မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ အမေရိကန်အုပ်ချုပ်ပုံစံနစ် လေ့လာရေးခရီးရောက်ရှိ
TEXT SIZE
12.09.2012
အမေရိကန်အထက်လွှတ်တော်နိုင်ငံခြားဆက်ဆံရေးကော်မတီ၊ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသရေးရာ ဆပ်ကော်မတီရဲ့ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံက လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဟာ အုပ်ချုပ်ပုံ စံနစ်လေ့လာဖို့အတွက် အမေရိကန် ပြည်ထောင်စု ၀ါရှင်တန်မြို့တော်ကိုရောက်ရှိနေကြပါပြီ။
ဝါရှင်တန်မြို့တော်၊ Johns Hopkins တက္ကသိုလ် SIAS ခေါ် နိုင်ငံတကာသိပ္ပံမှာ အမေရိကန် အုပ်ချုပ်ပုံ စံနစ်ကို သီတင်း တပတ်ကြာ သင်တန်းတက်ရောက် ဆွေးနွေးကြမှာဖြစ်သလို အမေရိကန်လွှတ်တော် ကိုလည်း လေ့လာ ကြဖို့ရှိပါတယ်။
မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့မှာ အမျိုးသားနဲ့ ပြည်သူ့လွှတ်တော်က လွှတ်တော် ကိုယ်စားလှယ် လေးဦးစီပါဝင်ပြီး ဦးတီခွန်မြတ်က ဦးဆောင်လာတာဖြစ်ပါတယ်။ အဖွဲ့ဝင် ၈ ဦးကတော့ ဦးမောင်တိုး၊ ဦး Stephen၊ ဦးဇော်မြင့်မောင်၊ ဦးတင်မြ၊ ဦးလှထွန်း၊ ဦး Steven Tha Bik နဲ့ ဦးထွန်းကျော် တို့ဖြစ်ကြပါတယ်။
NDI အမေရိကန် အမျိုးသားဒီမိုကရက်တစ်ဌာနကြီး၊ IRI နိုင်ငံတကာ Republican ဌာနကြီး၊ အမေရိကန် ကုန်သည်ကြီး များ အသင်း၊ အမေရိကန်-အာစီယံ စီးပွားရေးကောင်စီစတဲ့ အဖွဲ့အစည်းအသီးသီးက တာဝန်ရှိပဂ္ဂိုလ် တွေက ဦးဆောင် ပြီး Johns Hopkins တက္ကသိုလ်က အုပ်ချုပ်ပုံစံနစ်သတင်းတန်းမှာ အတွေ့အကြုံတွေ ဖလှယ်ရင်း ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

Category: