အိန္ဒိယနဲ့ အမေရိကန် သံတမန်ရေး တင်းမာနေ
![]() |
အိန္ဒိယ သံတမန် Devyani Khobragade (Credit: Audience submitted) |
အမေရိကန်နိုင်ငံရှိ အိန္ဒိယသံရုံးက ဒုကောင်စစ်ဝန်ဖြစ်သူဟာ သူ့ရဲ့အိမ်အကူကို လုပ်အားခလစာ လျော့ပေးထားသလို အိန္ဒိယနိုင်ငံက အိမ်အကူအတွက် ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားရာမှာလည်း လိမ်လည်မှုတွေ လုပ်ခဲ့တယ်ဆိုပြီး အမေရိကန်က ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။
သံတမန်တစ်ဦး ဖမ်းဆီးခံရတဲ့အပေါ်အိန္ဒိယက ဒေါသတကြီး တုန့်ပြန်ထားပြီး အမေရိကန် သံတမန်တွေ အိန္ဒိယနိုင်ငံထဲ မြန်ဆန်စွာဝင်ရောက်နိုင်အောင် လုပ်ဆောင်ပေးတဲ့ ဝန်ဆောင်မှု ရပ်တန့်လိုက်တာတွေ၊ သံရုံးကို ဝင်တဲ့ ပစ္စည်းတွေအပေါ် စစ်ဆေးမှု ရပ်တန့်လိုက်တဲ့အပြင် နယူးဒေလီမြို့ရှိ အမေရိကန်သံရုံးရှေ့မှာ ချထားတဲ့ လုံခြုံရေးအတားအဆီးတွေကိုပါ ဖယ်ရှားလိုက်ပြီ ဖြစ်ပါတယ်။
အမေရိကန် အစိုးရရဲ့ လုပ်ရပ်ကြောင့် အိန္ဒိယ အတွက် အရှက်ရစရာ ဖြစ်စေတဲ့အတွက် အိန္ဒိယနိုင်ငံကို တောင်းပန်သင့်တယ်လို့ အိန္ဒိယ အစိုးရက ပြောလိုက်ပါတယ်။
ABC Radio Australia
Category: