မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး စီးပွားရေးဌာနသံမှူး Mr.HIDEAKI MATSUO တွေ့ဆုံခြင်း

hnm | 金曜日, 2月 07, 2014 |



မေး- ဂျပန်နိုင်ငံအနေနဲ့မြန်မာနိုင်ငံ ရဲ့စိုက်ပျိုးရေးကဏ္ဍတွေကို ၀င်ရောက် ရင်းနှီးမြှုပ်နှံဖို့ ရှိပါသလား။
ဖြေ- ဂျပန်က မြန်မာနိုင်ငံရဲ့ စိုက် ပျိုးရေးကဏ္ဍကိုဝင်လာမလားဆိုတာ တော့ လောလောဆယ် မသိသေးပါ ဘူး။ သိထားတာကတော့ မြန်မာ့ဆန် ကို တစ်ခြားနိုင်ငံတွေကိုတင်ပို့မယ့် ကိစ္စတွေမှာ ဂျပန်ကပါမယ်ဆိုတာကို တော့ သိထားပါတယ်။ 

မေး- လက်ရှိဂျပန်နိုင်ငံအနေနဲ့ မြန် မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ စိုက်ပျိုး ရေးကဏ္ဍမှာ နည်းနေတာကိုတွေ့ရ တယ်။ ဘာ့ကြောင့်နည်းတယ်ဆိုတာ သိလိုပါတယ်ခင်ဗျာ။ 
ဖြေ- စိုက်ပျိုးရေးကဏ္ဍမှာ မြန်မာ နိုင်ငံတစ်ခုတည်းတင်မကဘူး တစ်ခြား တိုင်းပြည်တွေမှာလည်း ရင်းနှီးမြှုပ်နှံ မှုလုပ်ဖို့ အတော်လေးကိုခက်ခဲပါတယ်။ အဓိကကတော့ ဈေးနှုန်းပြောင်းလဲမှု မြန်ဆန်နေခြင်းက ပြဿနာဖြစ်နေ ပါတယ်။ မြန်မာနိုင်ငံမှာမှရင်းနှီးမြှုပ် နှံမှုခက်ခဲတာမဟုတ်ဘဲ တစ်ကမ္ဘာလုံးမှာမြှုပ်နှံဖို့ခက်ခဲတာဖြစ်ပါတယ်။ အဲဒါကြောင့်လည်း ရင်းနှီးမြှုပ်နှံမှုတွေ က စိုက်ပျိုးရေးကဏ္ဍမှာ နည်းနေတာ ဖြစ်ပါတယ်။ 


Read More -> http://goo.gl/OoPYSS

[ အောင်သူ(ဒေးဒရဲ) တွေ့ဆုံမေးမြန်းသည်။ ]



Yangon Media Group 

Category: , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ