ဇေကမ္ဘာကုမ္ပဏီ၏ တရားစွဲဆိုမှုအား အောက်တိုဘာလ(၄)ရက်နေ့သို့ ရက်ချိန်းထပ်မံသတ်မှတ်
ဇေကမ္ဘာကုမ္ပဏီ၏ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီဥက္ကဌ
ဦးနေမျိုးဝေသို့ တရားစွဲဆိုမှုအား အောက်တိုဘာလ(၄)ရက်နေ့သို့
ရုံးချိန်းထပ်မံသတ်မှတ်လိုက်ကြောင်း သတင်းရရှိပါသည်။ဇေကမ္ဘာကုမ္ပဏီလီမိတက်မှ မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာကျေးရွာရှိ လယ်ယာမြေကိစ္စများနှင့် စပ်လျဉ်း၍ ဦးနေမျိုးဝေအား ကုမ္ပဏီ အသရေဖျက်မှုဖြင့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၅၀၀)ဖြင့် သြဂုတ်လ(၂၃)ရက်နေ့၌ တရားစွဲဆိုခဲ့ပြီး ပထမရုံးချိန်းအား စက်တင်ဘာလ(၆)ရက်နေ့၌ လည်းကောင်း၊ ဒုတိယရုံးချိန်းအား စက်တင်ဘာလ(၂၀)ရက်နေ့၌လည်းကောင်း ခေါ်ယူခဲ့ပြီး တတိယအကြိမ်ရုံးချိန်းအား အောက်တိုဘာလ(၄)ရက်နေ့၌ ထပ်မံခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

''စက်တင်ဘာ(၆)ရက်နေ့က တရားလိုဘက်ကတင်တဲ့ သက်သေခံစာရွက်ကို ဦးနေမျိုးဝေက ကန့်ကွက်စာတင်ပါတယ်။ ဒီနေ့မှာ နှစ်ဖက် လျောက်လဲချက်တင်ပါတယ်။ သက် သေခံစာရွက်စာတမ်း လက်ခံသင့်၊ မခံသင့်ဆိုတာကို လာမယ့်ရုံးချိန်းမှာ ဆုံး ဖြတ်သွားမှာ ဖြစ်ပါတယ်''ဟု ဦးနေမျိုးဝေဘက်မှ ရှေ့နေဒေါ်စန္ဒာဦးက စက်တင်ဘာ(၂၀)ရက်နေ့၌ ပြောကြားခဲ့ပါသည်။
ရုံးချိန်းသို့ တရားလိုဖြစ်သူ ဇေကမ္ဘာကုမ္ပဏီမှ အထွေထွေမန်နေဂျာ ဦးမြင့်ဇော်၊ တရားစွဲဆိုခြင်းခံရသူ ဦးနေမျိုးဝေနှင့် ဇေကမ္ဘာကုမ္ပဏီမှ စက်မှုဇုန်အဖြစ် အကောင်အထည်ဖော်ရန် သိမ်းယူခြင်းခံရသော မင်္ဂလာဒုံစက်မှုဇုန် အပိုင်း(၁၊ ၂၊ ၃၊ ၄)မှ လယ်သမားများ၊ သင်္ယန်းကျွန်းကြီးနှင့် လှိုင်သာယာမှ လယ်သမားများ တက်ရောက်ခဲ့ကြောင်း သိရပြီး အမှုကာလအတွင်း ဦးနေမျိုးဝေအား ငွေကျပ်(၁၀)သိန်းတန် အာမခံဖြင့် ထားရှိကြောင်း သိရသည်။
Category:



