မြန်မာနိုင်ငံသားဟု ယူဆရသူ အိမ်အကူတစ်ဦး စင်္ကာပူတွင် သေဆုံး

White Star | 土曜日, 3月 15, 2014 |




ကြာသပတေးနေ့ ညနှောင်းပိုင်းက စင်္ကာပူနိုင်ငံ ဘီရှန်းအရပ် လမ်းနံပါတ် ၂၂ တိုက်အမှတ် ၂၆၃ အောက်တွင် အမျိုးသမီးတစ်ဦးလဲကျနေကြောင်း အကြောင်းကြားသဖြင့် ရဲတပ်ဖွဲ့ဝင်များသွားရောက်ခဲ့ရာ အသက် ၃၀ ကျော်အရွယ်ရှိသူ အမျိုးသမီးအား ငြိမ်သက်လျှက်တွေ့ရှိရကြောင်း သိရသည်။

ဆေးဘက်အကူများက သေဆုံးကြောင်း အတည်ပြုခဲ့ပြီး သေမှုသေခင်းအား စင်္ကာပူရဲတပ်ဖွဲ့က သွေးရိုးသားရိုးမဟုတ်သော သေဆုံးမှုအဖြစ် စုံစမ်းစစ်ဆေးလျှက်ရှိသည်။

သေဆုံသူသည် မြန်မာနိုင်ငံမှ အိမ်အကူတစ်ဦးဟု ယူဆရသည်။

Ref ; CNA

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

Category:

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ