ဆူပူလှုံဆော်သူများအဖြစ် သံဃာတော်များကို စွပ်စွဲခြင်း၊ ထိန်းသိမ်းခြင်းများ မပြုရန် တိုက်တွန်း
ဆူပူလှုံဆော်သူများအဖြစ် သံဃာတော်များကို စွပ်စွဲခြင်း၊ ထိန်းသိမ်းခြင်းများ မပြုရန် တိုက်တွန်း
မိုးမခအထောက်တော် ၀၀၃၊ ဧပြီ ၅၊ ၂၀၁၃
မတ်လ ၂၀ ရက်နေ့က
မိတ္ထိလာမြို့တွင် အရောင်းအ၀ယ်အချင်းများရာက စတင်ပြီး ဘာသာရေးအသွင် ဆောင်သော
အဓိကရုဏ်းဖြစ်ပွားပြီး မြိုံနယ်များအနှံ့ လူစုလူဝေးများဖြင့်
ဆူပူမှုများ၊ ဖျက်ဆီးမှုများ ပြန့်နှံ့ခဲ့ရာတွင် အဆိုပါ ဆူပူလှုံဆော်
အကြမ်းဖက်သူများကို ဖော်ထုတ်အရေးယူရန် ပြည်တွင်း ပြည်ပမှ ပြည်သူများနှင့်
အဖွဲ့အစည်းများက လက်ရှိအာဏာပိုင်အစိုးရကို တောင်းဆိုလျက်ရှိသည်။
အစိုးရကလည်း ဆူပူလှုံဆော်အကြမ်းဖက်သူများကို ဖော်ထုတ် ဖမ်းဆီး
စစ်ဆေးနေကြောင်း ထုတ်ပြန်လျက်ရှိသော်လည်း အတိအကျ ဖော်ပြခြင်း မရှိသေးပေ။
ထိုဖြစ်စဉ်များအတွင်း
ကျောင်းသားခေါင်းဆောင် ကိုရဲမင်းဦးကို အစိုးရလုံခြုံရေးအဖွဲ့က မတ်လ ၂၅
တွင် ရန်ကုန်မြို့တွင် အကြောင်းတစုံတရာ မပြဘဲ
ဖမ်းဆီးထိန်းသိမ်းထားကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။
ယခုမတ်လကုန်တွင်မူ ကိုရဲမင်းဦးကို လက်ရှိဆူပူလှုံဆော်မှုများတွင်
ပတ်သက်နေကြောင်း၊ သံဃာတော်များကို ကြိုးကိုင်ကြောင်း စွပ်စွဲမှုများဖြင့်
ကျောက်တံတားမြိုံနယ် တရားရုံးတွင် ပုဒ်မ ၅၀၅(ခ) (နိုင်ငံတော်ကို
အကြည်ညိုပျက်အောင်လုပ်မှု) တပ်ပြီး ရုံးထုတ်ခဲ့သည်ကို တွေ့ရသည်။
သို့ဖြစ်ပါ၍ အဆိုပါ
ကျောင်းသားခေါင်းဆောင်တဦးကို စွပ်စွဲရာမှ အစပြုပြီး နောက်ပိုင်း
သံဃာတော်များကိုပါ အကြမ်းဖက်မှုများ၊ ဆူပူလှုံဆော်မှုများတွင် ပါဝင်နေသည်ဟု
အစိုးရ၏ လုံခြုံရေးအဖွဲ့ဝင်များက စွပ်စွဲခြင်း၊ အမှုဆင်ခြင်း၊
ဖမ်းဆီးထိန်းသိမ်းခြင်းများ ဖြစ်ပွားလာမည်ကို စိုးရိမ်မိကြောင်း
ရန်ကုန်မြို့နေ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဖြစ်မြောက်ရေးကော်မီတီ)
နှင့် နီးစပ်သူ ပြည်သူတဦးက ပြောကြားလိုက်သည်။
“ဘာသာရေးအဓိကရုဏ်းလိုမျိုး၊
လူမျိုးရေးအဓိကရုဏ်းလိုမျိုး ဖြစ်မလာအောင် တားဆီး ကာကွယ်ဖို့ ဆရာတော်
သံဃာတော်တွေက ကြိုးစားနေကြတယ်။ ဆရာတော်ဦးဥာဏိသရ၊ ဆရာတော်ဦးဝီရသူ၊
ရွှေည၀ါဆရာတော် နဲ့ အခြားဆရာတော် သံဃာတော်တွေက ငြိမ်းချမ်းရေးအတွက်
ဟောပြောနေကြချိန်မျိုးမှာ အခုလိုမျိုး တရားလက်မဲ့ မစွပ်စွဲကြစေချင်ဘူး။”
ဟု နယူးယောက်မြို့နယ်က ဆရာတော် အရှင်ပညာနန္ဒက ၎င်း၏သဘောထားက မိန့်ကြားသည်။
(ဓာတ်ပုံ – CJ Myanmar, ငြိမ်းချမ်းရေးကို တိုက်တွန်းနေသော ကျောင်းသားလူငယ်များ ယမန်နေ့က ရန်ကုန်မြို့တွင် တွေ့ရစဉ်)
Category: