းအချက်အလက်ကို မည်သူမဆိုတင်ပြနိုင်မည့် အများပြည်သူဝန်ဆောင်မှုတစ်ခုဖြစ်ကြောင်း သိရသည်။

Omidyar Network UK အဖွဲ့အစည်းသည် နိုင်ငံအများအပြားတွင် အားလုံးအတွက် ကုဒ် (Computer Programming) - Code for All အစီအစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်နေပြီး ယင်းမှာ အများပြည်သူတို့၏ အခက်အခဲများ၊ ပြဿနာများ၊ ကြုံတွေ့နေရသော မတရားမှုများ မမှန်ကန်မှုများကို အိုင်စီတီနည်းလမ်းပေါင်းစုံ အသုံးပြု၍ သတင်းအချက်အလက်များ တင်ပြနိုင်ခြင်း၊ သက်ဆိုင်ရာတာဝန်ရှိသူများသို့ အသိပေးနိုင်ခြင်း စသည့်ဝန်ဆောင်မှုများကို ရရှိစေမည်ဖြစ်ကြောင်း သိရသည်။

Category: , , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ