CB ဘဏ်ကို ဦးအိုက်ထွန်း လျှို့ဝှက်ဝယ်ယူဆိုခြင်းမှာ မဟုတ်ကြောင်း တရားဝင်ရှင်း

White Star | 水曜日, 5月 21, 2014 |





 အများပိုင် ဘဏ်တစ်ခုဖြစ်သည့် သမဝါယမဘဏ် လီမိတက် (CB Bank) ကို ရွှေတောင် လုပ်ငန်းစုပိုင်ရှင် ဦးအိုက်ထွန်းက လျှို့ဝှက် ဝယ်ယူထားသည်ဟု အင်တာနက် စာမျက်နှာအချို့နှင့် အပတ်စဉ်ထုတ် စာစောင်တစ်ခုတွင် ဖော်ပြချက်မှာ မဟုတ်မှန်ကြောင်း သမဝါယမဘဏ်က တရားဝင် ရှင်းလင်းပြောကြားသည်။

အဆိုပါ သတင်းထွက်ပေါ်မှုနှင့် ပတ်သက်၍ မေလ ၂၀ ရက်နေ့က ရန်ကုန်မြို့တော် ကမ်းနားလမ်းရှိ သမဝါယမဘဏ် ရုံးချုပ်တွင် ယင်းဘဏ် ဦးဆောင် ညွှန်ကြားရေးမှူး ဦးဖေမြင့်က သတင်းမီဒီယာများကို ရှင်းလင်းပြောကြားခြင်း ဖြစ်သည်။

“ငွေအလုံးအရင်းနဲ့ လာထုတ်နေတယ် ဆိုတာလည်း မဟုတ်ပါဘူး။ ပုံမှန်အတိုင်း လည်ပတ်နေပါတယ်။ အခုရက်ပိုင်းက လကုန်ပြီးခါစ နေ့တွေလိုတောင် လူအရမ်းကြီး မရှုပ်ပါဘူး” ဟု ၎င်းကဆိုသည်။

သမဝါယမဘဏ်ကို မူလပိုင်ရှင် ဦးခင်မောင်အေးထံမှ ယခင်အာရှဓန ဘဏ်လုပ်ငန်းရှင် ဦးအိုက်ထွန်းက လျှို့ဝှက် ဝယ်ယူထားသည်ဟု သတင်းထွက်ပေါ်ပြီး ငွေအပ်နှံထားသူများက ငွေများ ပြန်လည် ထုတ်ယူနေကြောင်း အပတ်စဉ်ထုတ် စာစောင်တစ်ခုက ဖော်ပြခဲ့ခြင်း ဖြစ်သည်။

The Voice Weekly

Category:

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ