သမ္မတ ဦးသိန်းစိန်၏ မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံရန် ဖိတ်ခေါ်မှု နိုင်ငံတကာက သံသယရှိနေဆဲ

hnm | 土曜日, 7月 20, 2013 |




 မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ ဆက်လက်ဆောင်ရွက်သွားဖို့၊ ဗြိတိန်နိုင်ငံမှာ ကတိပြုပြောဆိုခဲ့တဲ့အတိုင်း နိုင်ငံရေး အကျဉ်းသားတွေကို ခြွင်းချက်မရှိ အမြန်ဆုံးပြန် လွှတ်ပေးဖို့၊ ဘာသာရေး၊ လူမျိုးရေး အကြမ်းဖက် မှုတွေနဲ့ ပတ်သက်ပြီး စုံစမ်းအရေးယူဖို့ ပြင်သစ် သမ္မတက တိုက်တွန်းခဲ့ပြီး၊ မြန်မာနိုင်ငံ မှာ ပြည်တွင်းရေး ပဋိပက္ခတွေ ကြာရှည်စွဲမြဲနေတဲ့ အပေါ် စိုးရိမ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

သမ္မတဦးသိန်းစိန်ဘက်ကလည်း မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ တည်ငြိမ်မှု ရှိနေပြီ၊ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ကိုက်ညီတဲ့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု ဥပဒေဆိုတာလည်း ရှိနေပြီဖြစ်တဲ့
အကြောင်းနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို အတားအဆီးဖြစ်စေခဲ့တဲ့ အရင်တုန်းက ပိတ်ဆို့တားဆီးမှု
မျိုးတွေလည်း မရှိတော့ဘူးလို့ ပြင်သစ်စီးပွားရေးလုပ်ငန်းရှင်တွေကို ပြန်လည် ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
 မြန်မာနိုင်ငံရဲ့  ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေဟာ နှေးကွေးလွန်းတဲ့အတွက်
လက်တွေ့ မှာအကောင်အထည်မဖော်နိုင်သေးပါဘူး။နိုင်ငံခြားရင်းနှီးမြုတ်နှံမှုတွေကလည်း
တရှိန်ထိုးဝင်လာပြီး လက်တွေ့ ကျကျလုပ်ကိုင်နေတာ နည်းနေသေးပါတယ်။စိတ်ဝင်စားတဲ့နိုင်ငံ
တွေတော်တော်များရှိပေမဲ့ လုပ်ငန်းအကောင်အထည်ဖော်ဆောင်မှု အားနည်းနေတာတွေ့ ရပါတယ်။
ရင်းနှီးမြုတ်နှံမှု ဥပဒေတွေအပေါ်မှာလည်း သံတယရှိနေသေးပါတယ်။လွတ်လပ်မှုနဲ့ လူ့ အခွင့်အရေး
အလုပ်သမားအခွင့်အရေးနဲ့  ဥပဒေစိုးမိုးမှု ပဋိပက္ခပြဿနာတွေထပ်မဖြစ်ဖို့  တိုင်းပြည်တည်ငြိမ်အေး
ချမ်းမှု စသည်တို့ အပြင် စစ်အာဏာရှင်စနစ် အမြစ်မဖြတ်သေးတာတွေ ရှိနေသေးတာကြောင့်
နိုင်ငံတကာအနေဖြင့် စိုးရိမ်မကင်းမှုတွေရှိတာဖြစ်ပါတယ်။
စစ်မှန်တဲ့ ဒီမိုကရေစီအစိုးရတရပ် ပေါ်ပေါက်လာရေးဟာလည်း အနောက်နိုင်ငံများ၏ ရည်မှန်းချက်
တခုဖြစ်ပြီး ထိုနိုင်ငံမှ သိန်းစိန်အစိုးရအပေါ် NGO အဖွဲ့ အစည်းများ၏ ဝေဖန်မှုများလည်း ရှိနေတာ
ကြောင့်  ရင်းနှီးမြုတ်နှံမှုဟာ ထင်ထားသလောက်မဖြစ်လာသေးပေ။ လက်ရှိအစိုးရ၏ ပြောင်းလဲမှု
ဟာလည်း နိုင်ငံရေးအကျင်းသားတွေရှိနေသေးတာရယ်၊လွတ်လပ်စွာဆန္ဒပြတောင်းဆိုသူတွေကို
ဖမ်းဆီးထားတာ၊တောင်သူလယ်သမားတွေရဲ့ မြေတွေကို စစ်တပ်ကသိမ်းယူထားတာတွေ၊ တိုင်းရင်း
သားနယ်မြေတွေမှာ စစ်ပွဲဆက်ဖြစ်နေတာတွေကြောင့် တိုင်းပြည်မငြိမ်းမသက်ဖြစ်နေမှု၊ကလေးစစ်
သားရှီနေမှု၊လွှတ်တော်မှာ စစ်သား ၂၅ ရာခိုင်နှုန်းပါဝင်နေတာတွေကြောင့် စီးပွားရေးရင်းနှီးမြုတ်နှံ သူတွေအဖို့  စိုးရိမ်မကင်းဖြစ်လာနေပါတယ်။

ဒါကြောင့် စစ်မှန်တဲ့ အရပ်သားအစိုးရတရပ်ပေါ်လာရေး အခြေခံဥပဒေတွေကိုပြန်လည်ပြင်ဆင်ရေး၊ ဥပဒေစိုးမိုးရေးနဲ့ ဒီမိုကရေစီစံနှုန်းတွေကိုအလေးထားပြင်ဆင်ကာ လွတ်လပ်မှုနဲ့ လူ့ အခွင့်အရေး
တွေကိုအလေးထားမှသာ ဒီမိုကရေစီအနောက်နိုင်ငံတွေက လက်ခံလာမှာဖြစ်ပါတယ်။

 ဦးသိန်းစိန်၏ကျနော်တို့တိုင်းပြည်မှာနိုင်ငံရေးအကျဉ်းသားဆိုတာမရှိပါဘူး(၂၀၁၀ခှုနှစ်အင်ဒိုနီးရှား
နိုင်ငံဘာလီကျွန်း အာဆီယံထိပ်သီးအစည်းအဝေးတွင် သမ္မတဦးသိန်းစိန်ပြော)ခဲ့ပြီး။
ကျန်ရှိနေတဲ့ လက်ကျန်နိုင်ငံရေးအကျဉ်းသားတွေကို တစ်ယောက်မကျန် လွှတ်ပေးမှာဖြစ်ပါတယ်လို့ 

(၂၀၁၃အင်္ဂလန်သို့ရောက်ရှိနေစဉ်အတွင်း သမ္မတဦးသိန်းစိန်ပြော)ခဲ့၏။ ထိုသို့ ရှေ့ နောက်မညီတဲ့ 
သမ္မတ ဦးသိန်းစိန်အစိုးရက နိုင်ငံတကာကို အကြိမ်များစွာ ထပ်တလှဲလှဲ ဖိတ်ခေါ်နေပေမဲ့ ထိထိရောက်ရောက်ဝင်ရောက်လာခြင်း မရှိပဲ ရင်းနှီးမြုတ်နှံရန် ယုံကြည်ဖို့ ခက်နေရတဲ့ 
အခြေအနေဖြစ်နေရပါတယ်။EU အနောက်နိုင်ငံများက စစ်မှန်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို 
ရောက်ရှိလာအောင် တိုက်တွန်းမှုတွေရှိနေတယ်ဆိုတာ ဦးသိန်းစိန်ရဲ့  အင်္ဂလန် ပြင်သစ်ခရီးစဉ်က
နေ တွေ့ မြင်ရပါတယ်။ 

http://luthuorthan.blogspot.jp/2013/07/blog-post_5038.html?m=0#more

Category: , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ