Trader ဗုံးဖောက်ခွဲမှုတွင် ပါဝင်ဆက်စပ် တရားခံများအား ဆက်လက်ဖမ်းဆီး

White Star | 水曜日, 10月 16, 2013 |



ရန်ကုန်တိုင်း ဒေသကြီး၊ ရန်ကုန်မြို့၊ Trader ဟိုတယ်တွင် (၁၄.၁၀.၂၀၁၃)နေ့ ည သန်းခေါင်ယံ အချိန်ခန့်က ဗုံးဖောက်ခွဲမှုတွင် အဓိက တရားခံ စောမြင့်လွင်၏ ထွက်ဆိုချက်အရ ဘီးလင်းမှ ရန်ကုန်မြို့သို့ ALAPHARD ငွေမှင်ရောင်5F/….ကားဖြင့် ပို့ဆောင်ပေးခဲ့သူ (၂)ဦးဖြစ်သူ ဘီးလင်းမြို့၊ ကန်သာယာရပ်ကွက်နှင့် ဖိုးလကြီးရပ်ကွက်နေသူ များ ဖြစ်ကြသော ၀င်းကိုကို(၄၂)နှစ်၊
(ဘ)ဦးစိန်အေးနှင့် မင်းဦး(၄၅)နှစ်၊(ဘ)ခင်မောင်အေးတို့အား ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ (၁၆.၁၀.၂၀၁၃)နေ့ နေ့လည်ပိုင်းက ဘီးလင်းမြို့မှ ရန်ကုန်မြို့သို့ ဖမ်းဆီး ခေါ်ယူ စစ်ဆေး လျှက်ရှိကြောင်း သတင်းရရှိသည်။

ကိုသန့် ဇင်

by Thit Htoo lwin

Category:

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ