ကယန်းအလှ ရုပ်ရှင်ကား အာဆီယံဆု ရရှိ

မလေးရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ အာဆီယံ နိုင်ငံတကာ
ရုပ်ရှင်ပွဲတော်မှာ ကယန်းအလှ ရုပ်ရှင်ဇတ်ကားနဲ့ ဆုရခဲ့တဲ့ ဒါရိုက်တာ
အောင်ကိုလတ်ကို တွေ့ရစဉ်
photo: Kayan Beauties Facebook
အဲဒီရုပ်ရှင်ပွဲတော်မှာ အကဲဖြတ်ဒိုင်လူကြီးတွေပေးအပ်တဲ့ Best of Jury Award ဆုကို ဇာတ်ကား ရိုက်ကူးတင်ပြခဲ့တဲ့ ဒါရိုက်တာ အောင်ကိုလတ် ဆုရရှိခဲ့တာပါ။ အာဆီယံ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်က ပေးအပ်တဲ့ဆုကို ပထမဆုံးရရှိခဲ့တဲ့ မြန်မာနိုင်ငံက ရုပ်ရှင်ကားတစ်ကား ဖြစ်ပါတယ်။
ဒါရိုက်တာ အောင်ကိုလတ်နဲ့ တွေ့ဆုံမေးမြန်းခန်းကို RFA ရုပ်မြင်သံကြားအစီအစဉ်က ဧပြီလ ၈ ရက်နေ့ အစီအစဉ်မှာ ထုတ်လွှင့်ပေးပါမယ်။
Category: