ရွေးကောက်ပွဲနည်းဥပဒေ (မူကြမ်း)ကို နိုင်ငံရေးပါတီများထံမှပေးပို့သည့် အကြံပြုချက်များဖြင့် ပြင်ဆင်ဖြည့်စွက်ကာ ဇွန်လဒုတိယပတ်တွင် အတည်ပြု ပြဋ္ဌာန်းမည်

hnm | 月曜日, 6月 09, 2014 |



လွှတ်တော်သုံးရပ်၏ရွေးကောက်ပွဲ နည်းဥပဒေ(မူကြမ်း)ကို ဇွန်လဒုတိယပတ်တွင် အတည်ပြုပြဋ္ဌာန်းမည်ဟု ရွေးကောက်ပွဲဌာန ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က မဇ္ဈိမကို ပြောကြားခဲ့သည်။ ရွေးကောက်ပွဲနည်းဥပဒေ(မူကြမ်း)ကို ဇွန်လကစတင်ကာ နိုင်ငံရေးပါတီများထံချပြခဲ့ကာ အကြံပြုချက်များကို တောင်းဆိုခဲ့ပြီးဖြစ်သည်။ နိုင်ငံရေးပါတီများထံမှပေးပို့သည့် အကြံပြုချက်များကို ပြင်ဆင်ဖြည့်စွက်ကာ အတည်ပြု ပြဋ္ဌာန်းမည်ဖြစ်သည်။
ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲနည်း ဥပဒေ၊ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေ၊ တိုင်းဒေ သကြီးလွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေတို့ကို အတည်ပြု ပြဋ္ဌာန်းမည်ဖြစ်သည်။
နောက်ဆုံးအကြိမ်ပေးပို့ထားသည့် အကြံပြုချက်များတွင် ရွေးကောက်ပွဲစရိတ်ကို ပြင်ဆင်ပေးရန်၊ ရွေး ကောက်ပွဲအတွက် ကုန်ကျစရိတ်ကို မဲဆွယ်စည်းရုံးစဉ် မဲအရေအတွက် ရှစ်ရာခိုင်နှုန်းခန့်ရရှိပါကယင်း ပါ တီထံ ရွေးကောက်ပွဲအသုံးစရိတ်ကိုပြန်ပေးရန် အစရှိသည့် နိုင်ငံရေးပါတီများ၏ အကြံပြုချက်များကို နည်း ဥပဒေတွင် အချက် ၂၀ ခန့် ပြင်ဆင်ပေးခဲ့သည်ဟု ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်ကပြော သည်။
၎င်းက “ပါတီတွေကလိုလားတဲ့အချက်တွေအားလုံးကပါထားပြီးသား၊ ရွေးကော် အာမခံစရိတ်တွေ၊ ၀င်ပြီး ရင် မဲအရေတွက်ရှစ်ပုံတစ်ပုံရခဲ့သော် အာမခံစရိတ်ကို ပြန်ပေးမယ်။ ၂၀၁၀ ရွေးကောက်ပွဲတုန်းက မရှိဘူး လေ။ ကော်မရှင် လက်မှတ်ထိုးပြီး အတည်ပြုဖို့ပဲလိုတော့တယ်”ဟုပြောသည်။
လွှတ်တော်သုံးရပ်လုံး၏ ရွေးကောက်ပွဲနည်းဥပဒေများကို အတည်ပြုလိုက်ပါကလာမည့် ၂၀၁၄ ကြားဖြတ် နှင့် ၂၀၁၅ ရွေးကောက်ပွဲတွင် မှန်ကန်ပြီး လွတ်လပ်တရားမျှတသည့် ရွေးကောက်ပွဲစနစ်ကို ထိရောက်စွာ ဖော်ဆောင်လာမည်ဖြစ်သည်ဟု ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က ပြောသည်။
ကော်မရှင်ထံ NDF၊ တစည၊ ပြည်ခိုင်ဖြိုးပါတီနှင့် ချင်းတိုးတက်ရေး အမျိုးသားပါတီ အပါအ၀င် တိုင်းရင်း သား ပါတီအချို့က ပေးပို့ခဲ့သည်။NLD ပါတီက သီးသန့်အကြံပြုချက်ပေးပို့ထားခြင်းမရှိဟုဆိုသည်။
ပြင်ဆင်ဖြည့်စွက်မည့် အချက်များကို ပြည်ထောင်စုလွှတ်တော်က ရွေးကောက်ပွဲဆိုင်ရာ ဥပဒေနှင့် တိုက် ဆိုင်စိစစ်ကာ အတည်ပြုမည်ဖြစ်သည်။

 အေးမြင့်စန်း
Mizzima News

Category: , , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ