ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ရေနံနှင့်သဘာဝဓာတ်ငွေ့ကုန်းတွင်း လုပ်ကွက် ၁၀ ကွက်၌ ရင်းနှီးမြှုပ်နှံခွင့်ပြု

hnm | 月曜日, 7月 28, 2014 |



မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ကုန်းတွင်း ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ကွက် ၁၀ ကွက်နှင့်အခြားလုပ်ငန်း ခုနစ်ခုကို ပြည်တွင်း၊ ပြည်ပလုပ်ငန်းရှင်များအား ရင်းနှီးမြှုပ်နှံခွင့်ပြုလိုက်သည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက ဇူလိုင် ၂၆ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ဇူလိုင်လ ၁၈ရက်တွင် ပြုလုပ်ခဲ့သည့် ရင်းနှီးမြှုပ်နှံမှုကော်မရှင်အစည်းအဝေး ၁၉/၂၀၁၄ တွင် ခွင့်ပြုပေးခဲ့ ခြင်းဖြစ်သည်။
အိန္ဒိယအခြေစိုက် ONGC Videsh Limited နှင့် ပြည်တွင်းအခြေစိုက် Machinery and Solution Co., Ltd တို့ကို စစ်ကိုင်းတိုင်း ဇီးဖြူတောင်-နန်တောဒေသရှိ ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ကွက် အမှတ် B-2  နှင့် ပဲခူးတိုင်းသဲကုန်း-ရွှေကူ ဒေသရှိလုပ်ကွက်အမှတ် EP-3 တို့တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ရှာဖွေ တူးဖော် ထုတ်လုပ်ခွင့်ပြုခဲ့သည်။
မကွေးတိုင်း ကျောက်ကြီး-မင်းတုန်း ဒေသရှိလုပ်ကွက်အမှတ် EP-1 တွင်လည်း ဘရူနိုင်းအခြေစိုက် Brunei National Petroleum Co.,Sdn.Bhd နှင့် စင်ကာပူ တွင်မှတ်ပုံတင်ထားသည့်  IGE Pte.,Ltd တို့ကို ရေနံနှင့်သဘာဝဓာတ်ငွေ့ရှာဖွေ တူးဖော်ထုတ်လုပ်ခွင့်ပြုခဲ့သည်။
ပဲခူးတိုင်း တောင်ငူ-ပျဉ်းမနားဒေသရှိ လုပ်ကွက်အမှတ် PSC-H နှင့် စစ်ကိုင်းတိုင်း အင်းတော်-ရနန်းဒေသ ရှိ C-1 တို့တွင် ကနေဒါအခြေစိုက်  Pacific Hunt Energy Corp. နှင့် ပြည်တွင်းအခြေစိုက် Young Invesment Group Co.,Ltd တို့ကို ရေနံနှင့် သဘာဝဓာတ်ငွေ့ရှာဖွေတူးဖော်ထုတ် လုပ်ခွင့်ပြုခဲ့သည်။
ထို့အတူ ဧရာဝတီတိုင်း၊ မြင်သာဒေသရှိ လုပ်ကွက်အမှတ် MOGE-4 တွင်လည်း လူဇင်ဘတ်အခြေစိုက် CAOG S.ar.l နှင့် ပြည်တွင်းအခြေစိုက်  Apex Geo Service Co.,Ltd တို့ကို ရေနံနှင့်သဘာဝ ဓာတ်ငွေ့ ရှာဖွေတူးဖော်ထုတ်လုပ်ခွင့်ပြု ခဲ့ပြီး နယ်သာလန်အခြေစိုက် Bashneft International B.V နှင့် ဗြိတိသျှ အပျိုစင် ကျွန်းအခြေစိုက် Sun Apex Holding Ltd  တို့ကို ပဲခူးတိုင်း၊ မရမန်ဒေသရှိလုပ်ကွက် အမှတ် EP-4 တွင် လုပ်ကိုင်ခွင့် ပြုခဲ့သည်။
ထို့ပြင် ရေနံနှင့်သဘာဝဓာတ်ငွေ့ အထွက်တိုးရေးလုပ်ငန်းများအဖြစ် ပြည်တွင်းအခြေစိုက် Myanmar Petroluem Exploration & Production Co.,Ltdကို ဧရာဝတီတိုင်း၊ မြန်အောင်ဒေသရှိ လုပ်ကွက် အမှတ် IOR-6 နှင့် ပဲခူးတိုင်း၊ ပြည်ဒေ IOR-4 တို့တွင် ရင်းနှီးမြှုပ်နှံခွင့်ပြု ခဲ့သည်။
ဗြိတိသျှအပျိုစင်ကျွန်းတွင် မှတ်ပုံတင်ထားသည့် MPRL E&P Pte.Ltd  ကိုလည်း ဧရာဝတီတိုင်း၊ မြန်အောင်ဒေသရှိလုပ်ကွက် အမှတ် IOR-6  တွင် လုပ်ကိုင်ခွင့်ပြုခဲ့ပြီး ဧရာဝတီတိုင်း၊ ရွှေပြည်သာဒေသ ရှိလုပ် ကွက်အမှတ် IOR-7 တွင်လည်း လိုက်ဘေးရီးယားအခြေစိုက် Petronas Carigali Myanmar Inc., နှင့် စင်ကာပူအခြေစိုက် UNOG Pte.,Ltd တို့ကိုလည်း ရေနံနှင့် သဘာဝဓာတ်ငွေ့ အထွက်တိုးရေးဆောင် ရွက်ရန် ရင်းနှီးမြှုပ်နှံခွင့်ပြုခဲ့သည်ဟု ရင်း နှီးမြှုပ်နှံမှုကော်မရှင်သတင်းထုတ်ပြန်သည်။
ရင်းနှီးမြှုပ်နှံမှုကော်မရှင်အစည်းအဝေး ၁၉/၂၀၁၄ တွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ခွင့်ရရှိခဲ့သော ဂျပန်အခြေစိုက်KDDI အုပ်စု၏ုKDDI Summit Global Myanmar Co., Ltd လည်း ဆက်သွယ်ရေးကဏ္ဍတွင် ရင်းနှီး မြှုပ်နှံခွင့်ရရှိခဲ့သည်။

စည်သူအောင်
Mizzima News

Category: , , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ