ဥပဒေမဲ့ ဖမ်းဆီးခဲ့သူများကို အရေးယူရန် လိုကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့ ပြောကြား

White Star | 水曜日, 4月 10, 2013 |


http://burma.irrawaddy.org/wp-content/uploads/2013/02/Ko-Bo-Kyi.jpg

တရားဥပဒေမဲ့ မတရား ဖမ်းဆီးခဲ့သူများကို တရားဥပဒေနှင့်အညီ အရေးယူရန် လိုအပ်ကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့ (AAPP) ၏ တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က ပြောကြားခဲ့သည်။
"ကျွန်တော်တို့ အစဉ်တစိုက် တောင်းဆိုခဲ့တဲ့ ကျန်ရှိနိုင်ငံရေး အကျဉ်းသားတွေကို ခြွင်းချက်မရှိ အမြန်လွှတ်ပေးရေးမှာ လွှတ်ပေးတာနဲ့တင် မလုံလောက်ဘူးလို့ မြင်ပါတယ်။ တရားဥပဒေမဲ့ ဖမ်းဆီးခြင်းမျိုးကိုလည်း မတရား မလုပ်ဖို့ တောင်းဆိုပါတယ်။ အခုလောလောဆယ် ကိုရဲမင်းဦးကို ဥပဒေနဲ့မညီဘဲ ဖမ်းဆီးခဲ့တာတွေ ရှိနေတယ်။ အစိုးရကိုယ်တိုင်က တရားဥပဒေကို ချိုးဖောက်နေတယ်လို့ မြင်ပါတယ်။ ချိုးဖောက်တဲ့ အရာရှိ ပုဂ္ဂိုလ်တွေကိုလည်း တရားဥပဒေအရ အရေးယူဖို့ လိုပါတယ်" ဟု ဦးဘိုကြည်က ပြောသည်။
ရခိုင်လူငယ်အဖွဲ့မှ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်ဖြစ်မြောက်ရေး ကော်မတီဝင် ကိုရဲမင်းဦးကို ပြီးခဲ့သည့် မတ် ၂၅ ရက် ညပိုင်းတွင် အမည်မသိ လူတစ်စုက ခေါ်ဆောင်သွားရာ ပြန်လည်ရောက်ရှိ မလာသဖြင့် ဗဟန်းရဲစခန်းတွင် လူပျောက်တိုင်ကြားထားရာ ဧပြီ ၄ ရက်တွင် အနောက်ပိုင်းခရိုင် တရားရုံး၌လည်းကောင်း၊ ဧပြီ ၈ ရက်တွင် ဗဟန်းတရားရုံး၌လည်းကောင်း ပုဒ်မ ၅၀၅ (ခ) ဖြင့် ခွင့်ပြုချက် မရရှိဘဲ ဆန္ဒထုတ်ဖော်မှုဖြင့် တရားစွဲခဲ့သည်။
ကျန်ရှိ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေးနှင့် ပတ်သက်၍ ဥရောပ ပါလီမန် EU အဖွဲ့ဝင်များသည် မြန်မာနိုင်ငံသို့ ဧပြီ ၃ ရက်မှ ၅ ရက်နေ့အထိ လာရောက်လေ့လာခဲ့ကြပြီး မြန်မာအစိုးရကို ကျန်ရှိနိုင်ငံရေး အကျဉ်းသားများကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့ကြသည်။
"ဥရောပ ပါလီမန်ရဲ့ တိုက်တွန်းချက်မှာ နိုင်ငံရေး အကျဉ်းသားတွေကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးရေးကို အကြွင်းမဲ့ ထောက်ခံတယ်။ လာမယ့် ၂၂ ရက်နေ့၊ ဘယ်လ်ဂျီယံမှာလုပ်မယ့် အီးယူအစည်းအဝေးမှာ ကျွန်တော်တို့ အနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အပြီးသတ် မကာကွယ်နိုင်သေးတာကြောင့် ကျွန်တော်တို့ကို ချထားတဲ့ sanction တွေကို ချက်ချင်းကြီး မရုတ်ပေးဖို့ ပြောပါမယ်။ ဒီနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေး အခြေအနေတွေကို တင်ပြဖြစ်ပါမယ်" ဟု ဦးဘိုကြည်က ပြောသည်။

Category:

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ