မောင်တော နယ်စပ် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ဆက်လက်ထုတ်ပြန်

hnm | 金曜日, 10月 11, 2013 |



။လွန်ခဲ့သည့် ၂၀၁၂ခုနှစ် ဇွန်၈ရက် မှစတင်ထုတ်ပြန်ခဲ့သည့် မောင် တောနယ်စပ် ညမထွက်ရအမိန့် ပုဒ်မ၁၄၄ကို ၂၀၁၃ခုနှစ် အောက် တိုဘာ၈ရက်က ဆက်လက်ထုတ် ပြန်လိုက်ကြောင်း သိရသည်။

ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ၁၄၄ကို အောက်တိုဘာ ၈ ရက်တွင် ကိုးကြိမ်မြောက်အဖြစ် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ယခင်ထုတ် ပြန်ထားသည့် အချိန်အတိုင်း ည ၁ဝနာရီမှ နံနက် ၄နာရီအထိကို ညမထွက်ရအမိန့်အဖြစ် သတ် မှတ်ကြောင်း မြို့နယ်အုပ်ချုပ်ရေး ဌာနမှ မြို့ပေါ်သို့ အသံချဲ့စက် များဖြင့် ည၆နာရီတွင် လိုက်လံ ကြေညာခဲ့ကြောင်း သိရသည်။

ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ ဆက်လက်ထုတ်ပြန် လိုက်သည့်အတွက် မောင်တော မြို့နယ်အတွင်း အများပြည်သူနှင့် ဆိုင်သည့်နေရာများတွင် လူငါး ဦး(သို့မဟုတ်) ငါးဦးထက်ပိုသော သူများ စုဝေးခြင်းမပြုရန် တား မြစ်ထားကြောင်း သိရသည်။

ပုဒ်မ၁၄၄ ထုတ်ပြန်ထား ချက်ကို နားမလည်သူတချို့က မောင်တောမြို့နယ် တွင် ဘင်္ဂါလီ များကို ဗလီတက်ခွင့်ပိတ်ထား သည်ဟု ဖေ့စ်ဘွတ်ခ်စာမျက်နှာ တချို့တွင် ရေးသားဖော်ပြနေခြင်း မှာ ဌာနဆိုင်ရာများကို အမှား ကောက် အထင်အမြင်လွဲမှားနေ ခြင်းသာဖြစ်ပြီး ဗလီတက်ရောက် ခြင်းနှင့်ပတ်သက်၍ တစ်စုံတစ်ရာ အမိန့်ထုတ်ပြန်ထားခြင်း မရှိဘဲ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် နယ်မြေဖြစ်သည့်အတွက် အများ ပြည်သူနှင့်သက်ဆိုင်သည့် လမ်းမ ကြီးများ၊ လမ်းသွယ်၊ လမ်းကြား၊ ပန်းဥယျာဉ်၊ ဗလီ စသည်တို့တွင် လူငါးဦးထက် ပိုမစုရခြင်းသာဖြစ် ကြောင်း ဥပဒေရေးရာကျွမ်းကျင် သူ ဌာနဆိုင်ရာအကြီးအကဲတစ်ဦး က ပြောသည်။

ညိုသဏ်း - Yangon Media Group

http://www.thithtoolwin.info/2013/10/blog-post_3045.html#.UlhM0lBYOGU

Category: ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ