လုပ်ကြံခံရမှုအတွက် ရခိုင်ခေါင်းဆောင်များ မလေးရှားသံအမတ်ထံ စာပို့

မလေးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသော ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်တို့ကို ဖေဖော်ဝါရီလ ၇ရက် နံနက်ပိုင်းက ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် တွ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်)မလေးရှားနိုင်ငံ၊ ဘူကစ်ဘင်တန်မြို့တွင် ရခိုင်ပါတီခေါင်းဆောင်များဖြစ်သည့် လွှတ်တော်ကိုယ်စား လှယ် ဒေါက်တာအေးမောင်နှင့် ဦးအေးသာအောင်တို့ကို သေနတ်ဖြင့်ပစ်ခတ်မှုအတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် မလေးရှားသံအမတ်ထံ စာပို့ထားသည်ဟု ဒေါက်တာအေးမောင်က ဖေဖော်ဝါရီ ၁၂ ရက်တွင် မဇ္ဈိမကို ပြောသည်။ |
ရခိုင်ပါတီ ခေါင်းဆောင်များသည် မလေးရှားအခြေစိုက်၊ ရခိုင်လူမှုကယ်ဆယ်ရေးအဖွဲ့၏ ဖိတ်ကြားချက်ဖြင့် ရောက်ရှိခဲ့ပြီး
ဖေဖော်ဝါရီ ၅ ရက်တွင် ကွာလာလမ်ပူမြို့တော်အတွင်း သွားလာနေစဉ် ၎င်းတို့ စီးနင်းလာသည့်ကားကို ပစ်ခတ်ခံခဲ့ရခြင်းအတွက် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသမတ်ကြီးထံ အီးမေးဖြင့် ပေးပို့လိုက်ခြင်းဖြစ်သည်။
ဖေဖော်ဝါရီ ၅ ရက်တွင် ကွာလာလမ်ပူမြို့တော်အတွင်း သွားလာနေစဉ် ၎င်းတို့ စီးနင်းလာသည့်ကားကို ပစ်ခတ်ခံခဲ့ရခြင်းအတွက် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသမတ်ကြီးထံ အီးမေးဖြင့် ပေးပို့လိုက်ခြင်းဖြစ်သည်။
“မလေးရှားသံအမတ်ကြီးကို ကျွန်တော်တို့ စာပို့ထားပါတယ်။ ကျွန်တော်တို့ဖြစ်ခဲ့တဲ့ ကိစ္စတွေကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ပေးဖို့နဲ့ မလေးရှားနိုင်ငံမှာရှိနေတဲ့ မြန်မာနိုင်ငံသားတွေကို စောင့်ရှောက်ပေးဖို့အတွက်ပါ” ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ်
ဒေါက်တာအေးမောင်က ဆိုသည်။
ဒေါက်တာအေးမောင်က ဆိုသည်။
ထို့ပြင် ဖြစ်ပွားခဲ့သည့် လုပ်ကြံခံရမှုနှင့်ပတ်သက်၍ မလေးရှားနိုင်ငံ အစိုးရအနေနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ နိုင်ငံတကာ ရဲတပ်ဖွဲ့များနှင့် ပူးပေါင်းပြီး အဖြစ်မှန်ကို ဖော်ထုတ်ပေးရန် ဒေါက်တာအေးမောင်က တိုက်တွန်းသည်။
တစ်ဖက်တွင် မလေးရှားရဲကလည်း ဖေဖော်ဝါရီ ၁၂ ရက်တွင် အထူးတပ်ဖွဲ့တစ်ခု ဖွဲ့စည်းလိုက်ပြီး လုပ်ကြံခံရမှုအတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်သည်ဟု ကွာလာလမ်ပူ အခြေစိုက် Bernama သတင်းဌာနက ရေးသားထားသည်။
“ကျွန်တော်တို့ဆီမှာ လက်ခံရရှိထားတဲ့ သက်သေတွေနဲ့ လုံခြုံရေးကင်မရာက အချက်တွေအပေါ်မှာ အခြေခံပြီး ဒီစုံစမ်းစစ်ဆေးမှု ကို ဆောင်ရွက်သွားမှာပါ။ ဒီအဖွဲ့ကိုလည်း ကျွန်တော်ကိုယ်တိုင် ဦးဆောင်သွားမှာပါ” ဟု ရာဇဝတ်မှုထောက်လှမ်းရေး ရဲအဖွဲ့ အကြီးအကဲ ကိုင်ရီ အာရာဆာက ဆိုသည်။
ဒေါက်တာအေးမောင်တို့ကို လုပ်ကြံခဲ့သည့် အဖြစ်အပျက်ပြီးနောက် တစ်နေ့တည်းတွင် မြန်မာနိုင်ငံသား တစ်ဦး သတ်ဖြတ်ခံ ခဲ့ရပြီး ယင်းကိစ္စနှင့် ဆက်စပ်နေသည့် ဆက်နွယ်မှုများကိုလည်း ဆက်လက်စုံစမ်းနေသည်ဟု ကိုင်ရီက သတင်းထောက်များကို
ပြောကြားထားသည်။
ပြောကြားထားသည်။
အခင်းဖြစ်ပွားရာ လုပ်ကြံရန်ကြိုးစားခဲ့သည့်နေရာမှ မော်တော်ဆိုင်ကယ်သမားနှစ်ဦးကိုလည်း မည်သူမည်ဝါဖြစ်သည်ကို အတည်ပြုနိုင်ရန် မြန်မာသံရုံးနှင့် ပူးပေါင်း၍ ဆောင်ရွက်လျှက်ရှိသည်ဟု စီအိုင်ဒီအကြီးအကဲက ဆိုသည်။
ထို့ပြင် ယခုလုပ်ကြံမှုတွင် မြန်မာနိုင်ငံသား လေးဦးသို့မဟုတ် ငါးဦးပါဝင်ပတ်သက်နေပြီး လုပ်ကြံမှုပြုလုပ်ပြီးချင်း ၎င်းတို့
နေထိုင်ရာသို့ ပြန်သွားကြပြီဟု ယူဆရပြီး ၎င်းတို့ထဲမှ တစ်ဦးမှာ ကုလသမဂ္ဂအသိအမှတ်ပြု ဒုက္ခသည်များကိုင်ဆောင်သည့် ကတ်ကို ကိုင်ဆောင်ထားကာ ကွာလာလမ်ပူမှာပင်ရှိသေးကြောင်း အကြီးအကဲက ဆိုသည်။
နေထိုင်ရာသို့ ပြန်သွားကြပြီဟု ယူဆရပြီး ၎င်းတို့ထဲမှ တစ်ဦးမှာ ကုလသမဂ္ဂအသိအမှတ်ပြု ဒုက္ခသည်များကိုင်ဆောင်သည့် ကတ်ကို ကိုင်ဆောင်ထားကာ ကွာလာလမ်ပူမှာပင်ရှိသေးကြောင်း အကြီးအကဲက ဆိုသည်။
ယခုဖြစ်ပွားသည့် ကိစ္စများနှင့် ပတ်သက်၍ အမျိုးသားလွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီနှင့် မလေးရှားလွှတ်တော်
နိုင်ငံတကာ ဆက်ဆံရေးကော်မတီတို့ ပူးပေါင်းဖြေရှင်းသွားမည်ဟုလည်း အမျိုးသားလွှတ်တော် နိုင်ငံတကာဆက်ဆံရေး
ကော်မတီ ဥက္ကဋ္ဌ ဦးညွန့်ဝေက ပြောဆိုထားသည်။
နိုင်ငံတကာ ဆက်ဆံရေးကော်မတီတို့ ပူးပေါင်းဖြေရှင်းသွားမည်ဟုလည်း အမျိုးသားလွှတ်တော် နိုင်ငံတကာဆက်ဆံရေး
ကော်မတီ ဥက္ကဋ္ဌ ဦးညွန့်ဝေက ပြောဆိုထားသည်။
Category: bcjpnoa, bcjpnob, News, winnaingoo