ဂျပန်ကား လေလံဈေးမြင့်တက်နေချိန် ပြည်တွင်းအ၀ယ်လိုက်သဖြင့် လေလံကားများ ကျပ် ၁၀ သိန်းခန့် မြင့်တက်

hnm | 金曜日, 6月 06, 2014 |



ဂျပန်နိုင်ငံတွင် မော်တော်ယာဉ်လေလံဈေးကွက်မြင့်တက်နေခြင်းကြောင့် ပြည်တွင်းလေလံကားတစ်စီးလျှင် ကျပ် ၁၀ သိန်းခန့် လိုက်ပါမြင့်တက်နေသော်လည်း ကျောင်းဖွင့်ရာသီဖြစ်၍ ရန်ကုန်မြို့တွင်သာမက နယ်သမားများပါ အ၀ယ်လိုက်နေသည်ဟု မော်တော်ယာဉ်ရောင်းဝယ်ရေးအသင်း ဥက္ကဋ္ဌ ဦးအောင်သန်းဝင်းက မဇ္ဈိမကို ပြောသည်။
“ အခုဈေးကွက်ထဲမှ ကျပ်သိန်း ၁၀၀ ပတ်လည်ကားလေးတွေအရောင်းသွက်နေတယ်။ ကျောင်းဖွင့် ရာသီ ဖြစ်နေတာလည်းပါတာပေါ့။ လောလောဆယ် ၀ယ်လက်အများစုက စလစ်ကပ်ကားတွေထက် လေလံကား တွေကို အာရုံကျနေတယ် ”ဟု ၎င်းကဆိုသည်။
ဂျပန်မော်တော်ယာဉ်လေလံဈေးကွက်အတွင်း ဈေးပေးပြီး လေလံဆွဲသူများပြားနေသဖြင့် ဇွန်လဆန်းပိုင်း ဈေးမှာ ပြီးခဲ့သည့် မေလနောက်ဆုံးတစ်ပတ်က ဈေးထက် သိသိသာသာမြင့်တက်လာပြီး မေလ နောက် ဆုံးတစ်ပတ်က  Honda Fit နှင့် Toyota Belta ကားများမှာ ဂျပန်ယန်း ငါးသောင်းကျော်မှ ယန်းတစ်သိန်း ကျော်အထိ မြင့်တက်လာသည်ဟု ဂျပန်နိုင်ငံမှ မော်တော်ယာဉ်တင်သွင်းရောင်းချနေသူ တစ်ဦးက ပြော သည်။
“ အရင်တစ်ခေါက် ကျွန်တော်ဆွဲတုန်းက ယန်း ၅၈၀,၀၀၀ နဲ့အောင်တဲ့ Belta 2009၊ Silver၊ Condition 4 က အခုတစ် ပတ်မှာ ယန်း ၇၅၀,၀၀၀ လောက်အထိ အောင်သွားတယ်။ လေလံဈေးတက်နေတော့ တစ်ပတ်လုံးမှာ Swift တစ်စီးနဲ့ Colt တစ်စီးပဲအောင်တယ်။ ကိုယ်ကပေးနိုင်တာထက်လည်း ပိုမပေးတော့ မအောင်ဘူးပေါ့ ” ဟု ၎င်းက ဆိုသည်။
ဂျပန်လေလံဈေးမြင့်တက်နေသဖြင့် ပြည်တွင်းကားဈေးကွက်အတွင်း၌ ယခင် ကျပ် ၇၅ သိန်းတန်ကား များမှာ ယခုကျပ် ၈၅ သိန်းအထိ ဈေးမြင့်တက်သွားခဲ့ပြီး Probox ၊ AD Van နှင့် Hijet စသည့် စလစ်ကပ် ရန်မလိုသည့်ကားများ အရောင်းသွက်နေသည်ဟု သီရိမင်္ဂလာယာဉ်ရောင်းဝယ်ရေးစခန်းမှ ၀ယ်ရောင်း လုပ်ကိုင်သူတစ်ဦးက ပြောသည်။
“ အရောင်းအ၀ယ်ကတော့ စလစ်ကပ်ကားတွေ အေးနေတယ်။ မင်းရဲကျော်စွာစခန်းနဲ့ သီရိမင်္ဂလာ စခန်းနှစ်ခုပေါင်းရင် တစ်ရက်ကို ကားအစီးရေ ၂၀ လောက် ရောင်းရတယ်။ အဲဒီအထဲမှာ စလစ်ကပ် ကားတွေကတစ်စီး၊ နှစ်စီးလောက်ပဲပါတယ် ” ဟု ၎င်းက ဆိုသည်။
ပြည်ပမှကားတင်သွင်းမှုနှင့်ပတ်သက်၍ နိုင်ငံတော်က အခွန်နှုန်းထားများ လျှော့ချခဲ့ပြီးနောက်ပိုင်းတွင် ပြည်တွင်းဈေးကွက်အတွင်း ကားအရောင်းအ၀ယ် အနည်းငယ်အေးသွားပြီး မေလနောက်ဆုံးပတ်မှ စတင် ၍ အရောင်းအ၀ယ်ပြန်သွက်လာသည်ဟု မော်တော်ယာဉ်ရောင်းဝယ်ရေးအသင်းဥက္ကဋ္ဌ ဦးအောင်သန်း ၀င်းက ပြောသည်။
“ လေလံဈေးကတအားမြင့်နေတော့ ဟိုမှာလည်း အပြိုင်အဆိုင်ဝယ်နေရတယ်။ ဒီမှာလည်း အ၀ယ်က လိုက်နေတယ်ဆိုတော့ ဈေးကွက်ကကျဖို့မမြင်ဘူး။ ၀ယ် လက်အများစုကတော့ မော်ဒယ်အမြင့်တွေ ပိုကြိုက်ကြတယ် ”ဟု ဦးအောင်သန်းဝင်း က ပြောသည်။

  ဖြိုးဝေလင်း
Mizzima News

Category: , , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ