မြောက်ဦးမြို့ သျှစ်သောင်း၊ ထုက္ကန်သိမ်နှင့် အံတော်သိမ်ဘုရားပွဲများ ငါးရက်ကြာ ကျင်းပမည်

hnm | 水曜日, 4月 01, 2015 |









Photo; Rakhine State (Ministry of Hotels & Tourism)

 မြောက်ဦးမြို့ ရှေး ဟောင်းယဉ်ကျေးမှုနယ်မြေရှိ အထင်ကရ စေတီပုထိုးများ ဖြစ် သည့် သျှစ်သောင်း၊ ထုက္ကန်သိမ် နှင့် အံတော်သိမ်ဘုရားပွဲများကို (၈၇)ကြိမ်မြောက်အဖြစ် လာမည့် မေလ ၂ ရက်မှ ၆ ရက်အထိ ငါးရက်ကြာ ကျင်းပမည်ဟု သတင်းရရှိသည်။
‘‘ဘုရားပွဲကို မေလ ၂ ရက် မှာ စတင်ကျင်းပမှာ ဖြစ်ပေမယ့် မြို့နယ်လုံးကျွတ်ဘောလုံးပွဲကို တော့ ဧပြီလဆန်းပိုင်းကစပြီး ကျင်းပတော့မှာ ဖြစ်ပါတယ်။ ပွဲတော်ကာလအတွင်း ပဋ္ဌာန်းပွဲတော်၊ ကဆုန်ညောင်ရေသွန်းပွဲ၊ ရခိုင်ရိုးရာ ပြိုင်လောင်းပွဲ၊ ရခိုင်ရိုးရာကျင်ကိုင်ပွဲ၊ ရခိုင်ရိုးရာ ယဉ်ကျေးမှု ကဇာတ်နဲ့ ဇာတ်သဘင်ပွဲတွေကိုနေ့ညမပြတ်ဈေးရောင်းပွဲတော်တွေနဲ့ စည်စည်ကားကား ကျင်းပသွားမှာ ဖြစ်ပါတယ်’’ ဟုသျှစ်သောင်းဘုရားဂေါပက အတွင်း ရေးမှူးကပြောကြားသည်။
ရခိုင်ပြည်နယ်တွင် ပဋိပက္ခ များ ဖြစ်ပွားခဲ့သော်လည်း သျှစ် သောင်းဘုရားပွဲကို နှစ်စဉ်ကျင်းပနိုင်ခဲ့ပြီး ဘုရားဖူးဧည့်သည်များပုံမှန်လာရောက်ခဲ့ ကြောင်းသိရှိရသည်။ သို့သော်ရပ်ဝေးဒေသများဖြစ်သည့် ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောနယ်စပ်ဒေသမှ ဘုရားဖူးဧည့်သည်လာရောက်မှု နည်းပါးခဲ့ပြီး ယခုအခါ ဒေသတည်ငြိမ် အေးချမ်းမှု ကောင်းမွန်နေပြီဖြစ်၍ ယခုနှစ်တွင် ပိုမိုလာရောက်နိုင်ဖွယ် ရှိကြောင်း မြောက် ဦးမြို့ခံတစ်ဦးက ခန့်မှန်းပြောကြားသည်။
သျှစ်သောင်း၊ ထုက္ကန်သိမ် နှင့် အံတော်သိမ်ဘုရားပွဲတော် ကာလတွင် အများစုမှာ ရခိုင်ရိုး ရာပြိုင်လောင်းပြိုင်ပွဲနှင့် ရခိုင်ရိုးရာကျင်ကိုင်ပွဲတို့ကို စိတ်ဝင်စားသူများပြားသည်။

မောင်ကံ
7DD

ဖိုးခေါင်တောင်သို့ အလည်တခေါက်
ကျောက်ဆစ်လက်ရာ ဗိသုကာရို့
ခိုင်မာတည်ဆောက် လက်ရာမြောက်အောင်
ဂန္ထဝင်သမိုင်း နောက်မရိုင်းဖို့
ထွဋ်မြတ်မဟာ ဖိုးမင်းဗာက
နောက်လာသားမြီး ဗြိန်းစောင်တီးလို့ ။
သမိုင်းသက်သီ တည်နီစီအောင်
မြော်မြင်ကြီးလတ် ဘုရင်မြတ်မာ
စွဲမှတ်ယုံကြည် ဘုန်းစိန္တေ၏
ကြွင်းကျန်ဓါတ်တော် ရည်ကာမျှော်လို့
တည်သော် သျှစ်သောင်း ရန်အောင်ကြောင်းကို
မဏ္ဍိုင်စွဲပြု ကုသိုလ်စုနန့်
ဝေနေသတ္တာ များလူငှာတွက်
တောင်မာ အထွဋ် ဖိုးခေါင်မြတ်ထိပ်
နက်ခတ်တာရာ ပြည့်ဝှန်ကာဖြင့်
စန်းလ ဂြိုဟ်ပေါင်း နမိတ်ကောင်းနန့်
တည်လတ်ထွန်းစီ ငါ ရို့မြီ ..... ။

နန္ဒသူရိန် ( သကျမျိုး )


ရခိုင်တို့ကတဲ့ ဒုံးယိမ်းပွဲ


Category: , , , , , , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ