စစ်တွေ၊ ဘူးသီးတောင် ပြည်သူ့ဆေးရုံများတွင် ရပ်ဆိုင်းခံထားရသော ဘက်လိုက်ထောက်ပံ့ခြင်းများအား ကျန်းမာရေးဝန်ကြီးဌာနက လွှဲယူထောက်ပံ့

hnm | 日曜日, 3月 16, 2014 |





ရခိုင်ပြည်နယ်ရှိ စစ်တွေ၊ ဘူးသီးတောင်နှင့် မောင်းတောမြို့များရှိ ပြည်သူ့ဆေးရုံများတွင် အေအာတီဆေးဝါးများ ထောက်ပံ့ပေးနေကြောင်း ကျန်းမာရေးဦးစီးဌာန အမျိုးသား ခုခံကျ ကာလသားရောဂါ တိုက်ဖျက်ရေးစီမံချက်မှ သိရသည်။

အဆိုပါ ပြည်သူ့ဆေးရုံကြီးများတွင် လက်ရှိအချိန်၌ အေအာတီဆေးဝါး လိုအပ်နေသည့် လူနာ ၇၀၀ ကျော်ကို ဆေးဝါးများ ထောက်ပံ့ပေးလျက်ရှိပြီး အမျိုးသား ခုခံကျကာလသားရောဂါ တိုက်ဖျက်ရေးစီမံချက်မှ ဆရာဝန်ကြီးများမှလည်း ယင်းဒေသများသို့ သွားရောက်ကာ လိုအပ်သည့် အကူအညီများ၊ သင်တန်းများ ပို့ချလျက်ရှိကြောင်း သိရသည်။

စစ်တွေ၊ ဘူးသီးတောင်နှင့် မောင်းတောမြို့များရှိ လူနာများကို မတ်လအစောပိုင်းမှစ၍ ကျန်းမာရေးဝန်ကြီးဌာနမှ လွှဲပြောင်းယူခဲ့ပြီး ဆေးဝါးထောက်ပံ့နိုင်ရေးအတွက် ရခိုင်ပြည်နယ်ရှိ ပြည်သူ့ဆေးရုံကြီးများနှင့် ချိတ်ဆက် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

အိသဉ္ဇာကျော်
EMG

Edit by TEAM BCJP

Category: , , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ