မြန်မာတယ်လီကွန်း ဈေးကွက်နှင့် နိုင်ငံတကာ ဆက်သွယ်ရေး လုပ်ငန်းများကို ဆက်သွယ်ပေးမည့် Myanmar Connect 2013 ဆွေးနွေးပွဲ ကျင်းပမည်

White Star | 火曜日, 9月 03, 2013 |

Naypyidaw. Myanmar international convention centre
Myanmar International Convention Center (MICC) 

မြန်မာနိုင်ငံ၏ တယ်လီကွန်း ဈေးကွက်နှင့် နိုင်ငံတကာ ဆက်သွယ်ရေး လုပ်ငန်းများကို ဆက်သွယ်ပေးမည့် Myanmar Connect 2013 ထိပ်သီး အစည်းအဝေးပွဲကို နေပြည်တော်ရှိ Myanmar International Convention Center (MICC) တွင် စက်တင်ဘာ ၁၀ ရက်နှင့် ၁၁ ရက်များတွင် ပြုလုပ်သွားမည်ဟု သိရသည်။
အဆိုပါ အစည်းအဝေးပွဲကို ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြတ်ဟိန်းက ဖွင့်လှစ်ပေးမည် ဖြစ်သည်။
မြန်မာနိုင်ငံ အတွင်းရှိ ဆက်သွယ်ရေး ၀န်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ခွင့်ရှိသည့် MICT၊ MPT၊ PDT၊ ရတနာပုံတယ်လီပို့၊ အော်ရီဒူးနှင့် တယ်လီနော် မြန်မာတို့ကို ကမ္ဘာ့စီးပွားရေး စင်မြင့်ထက်တွင် ပေါင်းစည်း ပေးသွားမည်ဟု ဆိုသည်။
အဆိုပါ အစည်းအဝေးသို့ MPT ၏ မန်နေဂျင်းဒါရိုက်တာ ဦးအောင်မော်၊ ရတနာပုံတယ်လီပို့ ကုမ္ပဏီ၏ စီအီးအို ဦးတင်ဝင်း၊ တယ်လီနော် ကုမ္ပဏီ၏ စီအီးအို မစ္စတာပတ်တာ ဖားဘတ်နှင့် အော်ရီဒူး ကုမ္ပဏီ စီနီယာ ကိုယ်စားလှယ်ဖြစ်သူ ရော့စ်ကောမတ်တို့ တက်ရောက်ကြမည်ဟု သိရသည်။
အစည်းအဝေးတွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းလိုင်စင်ကို လက်ဝယ်ရရှိထား သူများက ၎င်းတို့ ရှေ့ဆက်လုပ်ကိုင်မည့် အစီအစဉ်များကို ယှဉ်ပြိုင်လုပ်ကိုင်မည့် သူများနှင့် အကျိုးတူ ပူးပေါင်းလုပ်ကိုင်မည့် သူများကို ရှင်းလင်းပြောကြား နိုင်မည်ဖြစ်သည်။
အဆိုပါ အစည်းအဝေးနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲကို စက်တင်ဘာ ၁၀ ရက် မွန်းလွဲ ၁ နာရီ ၅၀ မိနစ် တွင် ပြုလုပ်သွားမည်ဖြစ်ပြီး အစည်းအဝေးပွဲ တက်ရောက်မည့် သူများက ရှင်းလင်းပြောကြားမည် ဖြစ်ကြောင်း သိရသည်။


Category:

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ