ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ခွင့် ဥပဒေ ပြင်ဆင်ရေး ထိပ်ပိုင်း ခေါင်းဆောင်များ အကြား သဘောထား ကွဲလွဲခဲ့

မကြာသေးမီကလေးကမှ အစိုးရနဲ့ လွှတ်တော်ရှိ
အနိုင်ရပါတီ USDP (ကြံ့ဖွံ့) ထိပ်ပိုင်း ခေါင်းဆောင်များအကြားတွင်
ဒေါ်အောင်ဆန်းစုကြည်အား သမ္မတဖြစ်ခွင့် ဥပဒေပြင်ဆင်ရေးအတွက် သဘောထား
ကွဲလွဲခဲ့ကြောင်း စစ်ဖက် နီးစပ်သူများက သတင်း ပေးပို့လာပါတယ်။
မြန်မာနိုင်ငံအား ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလ ဖေါ်ဆောင်ရာတွင် သဘောထားချင်း တူတာတွေကို ပေါင်းစပ် လုပ်ကိုင်သွားကြဖို့ သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ စတင် တွေ့ဆုံကတည်းက သဘောတူ ဆုံးဖြတ်ခဲ့ကြပါတယ်။ သူတို့နှစ်ဦး တွေ့ဆုံခဲ့စဉ် နှစ်ဦးနှစ်ဖက် အပြန်အလှန် ကတိကဝတ်ပြုမှု တနည်းအားဖြင့် စီးပွားရေး စကားအရ ပြောရရင် အပေးအယူ ရှိမှုဟာ သိမ်မွေ့နက်နဲပြီး လျှို့ဝှက်ခဲ့တာမျိုး ရှိကောင်းရှိနိုင်ပါတယ်။
တကယ်တမ်း မြန်မာနိုင်ငံရဲ့ စီးပွားရေး ချွတ်ချွံကျနေရာမှ ဦးမော့လာစေဖို့ဟာ စီးပွားရေးအရ ပိတ်ဆို့ထားတဲ့ အနောက်နိုင်ငံများရဲ့ Sanction ဥပဒေ ရုတ်သိမ်းလိုက်နိုင်ရန် လိုအပ်ပြီး အဲဒီလို ရုတ်သိမ်းလိုက်အောင်လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ တွန်းအားပေးမှု၊ တိုက်တွန်းမှု၊ ထောက်ခံချက်ပေးမှုကြောင့် ဖြစ်တယ်ဆိုတာ သမ္မတဦးသိန်းစိန်တို့ အနေနဲ့ အသိအမှတ် ပြုရမယ်လို့ စစ်ဖက်နီးစပ်သူများက ဆိုပါတယ်။ တင်းမာသူတချို့က ဒေါ်အောင်ဆန်းစုကြည် လုပ်ကွက်ကို ကြည့်ရဦးမယ်လို့ ဆိုတာကတော့ ယခုအခြေအနေမှာ ပြောလို့မရနိုင်တော့ပါ။ ဒါ့အပြင် အစိုးရရဲ့ ဘေးကျပ်နံကျပ် ဖြစ်နေရတဲ့ လက်ပန်းတောင်းတောင် အရေးအခင်းကြီးအပေါ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စုံစမ်းစစ်ဆေးရေး အစီရင်ခံစာဟာ အစိုးရဘက်ကို သာသာထိုးထိုး ရပ်တည် ပေးသွားပြန်တယ်လို့
ဆိုပါတယ်။ သာသာထိုးထိုး ရေးရတဲ့ အချက်တစ်ချက်ကို
ထောက်ပြရရင် နှိမ်နင်းခဲ့တဲ့ ရဲတွေအပေါ် ကိုင်တွယ်စီမံခဲ့တဲ့ တာဝန်ရှိသော
အုပ်ချုပ်ရေးပိုင်းက ပုဂ္ဂိုလ်တွေအပေါ် အရေးယူ ဆောင်ရွက်ဖို့ မပါဝင်တာ
ဖြစ်ပါတယ်။ အနောက်နိုင်ငံများက သိချင်နေတဲ့ အချက်ကလည်း
ဒေါ်အောင်ဆန်းစုကြည်ကို အစိုးရက ဘယ်လို နေရာပေးလာမလဲဆိုတာ ဖြစ်ပါတယ်။
ဘယ်အချိန်မှာ ဘယ်လို ဆောင်ရွက်ပေးမလဲ ဆိုတာကိုတော့ အစိုးရရဲ့အဖြေ
ရှိရတော့မှာ ဖြစ်ပါတယ်။မြန်မာနိုင်ငံအား ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလ ဖေါ်ဆောင်ရာတွင် သဘောထားချင်း တူတာတွေကို ပေါင်းစပ် လုပ်ကိုင်သွားကြဖို့ သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ စတင် တွေ့ဆုံကတည်းက သဘောတူ ဆုံးဖြတ်ခဲ့ကြပါတယ်။ သူတို့နှစ်ဦး တွေ့ဆုံခဲ့စဉ် နှစ်ဦးနှစ်ဖက် အပြန်အလှန် ကတိကဝတ်ပြုမှု တနည်းအားဖြင့် စီးပွားရေး စကားအရ ပြောရရင် အပေးအယူ ရှိမှုဟာ သိမ်မွေ့နက်နဲပြီး လျှို့ဝှက်ခဲ့တာမျိုး ရှိကောင်းရှိနိုင်ပါတယ်။
တကယ်တမ်း မြန်မာနိုင်ငံရဲ့ စီးပွားရေး ချွတ်ချွံကျနေရာမှ ဦးမော့လာစေဖို့ဟာ စီးပွားရေးအရ ပိတ်ဆို့ထားတဲ့ အနောက်နိုင်ငံများရဲ့ Sanction ဥပဒေ ရုတ်သိမ်းလိုက်နိုင်ရန် လိုအပ်ပြီး အဲဒီလို ရုတ်သိမ်းလိုက်အောင်လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ တွန်းအားပေးမှု၊ တိုက်တွန်းမှု၊ ထောက်ခံချက်ပေးမှုကြောင့် ဖြစ်တယ်ဆိုတာ သမ္မတဦးသိန်းစိန်တို့ အနေနဲ့ အသိအမှတ် ပြုရမယ်လို့ စစ်ဖက်နီးစပ်သူများက ဆိုပါတယ်။ တင်းမာသူတချို့က ဒေါ်အောင်ဆန်းစုကြည် လုပ်ကွက်ကို ကြည့်ရဦးမယ်လို့ ဆိုတာကတော့ ယခုအခြေအနေမှာ ပြောလို့မရနိုင်တော့ပါ။ ဒါ့အပြင် အစိုးရရဲ့ ဘေးကျပ်နံကျပ် ဖြစ်နေရတဲ့ လက်ပန်းတောင်းတောင် အရေးအခင်းကြီးအပေါ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စုံစမ်းစစ်ဆေးရေး အစီရင်ခံစာဟာ အစိုးရဘက်ကို သာသာထိုးထိုး ရပ်တည် ပေးသွားပြန်တယ်လို့
ပြီးခဲ့တဲ့ သင်္ကြန်ကာလမှာတော့ သွားလေသူ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထ
ဒါပေမဲ့ ကြံ့ဖွံ့ပါတီ ထိပ်ပိုင်းခေါင်းဆောင်များ ဖြစ်ကြတဲ့ သူရဦးရွှေမန်း၊ ဦးဌေးဦး၊ ဦးအောင်သောင်း၊ ဦးအောင်သိန်းလင်း၊ ဦးသိန်းဇော်၊ ဦးသောင်း၊ ဦးကျော်ဆန်း၊ ဦးတင်ထွဋ်၊ ဦးမောင်မောင်သိန်း စသည်တို့ ရှိကြတဲ့အနက် တင်းမာသူအချို့က ဒေါ်အောင်ဆန်းစုကြည်အပေါ် သံသယ ရှိနေဆဲလို့ ဆိုပါတယ်။ အမြင့်ဆုံး ဒေါ်အောင်ဆန်းစုကြည်အား ဒုသမ္မတအဖြစ်သာ ရှိနေစေချင်ပါတယ်။ ဦးဌေးဦးဆိုရင် ဥပဒေပြင်ဆင်ဖို့ လောလောဆယ် မဖြစ်နိုင်သေးဘူးလို့တောင် ပြောနေပါတယ်။ တဖန် ထိပ်ပိုင်း ခေါင်းဆောင်များအကြား ညွှန့်ပေါင်း အစိုးရအဖွဲ့ ပုံစံမျိုး သွားလို့ ရနိုင် မရနိုင် စဉ်းစား သုံးသပ်နေကြတယ်လို့ ဆိုပါတယ်။
ခက်တာက ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲဟာ ခန့်မှန်းရခက်နေပြီး NLD အဖို့ တိုင်းရင်းသား နယ်မြေတွေမှာ ယခင်ကလို လွယ်လွယ်ကူကူနဲ့ မဲများများ မရနိုင်သလို ကြံ့ဖွံ့ပါတီ အနေနဲ့လည်း ဦးကျိုးနေတဲ့ အကြောင်းရင်းတွေ အားနည်းချက်တွေကို ပြင်ဆင်ပြီးဖြစ်ပေမဲ့ ရွေးကောက်ပွဲမှာ ယခင်ကလို မဲမည်မျှ များများ ရနိုင်မလဲ ဆိုတာကလည်း မသေချာ မရေရာတဲ့ အခြေအနေမျိုးဘဲ ရှိနေပါသေးတယ်။
NLD နှင့် USDP ပါတီကြီးနှစ်ခုအနက် ပါတီ တစ်ခုခုက ယခင် ရွေးကောက်ပွဲများကဲ့သို့ အပြတ်အသတ် အနိုင် ရရှိသွားပါက Balance of Power ထိန်းနိုင်တဲ့ ညွှန့်ပေါင်းအစိုးရ ဖွဲ့တာမျိုး ခက်ခဲသွားမဲ့ အခြေအနေ ရှိနေပါတယ်။ ပါတီကြီးနှစ်ခု သူမသာ ကိုယ်မသာ ကပ်ပြီး အနိုင်ရမှသာ ညွှန့်ပေါင်းအစိုးရ ဖွဲ့တာမျိုး စိတ်ချရပါတယ်။ အရေးကြီးဆုံးက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းကိုယ်တိုင် ဥပဒေပြင်ဆင်ရေးအတွက် အဓိက ပုဂ္ဂိုလ်အဖြစ် မူတည်နေသလို နောက်ကွယ်မှာ ရှိနေတဲ့ ပစ်ပယ်လို့ မရနိုင်သေးတဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ သဘောထား မှတ်ချက်ကလည်း အဓိက အရေးပါဆဲ ဖြစ်ပါကြောင်း စစ်ဖက်နီးစပ်သူများက သုံးသပ် တင်ပြသွားပါတယ်။
Copy from - photayokeking
http://www.pnsjapan.org/2013/05/blog-post_7923.html#more