တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်ရပ် ဆွေးနွေးပွဲ စတုတ္ထနေ့

တစ်နိုင်ငံလုံး အတိုင်းအတာ ငြိမ်းချမ်းရေးနှင့် အပစ်ခတ်ရပ်စဲရေး ဆွေးနွေးပွဲကို ရန်ကုန်မြို့ ရွှေလီလမ်းရှိ မြန်မာငြိမ်းချမ်းရေးစင်တာ(MPC) တွင်၂၀၁၄ ခုနှစ် ၊ဧပြီလ ၈ ရက်(ဆွေးနွေးပွဲစတုတ္ထနေ့) အပြီး နှစ်ဖက်ကိုယ်စားလှယ်များကို တွေ့ရစဉ်။ (ဓာတ်ပုံ ဘိုဘို)
၎င်းဆွေးနွေးပွဲကို ၂၀၁၄ ခုနှစ် ဧပြီလ ၅ ရက်မှ ၈ ရက်နေ့ အထိ ပြုလုပ်ခဲ့ပြီး ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့  (NCCT) မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး ဆွေးနွေးပွဲ အပြီးတွင် အားလုံးသဘောတူသော တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် မူကြမ်းကို သဘောတူညီခဲ့ကြပြီး ၂၀၁၄ ခုနှစ် မေလ ပထမအပတ်တွင် ထပ်မံတွေ့ ဆုံဆွေးနွေးရန်အတွက် သဘောတူညီခဲ့သည်။
Mizzima News
Category: bcjpnoa, bcjpnob, winnaingoo



