ဧရာဝတီတိုင်းမှ ထိုင်းသို့ လူကုန်ကူးသူများကို ဖမ်းဆီး

hnm | 月曜日, 9月 02, 2013 |




ဧရာဝတီတိုင်းဒေသကြီးမှ ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်လိုသူများကို လူကုန်ကူးသည်ဆိုသည့် ပုသိမ်မြို့နယ် ရွှေသောင်ယံ မြို့နယ်ခွဲ ချောင်းသာကျေးရွာ နေထိုင်သူ ဇနီးမောင်နှံအား လူကုန်ကူးမှုဖြင့် သြဂုတ်လ ၂၈ ရက်နေ့က ပုသိမ်မြို့ အမှတ် (၁) ရဲစခန်း (အသည်ကြီးရဲစခန်း) တွင် ဖမ်းဆီးအမှုဖွင့်ထားကြောင်း ပုသိမ်မြို့ လူကုန်ကူးမှု တားဆီးရေး တပ်ဖွဲ့စုထံမှ သိရသည်။

ငပုတောမြို့နယ် ဟိုင်းကြီးမြို့နယ်ခွဲ ကမ္မာကျေးရွာတွင် နေထိုင်သည့် ဦးမျိုးဇော်နှင့် ဦးဝင်းညွှန့်အောင်တို့ကို ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန် တရားမဝင် ပို့ဆောင်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် လူကုန်ကူးခဲ့သည်ဆိုသည့် ဦးစိုးသီဟနှင့် ဇနီးဖြစ်သူတို့ကို ပုသိမ်မြို့ အမှတ် ၁ ရဲတပ်ဖွဲ့စခန်းတွင် (ပ) ၁၆၃/၂၀၁၃ ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေပုဒ်မ ၂၆ ဖြင့် အမှုဖွင့်ထားကြောင်း အဆိုပါ ရဲတပ်ဖွဲ့စခန်းထံမှ သိရသည်။

အဆိုပါ လူကုန်ကူးသည်ဟု ယူဆရသူ ဇနီးမောင်နှံက ထိုင်းနိုင်ငံ ဆိုလာစက်ရုံတွင် တစ်နေ့လုပ်အားခ ထိုင်းဘတ် ၄၀၀ ရရှိမည်ဆိုကာ ဇူလိုင်လ ၁၀ ရက်နေ့တွင် မြဝတီမြို့သို့ ပို့ဆောင်ပြီး ပို့ဆောင်ခ ကျပ်လေးသိန်းနှစ်သောင်း တောင်းဆိုသော်လည်း ကျပ်သုံးသိန်းသာ ပေးနိုင်သဖြင့် နိုင်ငံကူး လက်မှတ်၊ ဗီဇာနှင့်ကျန်ငွေတို့ကို ထိုင်းနိုင်ငံ ရောက်သည့်အခါမှ လက်ခံရယူရန် သဘောတူညီမှု ရရှိခဲ့ပြီးနောက် ထိုင်းနိုင်ငံ မယ်သောင်ကမ်းခြေ ရောက်ရှိသော်လည်း နိုင်ငံကူးလက်မှတ် မထုတ်ပေးသည့်အတွက် ရောင်းစားခံရမည် စိုးရိမ်ကာ ထွက်ပြေးလာပြီး သက်ဆိုင်ရာကို တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း လူကုန်ကူးခြင်းခံရသူ ဦးမျိုးဇော်နှင့် ဦးဝင်းညွန့်တို့က ပြောကြားသည်။

The Voice Weekly

http://www.thithtoolwin.info/2013/09/blog-post_4919.html#.UiVRSDaSKoU

Category: , , , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ