PR စနစ်ကျင့်သုံးရေး၊ မကျင့်သုံးရေးဆိုသည်မှာ ရွေးကောက်ပွဲကော်မရှင် နှင့် မသက်ဆိုင်

ဇူလိုင် ၂ဝ ရက်က ရန်ကုန်မြို့ရှိ Park Royal ဟိုတယ်တွင် ပြုလုပ်သည့် “ရွေးကောက်ပွဲဆိုင်ရာ သမာသမတ်ကျခြင်းတွင် နယ်ပယ်စုံမှ ပါဝင်နေကြသော အဖွဲ့အစည်းများညီလာခံ”၌ သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြားရာတွင် ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
“ဒီစနစ် ကျင့်သုံးမှာဖြစ်တဲ့အတွက်ကြောင့် ကော်မရှင်ဥပဒေတင်ပါဆိုပြီး တစ်ပိုင်းသွားလို့ရတယ်။ လွှတ်တော်မှာ ဥပဒေကြမ်းကော်မတီ ရှိတယ်။ ဒီတော့ ရေးဆွဲပြီးတော့ ကော်မရှင်ဒီအတိုင်း ဆောင်ရွက်ဆိုပြီးတော့ လုပ်ခိုင်းလို့ရတယ်။ အဲဒီစနစ်နှစ်ခုထဲမှာ လွှတ်တော်က သူတို့ဟာ သူတို့ ဥပဒေကြမ်း ရေးဆွဲနေတယ်။ ရေးဆွဲပြီးပေးမယ်။ ပေးရင် ကျွန်တော်တို့ ဈေးဆစ်မှာ။ အဲဒီကျတော့ ဖြစ်နိုင်တယ်၊ မဖြစ်နိုင်တယ် ဈေးဆစ်မယ်။ အခု ဘဘတို့က Observer အနေတွေပဲ ပါနေတယ်။ လုံးဝမပါဘူး။ အခုဆို ဘဘ ဒီအတိုင်းဆို ဘဘလာမယ့်အပတ်ထဲမှာ Observer မသွားနဲ့တော့လို့ ပြောလိုက်မယ်။ ပြီးရင် အမျိုးသားလွှတ်တော်ကို ပြောလိုက်မယ်။ သွားလို့ရှိရင် ကျွန်တော်တရားခံ အရှာခံရမယ်။
မသွားနဲ့တော့လို့ ပြောလိုက်မယ်။ observer လာပါလို့ပြောတော့ ကျွန်တော်ကတော့ ဘာကိစ္စလဲဆိုတော့ သိပ်ခက်ခဲနေရင် လွယ်လွယ်ကူကူ ဖြစ်အောင်လုပ်ပါ။ အချိန်မရှိဘူးဆိုတာ သိစေချင်တဲ့အတွက်ကြောင့် ကျွန်တော် Observer လွှတ်ထားတယ်။ အခုတော့ ကော်မရှင်က ပူးပေါင်းဆောင်ရွက်နေတယ်ဆိုတော့ တစ်လောက အတိုက်ခိုက်ခံနေရတယ်။ ဒါကြောင့်တို့ Observer တွေ မသွားနဲ့တော့။ ဒါလည်း အမျိုးသားလွှတ်တော်ကို တင်မဟုတ်ဘူး။ တခြားအတိုက်အခံတွေ ကိုလည်း မလွှတ်တော့ဘူးလို့ဘဲ ပြောရမှာပဲ” ဟု ဦးတင်အေးက ပြောကြားသည်။
ထို့ပြင် PR စနစ်ကျင့်သုံးရေး၊ မကျင့်သုံးရေးဆိုသည်မှာ ရွေးကောက်ပွဲကော်မရှင် နှင့် မသက်ဆိုင်သဖြင့် လွှတ်တော်က ဥပဒေရေးဆွဲကာ အဆိုပါစနစ်အား သုံးစွဲပါဆိုပါက အကောင်အထည်ဖော်ကြည့်မည်သာ ဖြစ်ပြီး အခက်အခဲများရှိပါကလည်း ပြန်လည်အကြံပြုမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဦးတင်အေးက ဆက်လက်ပြောကြားသည်။
ဇာလီမြင့်ဦး
EMG



