တရုတ်ပြည်မှ မြန်မာနိုင်ငံသားများ ဖမ်းဆီးမှုအပေါ် သတင်းစာရှင်းလင်းပွဲ နမ့်ခမ်းမြို့တွင် ကျင်းပ

hnm | 木曜日, 7月 24, 2014 |

တရုတ်ပြည်မှမြန်မာနိုင်ငံသားများဖမ်းဆီးမှုအပေါ် သတင်းစာရှင်းလင်းပွဲ ကျင်းပပြုလုပ်နေစဉ်


သျှမ်းပြည်မြောက်ပိုင်း ၊နမ့်ခမ်းမြို့ ကောင်းနောင်မိုရပ်ကွက်ရှိ တိုင်းဧည့်ကြိုခန်းမ၌ တရုတ်အာဏာပိုင် များက မြန်မာနိုင်ငံသားများအပေါ်ဖမ်းဆီးသည့် သတင်းစာရှင်းလင်းပွဲကို ယမန်နေ့က ကျင်းပခဲ့ ပါ သည်။

အဆိုပါသတင်းစာရှင်းလင်းပွဲကို ကျားဖြူပါတီ နမ့်ခမ်းမြို့နယ် ပြည်နယ်လွှတ်တော်အမတ် စိုင်းတင်ဦး က ဦးဆောင်ကျင်းပပြီး၊ ပြည်တွင်း သတင်းဌာန ၂၀ ထက်မနဲတက်ရောက် သတင်းယူခဲ့ကြသည်ဟု ကျားဖြူပါတီ အတွင်းရေးမှူး စိုင်းထွန်းလှ ကပြောသည်။

“ သတင်းစာရှင်းလင်းပွဲကို မနက် ၉:ဝဝ နာရီမှာ ကျင်းပဖို့စီစဉ်ထားတယ်၊ ဒါပေမဲ့ လာရောက်သတင်း ယူမယ့် သတင်းထောက်တွေက ညက မူစယ်မှာ ရောက်ရှိတည်းခိုကြတယ်။ မူစယ်-နမ့်ခမ်း ကားလမ်း ရေကြီးနေတာ ကြောင့် သတင်းထောက်တွေက စောစောမရောက်နိုင်ကြဘူးလေ။ ဒါကြောင့် သူတို့ ရောက် လာတဲ့ နေ့လည်ပိုင်း မှာ ကျင်းပနိုင်ခဲ့တယ် ” ဟု ၄င်းက ဆိုသည်။

သတင်းစာရှင်းလင်းပွဲတွင် တရုတ်အာဏာပိုင်များ၏ ဖမ်းဆီးခံရမှုမှ ပြန်လည်လွှတ်မြောက်လာသူ ၁၅ ဦး နှင့် အဖမ်းခံရနေဆဲ သူများ၏ မိသားစုဝင် ၃၀ ဦးခန့်ကိုပါ ဖိတ်ကြားခဲ့ကြောင်း အခမ်းအနားဖြစ် မြောက်ရေး ကူညီ ပေးသောလူငယ် စိုင်းအိုက် က ပြောသည်။

“ သတင်းစာရှင်းလင်းပွဲ အပြီး မှာတော့ ဒေသတွင်း ဖြစ်ပေါ်နေတဲ့ သတ္တုတူးဖော်ရေးလုပ်ငန်း နဲ့ မြန်မာ- တရုတ် နှစ်နိုင်ငံနယ်နိမိတ်မျဉ်း သတ်မှတ်ထားမှုအကြောင်းတွေကိုပါ မြို့နယ်အုပ်ချုပ်ရေးအထောက် အကူ ပြု အဖွဲ့ဝင် ဦးစိုင်းအောင်းဝင်း က သတင်းထောက်တွေရဲ့မေးမြန်းချက်တွေကို အကျယ်တဝင့် ဖြေကြားပေးတယ် ”ဟု စိုင်းအိုက်က သျှမ်းသံတော်ဆင့်အား ပြောပြ သည်။

စိုင်းတိုင်း

သျှမ်းသံတော်ဆင့် 

Category: , , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ