ဂျာမနီနိုင်ငံ အခြေစိုက် CONDOR လေကြောင်းလိုင်း နိုဝင်ဘာလ၆ရက်တွင် ရန်ကုန်မြို့နှင့် တိုက်ရိုက်လေကြောင်း ခရီးစဉ်စတင် ပျံသန်းမည်

White Star | 水曜日, 9月 19, 2012 |

condor
ရန်ကုန်မြို့နှင့် တိုက်ရိုက်ခရီးစဉ်ပြေးဆွဲမည့် ဘိုးရင်း 767-300 ER လေယာဉ် အားတွေ့ရစဉ် (ဓာတ်ပုံ-www.leveldsim.com)

ဂျာမနီနိုင်ငံ အခြေစိုက် Condor လေကြောင်းလိုင်းသည် ဂျာမနီနိုင်ငံ ဖရန့်ဖတ်မြို့မှ ရန်ကုန်မြို့သို့ နိုဝင်ဘာလ ၆ရက်နေ့တွင်တိုက်ရိုက် ခရီးစဉ် စတင်ပျံသန်းမည်ဖြစ်သည်။

Condor လေကြောင်းလိုင်း သည် ခရီးသည် ၂၆၈ဦးဆံ့၊ ဘိုးရင်း 767-300 ER လေယာဉ်ဖြင့် တစ်ပတ်လျှင် တစ်ကြိမ်၊ ရန်ကုန် မှ ဖရန့်ဖတ်သို့ စတင်ပျံသန်းမည် ဖြစ်သည်။

ဂျာမနီနိုင်ငံအခြေစိုက် Condor လေကြောင်းလိုင်းသည် ဂျာမနီနိုင်ငံ၊ ဖရန့်ဖတ်မြို့မှ ၂၀၁၂ခုနှစ်၊ နိုဝင်ဘာလ ၆ရက်နေ့တွင် ရန်ကုန် မြို့သို့စတင်ထွက်ခွာလာမည် ဖြစ် ကာ၊ ရန်ကုန်မြို့မှ ဖရန့်ဖတ်မြို့ သို့ နိုဝင်ဘာလ ၇ရက်နေ့တွင် ပြန်လည်ထွက်ခွာမည်ဟု သိရသည်။

ဂျာမနီနိုင်ငံအခြေစိုက် Condor လေကြောင်းလိုင်းသည် ၁၉၅၅ခုနှစ် တွင် စတင်တည်ထောင်ခဲ့ကာ A 320-321, Boeing 757-300, Boeing 767-300 လေယာဉ် ၃၅စီးဖြင့် ဥရောပ၊ အာရှ၊ အာဖရိက၊ မြောက်အမေရိက၊ တောင်အမေရိကတိုက်များရှိ နိုင်ငံပေါင်း ၆၀ ကျော်သို့ ခရီးစဉ်များ ပျံသန်းပြေး ဆွဲနေသည့် လေကြောင်းတစ်ခု ဖြစ်သည်။

လာမည့် ပွင့်လင်းရာသီကာလ ဖြစ်သော အောက်တိုဘာလမှ စတင်ကာ နိုင်ငံတကာ လေကြောင်းလိုင်း ရှစ်ခုခန့်မှ မြန်မာနိုင်ငံ ရန်ကုန် မြို့နှင့် တိုက်ရိုက်လေကြောင်း ခရီးစဉ်များ စတင်ပျံသန်းမည် ဖြစ်သည်။

ယင်းပြင်ကိုရီးယား လေကြောင်းလိုင်းသည်လည်း ရန်ကုန်-ဆိုးလ် တိုက်ရိုက်လေကြောင်း ပျံသန်းမှုအား စက်တင်ဘာလ ၁၃ရက်နေ့ တွင် စတင်ခဲ့ကြောင်း သတင်း ရရှိသည်။

Category:

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ