ဒီဂျစ်တယ်စနစ်ဖြင့် ထုတ်လွှင့်မည့်ရုပ်သံလိုင်းသုံးလိုင်းတွင် တိုင်းရင်းသားဘာသာစကား ၁၁ မျိုးနှင့် စတင်ထုတ်လွှင့်ပေးသွားမည်

White Star | 木曜日, 10月 17, 2013 |


C.17.10.2013
Digital စနစ်ဖြင့် ပြောင်းလဲ ထုတ်လွှင့်ခြင်းနှင့် ရုပ်သံလိုင်းများတိုးချဲ့ထုတ်လွှင့်ခြင်း အခမ်းအနားကိုတွေ့ရစဉ်
ဒီဂျစ်တယ်စနစ်ဖြင့် ထုတ်လွှင့်မည့် ရုပ်သံလိုင်း သုံးလိုင်းတွင် တိုင်းရင်းသား ဘာသာစကား ၁၁ မျိုးဖြင့် ထုတ်လွှင့်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ဒီဂျစ်တယ်စနစ်ဖြင့် စတင်ထုတ်လွှင့်မည့် ရုပ်သံလိုင်းများမှာ လွှတ်တော် ရုပ်သံလိုင်း၊ တိုင်းရင်းသား လူမျိုးများ ရုပ်သံလိုင်း၊ တောင်သူလယ်သမားများကဏ္ဍ ရုပ်သံလိုင်းများ ဖြစ်သည်။
ဒီဂျစ်တယ်စနစ်ဖြင့် ရုပ်သံလိုင်းသုံးလိုင်းအား ထုတ်လွှင့်ချိန် တစ်ရက်ရှစ်နာရီ နှစ်ကြိမ် ထုတ်လွှင့်မည်ဖြစ်ပြီး ကချင်ဘာသာ၊ စကော ကရင်ဘာသာ၊ အနောက်ပိုး ကရင်ဘာသာ၊ အရှေ့ပိုး ကရင်ဘာသာ၊ ချင်း(လိုင်ဝိုး) ဘာသာ၊ ချင်း (ချိုး)ဘာသာ၊ မွန်ဘာသာ၊ ရခိုင်ဘာသာ၊ ရှမ်းဘာသာနဲ့ ၀ ဘာသာစသည့် ဘာသာ ၁၁ ဘာသာဖြင့် ထုတ်လွှင့်သွားမည် ဖြစ်သည်။
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးပိုက်ထွေးက "၂၀၁၃ ခုနှစ် အောက်တိုဘာ ၁၅ ရက်ကစလို့ ရုပ်သံလိုင်းအသစ် သုံးခုရဲ့ အစီအစဉ်တွေကို ပုံမှန်စတင် ထုတ်လွှင့်တော့မှာ ဖြစ်ပါတယ်။ ဒီလို ထုပ်လွှင့်ရာမှာ ပထမအဆင့်အနေနဲ့ ရန်ကုန်၊ မန္တလေး (စစ်ကိုင်း)၊ ပျဉ်းမနား၊ တပ်ကုန်းမှရှိတဲ့ စက်ရုံလေးရုံက စတင်ထုတ်လွှင့်မှာ ဖြစ်ပါတယ်။ ဒုတိယ အဆင့်အနေနဲ့ မြစ်ကြီးနား၊ တောင်ကြီး၊ ကျိုင်းတုံ၊ လားရှိုး၊ စစ်တွေ၊ မင်းဘူး၊ ကလေး(ကနေဒီ)၊ ဖလမ်း၊ ပုပ္ပား၊ မိတ္ထီလာ၊ တောင်ငူ၊ ညောင်လေးပင်၊ ပဲခူး၊ ပြည်၊ လွိုင်ကော်၊ မော်လမြိုင်၊ ဘားအံ၊ ကျောင်းကုန်း၊ ပုသိမ်၊ ဟင်္သာတနဲ့ ထားဝယ်စတဲ့ မြို့များမှာရှိတဲ့  စက်ရုံ ၂၁ ရုံမှာ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလကနေ ၂၀၁၄ ခုနှစ်အတွင်း ဒီဂျစ်တယ် လွှင့်စက်တွေ ဆက်လက်တပ်ဆင် ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်" ဟု ပြောကြားခဲ့သည်။
၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်အတွင်း စက်ရုံ ၅၆ ရုံ၊ စတုတ္ထ အဆင့်အနေနဲ့ ၂၀၁၅- ၂၀၁၆ ဘဏ္ဍာရေးနှစ်အတွင်း စက်ရုံ ၁၁၀၊ ပဉ္စမအဆင့် အနေနဲ့ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွင်း စက်ရုံ ၆၆ ရုံတို့ကို ဒီဂျစ်တယ် စနစ်နဲ့ ပြောင်းလဲ ထုတ်လွှင့်သွားမည် ဖြစ်ကြောင်း သိရသည်။

Category:

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ