မြန်မာ့ရုပ်သေး အနုပညာကို ယနေ့အထိ ထိန်းသိမ်းကာ ကပြလျက် ရှိသည့် ဦးခင်မောင်ထွေး (ထွေးဦးမြန်မာ)နှင့် တွေ့ဆုံခြင်း

hnm | 木曜日, 8月 14, 2014 |



မေး။    ။ ဦးထွေး အခု ရုပ်သေးအနုပညာနဲ့ အောင်မြင်မှု ရရှိနေတဲ့အပေါ် အားရကျေနပ်မှုရှိလား
ဖြေ။     ။ ဦးထွေးတို့ မြန်မာ့ရုပ်သေး အနုပညာကို အခု နိုင်ငံခြားသားတွေက စိတ်ဝင်စားနေကြပြီ။ ကိုယ်ပိုင်နေရာ ၊ ကိုယ်ပိုင်ရုံ မရှိတဲ့အခါ ကြတော့ ပြသရတာ တော်တော်လေး ခက်ခဲတယ်လေ။ ဇာတ်စင် နဲ့ ဆိုင်းဝိုင်းနဲ့ သေသေချာချာ မကပြရတော့ ခမ်းခမ်းနားနားလည်း မကပြနိုင်ဘူးပေါ့။ ကိုယ့်မြန်မာ့ ရိုးရာ ယဉ်ကျေးမှု တစ်ခုကို နိုင်ငံခြားသား ခရီးသွား ဧည့်သည်တွေကို ခမ်းခမ်း နားနား ကပြချင်တာ။ အဲဒီလို ကပြ ဖို့အတွက် နိုင်ငံတော်က ဇာတ်ရုံတစ်ရုံလောက် ထောက်ပံ့ပေးမယ်ဆိုရင် ပိုပြီး အဆင်ပြေတာပေါ့။
မေး။    ။ အစိုးရအပေါ် ဘယ်လိုရုံမျိုးကို တောင်းဆိုချင်တာလဲ။
ဖြေ။     ။ အမျိုးသားကဇာတ်ရုံ ကြီးကြတော့လည်း ဦးထွေးတို့နဲ့ အလှမ်းဝေးတော့  ဦးထွေးတို့ကို ရုပ်သေးရုံလေး တစ်ခုလောက် ပေါ့။ ဥပမာ အစိုးရပိုင်တဲ့ နေရာ တစ်နေရာမှာဘဲဖြစ်ဖြစ် ၊ မြေကွက် လိုဟာမျိုး ချထားပေးရင်ကိုယ့် ဟာ ကိုယ် သေသေ ချာချာ ဆောက်ပြီး ဇာတ်စင်ကြီးတွေ ၊ ဆက်တင်တွေ ဘာတွေ ဆောက် ပြီး ကောင်းကောင်း ကပြနိုင်တာ ပေါ့ကွယ်။
မေး။    ။ အခုလို ရုံတောင်းဆိုရတဲ့ ရည်ရွယ်ချက်က
ဖြေ။     ။ ဦးထွေးကို မင်းမြန်မာနိုင်ငံ ကိုယ်စားပြု သွားကာ ဆိုပြီးတော့ တစ်ခါမှ မလွှတ်ခဲ့သေးပါဘူး။ ဒါပေမယ့် ဦးထွေးတို့က ကိုယ့်မြန်မာ့ ရိုးရာယဉ်ကျေးမှုကို နိုင်ငံတကာမှာရော ၊ အရှေ့တောင် အာရှမှာပါ ပြန့်ပွားစေ ချင်တယ်။ မြန်မာ့ဂုဏ်ကို မြန်မာ့ ရုပ်သေးနဲ့ တက်စေချင်တယ်။ ဒီလို ရည်ရွယ်ချက်တွေနဲ့ တစ်ချို့နေရာ တွေဆိုရင် လမ်းစရိတ် မပေးခဲ့တာတောင်မှ ကိုယ့် စရိတ်နဲ့ ကိုယ် သွားပြီး ကပြခဲ့ပါတယ်။ ဦးထွေးတို့ကို ယဉ်ကျေးမှု ဝန်ကြီး ဌာနတို့ ၊ အနုပညာ ဦးစီးဌာနတို့က ခေါ်တွေ့တာတို့ ။ မင်းတို့ ဘာလုပ်ချင်လဲ ဘာအခက်အခဲရှိလဲ မေးမြန်းတာတို့ တော့ တစ်ခါမှ မရှိခဲ့ဖူးဘူး။ ဒါကြောင့် ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒလေးတွေကို မီဒီယာကနေ တစ်ဆင့် ပြောရ တာပါ။ ဒါဟာ ကမ္ဘာမြေကို ထုတ်ဖော်ပြသနိုင်မယ့် အခွင့်အရေးလည်း ရမယ်လေ။
မေး။    ။ ရုံထောင်ခြင်း အားဖြင့် ဘယ်လို အကျိုးကျေးဇူးတွေ ရရှိနိုင်မလဲ။
ဖြေ။     ။ ရုပ်သေးနဲ့ အသက်မွေးတဲ့ ရုပ်သေး ပညာရှင်တွေလည်း အလုပ်ရမယ်။ ဘဝနောင်ရေး ခိုင်မာမယ်။ ဒီလို မျိုးရုံကြီးတွေ ရှိမယ်။ ဧည့်ပရိသတ် ခိုင်ခိုင်မာမာနဲ့ ကပြနေပြီဆိုရင် ရုပ်သေးနဲ့ အသက်မွေး ချင်တဲ့သူတွေ ပေါ်လာလိမ့်မယ်။ ရုံအကြီးတွေ ရှိတယ်ဆိုရင် ညမှာပွဲက နေ့ဘက်မှာ စာတမ်းဖတ်ပွဲတွေ ကျင်းပတာတို့ ၊ အလုပ်ရုံ ဆွေးနွေးပွဲတွေ ကျင်းပတာတို့ စသဖြင့်ပေါ့နော် အများကြီး လုပ်ဆောင်နိုင်ပါတယ်။ နိုင်ငံတော် အတွက်ကော ၊ ရုပ်သေးပညာရှင်တွေ အတွက်ကော ၊ ကျောင်းသူ ၊ သားတွေ အတွက်ကော ၊ လူထုအတွက်ကော အကျိုးရှိ ပါတယ်။ ရုပ်သေးရုံဆိုတာ အမျိုးသားကဇာတ်ရုံမှာဘဲ ကြည့်စရာ မလိုဘူးပေါ့။
မေး။    ။ ဦးထွေးက အစိုးရကိုကော အကြောင်းကြားပြီးပြီလား။
ဖြေ။     ။  ဦးထွေးတို့ နာမည်က ကျော်ကြား သင့်သလောက် ကျော်ကြားလာတယ်။ အဲဒီအကြောင်းကို နိုင်ငံတော် က သိသင့် သလောက် သိလာ တယ်ပေါ့။ ဒါကြောင့်လည်း စိတ်ဝင်စားမှုတွေ များလာတယ်။ ဒါကြောင့် ကိုယ့် ရဲ့ အင်အားနဲ့က မနိုင်တာကြောင့် ရုံလေး တစ်ရုံလောက် လိုချင်လာတယ်။ ဦးထွေးက နိုင်ငံတော်ကို တော့ တိုက်ရိုက်မပြောပါဘူး။ အလုပ်နဲ့ဘဲ သက်သေပြခဲ့တာပါ။ အသင်း အဖွဲ့အစည်း အနေနဲ့ နိုင်ငံတော်ကို တိုက် ရိုက် တောင်းဆိုတာတို့ လုပ်ဆောင်သင့်ရင် လုပ်ဆောင်ရမှာပေါ့လေ။
မေး။    ။ အစိုးရကို မတောင်းဆိုဘဲနဲ့ ဦးထွေး ကိုယ်တိုင် ဘာတွေ လုပ်ဆောင်ခဲ့လဲ။
ဖြေ။     ။ လွန်ခဲ့တဲ့ ၈ နှစ်က ဒီလို အိမ်မက်ကြီးကို မက်ပြီးတော့ ဦးထွေးရဲ့ ကိုယ်ပိုင်ငွေနဲ့ ဗိုလ်တစ်ထောင် ဘက်မှာ ခုံ ၅ဝ ဆန့်တဲ့ အခန်းလေး တစ်ခန်းငှားပြီးတော့ ဇာတ်စင်ကြီးတွေ ဆောက်ပြီးတော့ သုံးနှစ်တိတိ ကပြခဲ့ ဖူးပါတယ်။အဲဒီတုန်းက နိုင်ငံရေး အခြေအနေ အရကော ၊ နာဂစ်တိုက်ခတ်တာကော ၊ အကျပ်အတည်းဖြစ်တဲ့အ ချိန်နဲ့ ကြုံရတဲ့ အခါကြတော့ နောက်ဆုံး အရင်းပြုတ် ပြီးတော့ လက်လွှတ် ဆုံးရှုံး ခဲ့ရပါတယ်။ အခုထိလည်း အဲဒီလို မျိုးမက်နေတုန်းပါဘဲ။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ကိုယ်ပိုင်တဲ့ ရုပ်သေးရုံကြီး တည်ဆောက်နိုင်မယ်လို့ ရည်မှန်း ချက်ထားပါတယ်။
မေး။    ။ ထွေးဦးမြန်မာ ရုပ်သေးအဖွဲ့ အောင်မြင်လာအောင် ဘယ်လိုတွေ လုပ်ဆောင်ခဲ့လဲ။
ဖြေ။     ။  ဒီအလုပ်လုပ်ကို စွဲစွဲမြဲမြဲ လုပ်ဆောင် ခဲ့ပါသေးတယ်။ အခုမှ အောင်မြင်မှု လမ်းစကို ရောက်ခဲ့တယ်။ အပြည်ပြည်ဆိုင်ရာ ပွဲတွေကို တတ်ရောက် ခဲ့တယ်။ နေ့ကလေးထိန်းကျောင်းတွေ ၊ မိဘမဲ့ကျောင်းတွေ ၊ ဘုန်း တော်ကြီးသင်စာသင်ကျောင်းတွေ ၊ မယ်သီလရှင် စာသင်ကျောင်းတွေ ၊ လူငယ်ပရဟိတ ကျောင်းတွေ ၊ အဲဒီလို နေရာမျိုးတွေကအစ ရုပ်သေးကို ကပြခဲ့တယ်။ ရုပ်သေးကို နေရာတကာ ပေါက်မြောက်အောင် လုပ်ဆောင် ခဲ့တဲ့အတွက် အခုဆိုရင် ထွေးဦးမြန်မာ ဆိုတာ နာမည်လေး စရလာခဲ့တယ်။
မေး။    ။ ဘယ်လောက်အထိအောင်မြင်လာပြီလဲ။
ဖြေ။     ။ ရန်ကုန်မြို့ ရောက်ပြီဆိုရင် ကြည့်ရှု ရ မယ့်နေ ရာက ရွှေတိဂုံ ဘုရားပြီးရင် ထွေးဦးမြန်မာ ဆိုပြီးတော့ နံပါတ် ၂ နေရာ ရလာပါတယ်။Tripadvisor ဝက်ဆိုဒ်မှာ ကြည့်ရင် သိနိုင်ပါတယ်။ ဦးထွေး တို့ဆီကို လာကြည့်ပြီး ရင် အဲဒီ ဝက်ဆိုဒ်မှာ ရေးပေး ရတယ်။ အယောက် ၄ဝ လောက် မှတ်ချက်ပေး ထားပါတယ်။ အဲဒီမှတ်ချက်တွေ ကြောင့် ဦးထွေးက အဆင့်တက် လာတာပေါ့နော်။

 မိုးသူ
Mizzima News

Category: , , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ