တပေါင်းလပြည့်နေ့ နှင့် ထားဝယ်မြို့

hnm | 土曜日, 3月 15, 2014 |






တပေါင်းလပြည့်နေ့ ထားဝယ်မြို့နယ်အနှံ့စည်ကား

ထားဝယ်-မတ်၁၅
တပေါင်းလပြည့်နေ့ဖြစ်သောယနေ့တွင် ထားဝယ်မြို့နယ်နေရာအနှံ့၌
ဘာသာရေးပွဲလမ်းသဘင်များဖြင့် စည်ကားလျက်ရှိကြောင်းသိရသည်။
ထားဝယ်မြို့လုံးကျွတ်သံဃာ့ဒါနဆွမ်း
လောင်းလှူပွဲကို တနင်္သာရီတိုင်းဒေသကြီး ၊ထားဝယ်မြို့ကျက်သရေဆောင် လောကမာရဇိန်ဘုရားကြီးဝင်းအတွင်း၌ ယနေ့မွန်းလွဲပိုင်းကကျင်းပရာ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်ဌာနဆိုင်ရာများ ၊ရပ်ကွက်အသီးသီးမှ
ပြည်သူများကသံဃာ့ဒါနဆွမ်းလောင်းလှူခဲ့ကြသည်။ဆွမ်းလောင်းလှူပွဲအခမ်းအနားအပြီးတွင်နိဗာန်ဈေးပွဲတော်ကိုပျော်ရွှင်စွာဆက်လက်ကျင်းပခဲ့ကြောင်းသိ
ရသည်။

သတင်းနှင့်ဓာတ်ပုံ - ဖိုးဇော်(ထားဝယ်)

Category: , , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ