မြန်မာစက်သုံးဆီ ကုမ္ပဏီများထံ ဆီရောင်းချနေသော Bangchak Petroleum ကုမ္ပဏီ ၀န်ဆောင်မှုစင်တာ ယခုနှစ်အတွင်း ဖွင့်ရန်စီစဉ်

ဘန်ကောက်မြို့တွင်ရှိသည့် Bangchak ရေနံချက်စက်ရုံ (ဓာတ်ပုံ-Bangchak Co.,Ltd)
မြန်မာပုဂ္ဂလိက စက်သုံးဆီ ကုမ္ပဏီများထံ စက်သုံးဆီများ တင်သွင်း ရောင်းချနေသော Bangchak Petroleum Public ကုမ္ပဏီ လီမိတက်၏ ၀န်ဆောင်မှု စင်တာကို ယခုနှစ်အတွင်း စတင်ဖွင့်လှစ်မည် ဖြစ်ကြောင်း Bangchak Petroleum ကုမ္ပဏီ၏ မြန်မာနိုင်ငံဆိုင်ရာ မိတ်ဖက်အောင်နန်းသာ ကုမ္ပဏီလီမိတက်မှ မန်နေးဂျင်းဒါရိုက်တာ ဦးအောင်ကိုက ပြောကြားသည်။
ရန်ကုန်မြို့တွင် စက်သုံးဆီ ဖွင့်လှစ်ရန် အစီအစဉ် မရှိသော်လည်း မြန်မာ-ထိုင်း အဓိက နယ်စပ်ကုန်သွယ်ရေး မြို့ဖြစ်သည့် မြ၀တီမြို့တွင် Bangchak စက်သုံးဆီဆိုင် တစ်ဆိုင် ဖွင့်လှစ်ထားပြီး ဖြစ်သည်။ Bangchak သည် မြန်မာနိုင်ငံတွင် အဆင့်မြင့် စက်သုံးဆီ တစ်မျိုးဖြစ်သော Gasohol 95 ကို ယခုလတွင် စတင်ရောင်းချ ပေးသွားမည်ဖြစ်ပြီး မြန်မာစက်သုံးဆီ ဆိုင်အချို့ ၀ယ်ယူလိုသည့် 97 Ron နှင့် 98 Ron တို့ကိုမူ ထိုင်းအစိုးရမှ တင်ပို့ရောင်းချခွင့် ပိတ်ထားသောကြောင့် ရောင်းချနိုင်ဦးမည် မဟုတ်ကြောင်း သိရသည်။ Bangchak သည် မြန်မာနိုင်ငံသို့ စက်သုံးဆီ တင်ပို့ရောင်းချရာတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ မဲဆောက်မြို့သို့ လီတာလေးသောင်းဆံ့ ဆီသယ်ယာဉ်များဖြင့် တင်ဆောင်လာပြီး မဲဆောက်မြို့မှ မြ၀တီဘက်သို့ သောင်ရင်းမြစ်ဖြတ် ပိုက်လိုင်းများဖြင့် သယ်ယူခြင်းဖြစ်သည်။ ထို့နောက် မြ၀တီ မြို့မှတစ်ဆင့် စက်သုံးဆီဆိုင်များ တည်ရှိရာ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်မြို့များသို့ ဆီသယ်ယာဉ်များဖြင့် တင်ပို့ရောင်းချခြင်း ဖြစ်ကြောင်း သိရသည်။
''ဒီက ဆီဆိုင် အများစုက ထိုင်းနဲ့ စင်ကာပူကနေ ၀ယ်တာများပါတယ်။ Bangchak က ကုန်ကြောင်းကနေ သယ်တော့ ဈေးတော့ နည်းနည်းများတယ်။ အရည်အသွေးက ကောင်းပေမယ့် သယ်ရတဲ့လမ်းကြောင်း ရှည်တော့ ဆီခိုးတာ၊ ဆီရောတာတွေ ရှိနိုင်တယ်။ အဲဒီလိုဖြစ်လည်း ဖြစ်ခဲ့တော့ သူတို့အနေနဲ့ အခုထက် အရည်အသွေးကို အာမခံသင့်တယ်။ ရန်ကုန်မှာဖွင့်မယ့် ၀န်ဆောင်မှု စင်တာမှာ ကုမ္ပဏီတွေကို ရောင်းထားတဲ့ ဆီတွေရဲ့ အရည်အသွေးကို ပြန်စစ်ပေးမယ့် ဓာတ်ခွဲခန်းမျိုး ထားပေးရင် ကောင်းတာပေါ့'' ဟု စက်သုံးဆီဆိုင် တစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
Bangchak သည် မြန်မာနိုင်ငံသို့ ဓာတ်ဆီ၊ အောက်တိန်းနှင့် ဒီဇယ်ဆီတို့ကို အဓိက ရောင်းချပေးနေပြီး ဓာတ်ဆီ၊ အောက်တိန်း၊ ဒီဇယ်၊ ရေနံဓာတ်ငွေ့ရည်၊ လေယာဉ်ဆီ၊ ပါဝါဆီ၊ အက်သနော၊ ဘိုင်အိုဒီဇယ်၊ စက်ရုံသုံးဆီကြမ်း စသည့် ဆီအမျိုးမျိုးကို ထုတ်လုပ်လျက်ရှိသော ထိုင်းနိုင်ငံ၏ ထိပ်တန်းစက်သုံးဆီ ကုမ္ပဏီတစ်ခု ဖြစ်သည်။ တစ်နေ့လျှင် ရေနံစည်ပေါင်း ၁၂၀၀၀၀ ချက်လုပ်နိုင်ပြီး ၂၀၁၂ ခုနှစ်အတွင်း လီတာ ၂၂၃ သန်း ရောင်းချနိုင်ခဲ့သည်။
Bangchak သည် မြန်မာနိုင်ငံသို့ ဓာတ်ဆီ၊ အောက်တိန်းနှင့် ဒီဇယ်ဆီတို့ကို အဓိက ရောင်းချပေးနေပြီး ဓာတ်ဆီ၊ အောက်တိန်း၊ ဒီဇယ်၊ ရေနံဓာတ်ငွေ့ရည်၊ လေယာဉ်ဆီ၊ ပါဝါဆီ၊ အက်သနော၊ ဘိုင်အိုဒီဇယ်၊ စက်ရုံသုံးဆီကြမ်း စသည့် ဆီအမျိုးမျိုးကို ထုတ်လုပ်လျက်ရှိသော ထိုင်းနိုင်ငံ၏ ထိပ်တန်းစက်သုံးဆီ ကုမ္ပဏီတစ်ခု ဖြစ်သည်။ တစ်နေ့လျှင် ရေနံစည်ပေါင်း ၁၂၀၀၀၀ ချက်လုပ်နိုင်ပြီး ၂၀၁၂ ခုနှစ်အတွင်း လီတာ ၂၂၃ သန်း ရောင်းချနိုင်ခဲ့သည်။
ထိုင်းနိုင်ငံအတွင်း ဆီဆိုင်ပေါင်း ၁၀၇၂ ဆိုင် ဖွင့်လှစ်ထားကာ မြန်မာနိုင်ငံ မြ၀တီမြို့တွင် ဆီဆိုင်တစ်ဆိုင် ဖွင့်လှစ်ပြီး ဖြစ်သည်။ ထိုင်းနိုင်ငံရှိ အဓိက စက်သုံးဆီဆိုင်များမှာ Ptt၊ Esso၊ Shell၊ Bangchak တို့ဖြစ်ပြီး ၂၀၁၂ ခုနှစ်အတွင်း Bangchak သည် ဓာတ်ဆီ ရောင်းချမှုတွင် အဆင့်(၂)နှင့် ဒီဇယ်ဆီရောင်းချမှုတွင် အဆင့်(၃) နေရာ ရှိခဲ့ကြောင်း သတင်းရရှိသည်။
Category:



