iPhone 5 ထွက်တော့မည်

White Star | 水曜日, 9月 12, 2012 |

Apple ကုမ္ပဏီ အမှတ်တံဆိပ်

မီဒီယာ

အသံ
TEXT SIZE
ဗွီအိုအေ (မြန်မာပိုင်း)
Apple ကုမ္ပဏီက ထုတ်မယ့် iPhone အသစ် အမျိုးအစား iPhone 5 ဒီကနေ့ ဗုဒ္ဓဟူးနေ့ မှာ စပြီး ရောင်းချမယ်လို့ ခန့်မှန်းနေကြပါတယ်။ iPhone 5 ကို 4G လို့ အများက သိကြတဲ့ စတုတ္ထမျိုးဆက် 4th Generation လက်ကိုင်ဖုန်း ကွန်ယက် နဲ့ ပဲ အသုံးပြု သွားရလိမ့်မယ်လို့ ခန့်မှန်းနေကြပါတယ်။

4G ကွန်ယက်ကို SAMSUNG ကုမ္ပဏီက ထုတ်လုပ်တဲ့ Galaxy S III အပြင် တခြားသော လက်ကိုင်ဖုန်း အမျိုးအစားတွေမှာလည်း လက်ရှိ အသုံးပြုနေကြပါတယ်။

iPhone 5 အသစ်ဟာ အရွယ်အစား ပိုပြီး ကြီးမယ်လို့ ခန့်မှန်းနေကြသလို လာမယ့် သီတင်း တပတ် နှစ်ပတ်အတွင်းမှာ စ ထုတ်လုပ်ရောင်းချမယ်လို့ ခန့်မှန်းနေကြပါတယ်။

Apple ကုမ္ပဏီရဲ့ iPhone ဈေးကွက်ဟာ ဆမ်ဆောင်းကုမ္ပဏီက ထုတ်တဲ့ Phone လောက် မရောင်းရပေမယ့် သူ့ဈေးကွက်ဟာ အခုထိ ခိုင်ခို်င်မာမာ ရှိနေပါတယ်။

Category:

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ