ဘန်ကီမွန်း သမ္မတ ဦးသိန်းစိန်နှင့် တွေ့မည်

White Star | 金曜日, 10月 11, 2013 |


ကုလအတွင်းရေးမှူးချုပ်နဲ့ မြန်မာသမ္မတ ၂၀၁၂၊ ဧပြီလက တွေ့ဆုံခဲ့ကြစဉ်။
ကုလအတွင်းရေးမှူးချုပ်နဲ့ မြန်မာသမ္မတ ၂၀၁၂၊ ဧပြီလက တွေ့ဆုံခဲ့ကြစဉ်။

မီဒီယာ

အသံ
TEXT SIZE 
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းဟာ အောက်တိုဘာလ ၁၁ ရက် သောကြာနေ့ မနက်ပိုင်းမှာ မြန်မာသမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံပြီး လူအုပ်စုချင်းဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေ ပြေလည်ရေး အတွက် ဆွေးနွေးဖို့ ရှိတယ်လို့ ပြောလိုက်ပါတယ်။

ဘရူနိုင်းနိုင်ငံမှာကျင်းပတဲ့ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ ASEAN ထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေအတွက် အတွင်းရေးမှူးချုပ် ဘန်ကီမွန်းနဲ့ သမ္မတဦးသိန်းစိန်တို့ ဘရူနိုင်းနိုင်ငံမှာရောက်နေကြတာပါ။

မြန်မာနိုင်ငံ ဒီမိုကရေစီဖော်ဆောင်ရေးမှာ သိသိသာသာ အောင်မြင် တိုးတက်မှုတွေ ရှိနေပေမဲ့ ရခိုင်ပြည်နယ်ဘက်မှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေအပါအ၀င် စိန်ခေါ်မှုတွေ အများကြီးရှိနေသေးတယ်လို့လည်း ဘန်ကီမွန်းကဆိုပါတယ်။

ဒီပြဿနာတွေအတွက် နှစ်ဘက်တွေ့ဆုံဆွေးနွေးမှုဖြစ်နိုင်ရေးနဲ့ ငြိမ်းချမ်းရေးဆိုင်ရာမူဝါဒတွေ ချမှတ်ဆောင်ရွက်နိုင်ဖို့လည်း သူနဲ့ တကွ သူ့ရဲ့အထူးအကြံပေးပုဂ္ဂိုလ်ဖြစ်သူ မစ္စတာ ဗီဂျေး နမ်ဘီးယား (Vijay Nambia) တို့က တိုက်တွန်းနေကြပါတယ်လို့ အတွင်း ရေးမှူးချုပ်က ပြောပါတယ်။

Category:

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ