အိန္ဒိယဘုရားဖူး ၅၀ ကျော် လူပိသေဆုံး

White Star | 日曜日, 10月 13, 2013 |


မီဒီယာ

TEXT SIZE 
ဗွီအိုအေ (မြန်မာဌာန)
အိန္ဒိယနိုင်ငံ၊ မာဒီယာပရာဒတ်ရှ် (Madhya Pradesh) ပြည်နယ် ဒါဆီယာ (Datia) ခရိုင်က ဟိန္ဒူ ဘုရားကျောင်း တစ်ကျောင်းရဲ့အပြင် တံတားပေါ်မှာ လူတွေ တစ်ယောက်နဲ့တစ်ယောက် ပိမိပြီးတော့ လူပေါင်း ၅၀ ကျော် သေဆုံးသွားရတယ်လို့ အိန္ဒိယအရာရှိတွေက ပြောပါတယ်။

တနင်္ဂနွေနေ့က ဖြစ်ပွားတဲ့ ဒီထိခိုက်မှုကြောင့် လူပေါင်းအနည်းဆုံး ၁၀၀ လည်း ဒဏ်ရာရသွားတာပါ။ ဒီတံတား ကျိုးကျတော့မယ်ဆိုတဲ့ ကောဠဟာလထွက်လာပြီးတော့ လူတွေ ရုန်းရင်းဆန်ခတ်ပြေးလွှားကြလို့ တစ်ဦးနဲ့တစ်ဦး နင်းမိကုန်တာဖြစ်ပါတယ်။

တံတားက ဆင်းမြစ် (Sindh River) ကိုဖြတ်ပြီး ဆောက်ထားတာဖြစ်ပြီး ဘာသာရေးပွဲတော်တစ်ခုအတွက် လူတွေ တံတားကိုဖြတ်ကူးလာကြတာပါ။ အိန္ဒိယနိုင်ငံ ဘာသာရေးပွဲတော်တွေမှာ အခုလို လူနင်းမိလို့ သေဆုံးရတဲ့ သာဓကတွေအများကြီး ရှိထားပါတယ်ရှင်။

Category:

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ