တင့်ကားဖျက်လက်နက် ၂၀၀ နီးပါး ဘင်္ဂလာဒေခ်ျ့က ဖမ်းမိ

hnm | 水曜日, 6月 04, 2014 |




 တင့်ကားဖျက် လက်နက် (Anti-tank weapons) အမျိုးအစား ၂၀၀ ကို အိန္ဒိယနယ်စပ် အနီးတွင် ဘင်္ဂလာဒေခ်ျ့ အထူး မူခင်းနှိမ်နှင်းရေး တပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။

ဘင်္ဂလာ မှုခင်းအထူးနှိမ်နင်းရေးတပ်ဖွဲ့ (Rapid Action Battalion) မှ ၎င်းလက်နက်များကို အိန္ဒိယ၊ ထရိပူရပြည်နယ် နယ်စပ်မှ (၃) ကီလိုမီတာ အကွာ ဘင်္ဂလာဒေခ်ျ့နယ်စပ်တွင် ယနေ့တွင် ရှာဖွေ သိမ်းဆည်း မိသည်ဟု ဘင်္ဂလာ ဘီဒီနယူးတွင် ဖေါ်ပြသည်။

ဖမ်းဆီးရမိသည့် လက်နက်များထဲတွင် တင့်ကားဖျက်လက်နက် ၁၈၄ ခုနှင့် ဓါတ်အားသွင်းကရိယာ ၁၅၄ ခုတို့ပါဝင်ပြီး နယ်စပ်အနီးရှိ တောင်ပူဇာ တစ်ခုတွင် မြေကျင်းတူး ၀ှက်ထားသည်ဟု ဆိုသည်။

ယင်းလက်နက်များမှာ အိန္ဒိယ ထရိပူရ ခွဲထွက်ရေးအဖွဲ့ All Tripura Tiger Force (ATTF) ၏ လက်နက်များ ဖြစ်နိုင်ကြောင်း ဘင်္ဂလာဒေခ်ျ့အာဏာပိုင်များက ခန့်မှန်းထားသည်။

လက်နက်များ ဖမ်းမိသောနေရာမှာ ဘင်္ဂလာဒေခ်ျ့ နိုင်ငံ မြောက်ပိုင်းတွင် ဖြစ်သည်။

လက်နက်များမှာ တရုတ်လုပ် လက်နက်များ ဖြစ်ပြီး ကော့စ်ဘဇား ပင်လယ်ကမ်းခြေမှ တဆင့် တင်သွင်းလာပုံရသည်ဟု ဘင်္ဂလာအာဏာပိုင်များက ဆိုသည်။

နိရဉ္စရာ
Myanmar News Now

Category: , , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ