အင်းလေးတွင် သွားဘက်ဆိုင်ရာ အခမဲ့ ကုသမှုပြုလုပ်

မြန်မာနိုင်ငံ သွားနှင့်ခံတွင်း ဆရာဝန်များအသင်း(မန်း)နှင့် မန္တလေးရွှေမန်းတောင် ဂေါက်ကလပ် ဂေါက်သီးရိုက်မိတ်ဆွေများ စုပေါင်းလှူဒါန်းငွေဖြင့် အင်းလေးဖောင်တော်ဦး ဘုရားအတွင်းရှိ ထိန်ထိန်လင်းကျောင်းတွင် စက်တင်ဘာ ၁၆၊ ၁၇၊ ၁၈ ရက်နေ့များတွင် သွားဘက်ဆိုင်ရာ အခမဲ့ ကုသမှုများကို ဒေါက်တာမျိုးသန့်မှ ဦးဆောင်ပြုလုပ်ခဲ့ပါသည်။ ICD မှ ဆရာဝန်များလည်း ပူးပေါင်းပါဝင်ခဲ့ကြပြီး အင်းလေးကန် အနီးအနား ရွာများဖြစ်သော နောင်ဟူး၊ သာလေး၊ အိုးကုန်း၊ လည်ရှည်၊ ဟဲရာရွာ တို့မှ သွားဝေဒနာရှင်များ လာရောက်ကုသမှု ခံယူခဲ့ကြကြောင်း သိရပါသည်။ ယခု ကုသမှုမှာ ဒုတိယ အကြိမ်ဖြစ်ကြောင်း ဒေါက်တာမျိုးသန့် (သွားနှင့်ခံတွင်း ဆရာဝန်အသင်း(မန်း) ဒုဥက္ကဌ မှပြောကြားခဲ့ပြီး အင်းလေးကန် အနီးအနား ရွာများတွင် ဟဲရာရွာ တွင်သာ သွားဆေးခန်းရှိပြီး သွားတစ်ချောင်း နှုတ်လျှင် ငွေ(၃၀၀၀)ကျပ်ခန့် ကုန်ကျကြောင်းသိရပါသည်။
Category:



