အမိမြေငြိမ်းချမ်းရေးအဖွဲ့မှ ကြေးနီတောင်စီမံကိန်းကို ကန့်ကွက်

White Star | 木曜日, 9月 20, 2012 |

 

၁၉-၉-၂၀၁၂ နေ့တွင် အမိမြေငြိမ်းချမ်းရေးမစ်ရှင်အဖွဲ့မှ မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် ကြေးနီတောင်ပတ်ဝန်းကျင်ရှိရွာများသို့ သွားရောက်ကာ ကျေးရွာသူကျေးရွာသားများနှင့် တွေ့ဆုံပြီး လတ်တလောဖြစ်ပေါ်နေသော ကြေးနီတောင် ပတ်ဝန်းကျင်ရွာများမှ ရွာသူရွာသားများ၏ အခြေအနေများကို မေးမြန်းခဲ့ကြပါတယ်။ လက်ရှိလုပ်ဆောင်နေသော တောင်များကိုဖြိုဖျက်ပြီး ကျေးရွာများကို အဓမ္မပြောင်းရွှေ့ခိုင်းစေမှုများ လယ်ယာမြေများသိမ်းပြီး မတရားနှင်ထုတ်မှုများကို မေးမြန်းခဲ့ကြပါတယ်။ ယင်းသို့ လုပ်ဆောင်နေမှုများကြောင့် ဒေသခံများမှ ဆိုးကျိုးများခံစားနေရမှုများကို သက်ဆိုင်ရာ အာဏာပိုင်များမှ အမြန်ဆုံးဖြေရှင်းပေးနိုင်စေရန် အကြံပြုတင်ပြသွားမယ်လို့ သိရပါသည်။
ဒေသခံများမည်သည့်အကျိုးစီးပွားများမဖြစ်ထွန်းဘဲ လယ်ယာမြေများသာ မတရားအသိမ်းပိုက်ခံနေရခြင်းမှာ ယခုအခါမသင့်လျော်ကြောင်း သက်ဆိုင်ရာအာဏာပိုင်များမှ သဘာဝ ပတ်ဝန်းကျင်ထိမ်းသိမ်းရေးနှင့် ကြေးနီတောင်ပတ်ဝန်းကျင်ဒေသမှ လူထု၏ ကျန်းမာရေး စီးပွားရေအတွက် ထည့်သွင်းစဉ်းစားရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။


 

Category:

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ