နိုင်ငံခြားငွေ ၁၄ မျိုး လဲနိုင်သည့် အလိုအလျောက် နိုင်ငံခြားငွေလဲလှယ်ရေးစနစ်နှင့် နိုင်ငံတကာကတ်များ ထည့်သွင်းအသုံးပြုနိုင်မည့် စက်များ တပ်ဆင်ရန် ပြင်ဆ

White Star | 火曜日, 9月 18, 2012 |


Multi Currency Exchange ATM စက်ကို ကမ္ဘောဇဘဏ် ဒုဥက္ကဋ္ဌ ဦးသန်းလွင် လေ့လာနေစဉ်

အသုံးများသော နိုင်ငံခြားငွေ ၁၄မျိုးလဲလှယ်နိုင်သည့် အလိုအလျောက် နိုင်ငံခြားငွေကြေးလဲလှယ်ရေးစနစ်နှင့် နိုင်ငံတကာကတ်များ ထည့်သွင်းအသုံးပြုနိုင်မည့် Multi Currency Exchange ATM စက်များ တပ်ဆင်ရန် ပြင်ဆင်နေကြောင်း မြန်မာ့နိုင်ငံခြား ရင်းနှီးမြှုပ်နှံဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားပါသည်။

စက်တင်ဘာလ ၁၄ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် Myanmar Payment Union ရုံးနှင့် National Switch (Data Center) ဖွင့်ပွဲအတွင်း ပြည်ထောင်စု အစိုးရအဖွဲ့ဝင် ၀န်ကြီးများနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရတာဝန်ရှိသူများ လှည့်လည်ကြည့်ရှုစဉ် ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။

အဆိုပါစက်များကို မြန်မာနိုင်ငံသားများနှင့် နိုင်ငံခြားခရီးသွားများ သုံးစွဲနိုင်မည်ဖြစ်ပြီး အီလက်ထရောနစ်ကတ်မဟုတ်ဘဲ ငွေကြေးလဲလှယ်လိုပါက နိုင်ငံကူးလက်မှတ်စာအုပ် လိုအပ်မည်ဖြစ်ကြောင်း သိရပါသည်။

လက်ရှိအချိန်တွင် အဆိုပါ Multi Currency Exchange ATM စက်များ တပ်ဆင်နိုင်ရန် စမ်းသပ်နေပြီဖြစ်သော်လည်း မည်သည့်ကာလတွင် စတင်တပ်ဆင်မည်ကိုမူ ပြောကြားနိုင်ခြင်းမရှိသေးကြောင်းနှင့် စမ်းသပ်ကာလတွင် အမေရိကန်ဒေါ်လာ၊ ဗြိတိန်ပေါင်၊ ယူရိုနှင့် ဟောင်ကောင်ဒေါ်လာတို့ဖြင့် စမ်းသပ်နေခြင်းဖြစ်ကြောင်း မြန်မာ့နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဘဏ် တာဝန်ရှိသူတစ်ဦးက ထည့်သွင်းရှင်းပြပါသည်။


Category:

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ