ဗိုလ်လုပွဲ မြန်မာနှင့်ဗီယက်နမ် ယှဉ်ပြိုင်မည်

hnm | 木曜日, 8月 21, 2014 |




ဘရူနိုင်းနိုင်ငံမှာ ကျင်းပပြုလုပ်နေတဲ့ ဘရူနိုင်း ဘုရင့်ဖလားပြိုင်ပွဲ ဗိုလ်လုပွဲကို မြန်မာ ယူ ၁၉ အသင်းနဲ့ ဗီယက်နမ် ယူ ၁၉ အသင်းတို့ လာမယ့် သြဂုတ် ၂၃ ရက်နေ့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

မြန်မာအသင်းဟာ မနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘရူနိုင်းဘုရင့်ဖလား အကြိုဗိုလ်လုပွဲမှာ မလေးရှားအသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

ဗီယက်နမ်အသင်းကတော့ အကြိုဗိုလ်လုပွဲမှာ ထိုင်းယူ ၁၉ အသင်းကို ၁-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

မြန်မာ ယူ ၁၉ အသင်းဟာ ဘရူနိုင်း ဘုရင့်ဖလား ပြိုင်ပွဲ အုပ်စုအဆင့်ပွဲစဉ်တွေမှာ ထိုင်းလူငယ်အသင်းကို ၃-၂၊ တီမောလူငယ် အသင်းကို ၃-၁ ဂိုးရ၊ ဖိလစ်ပိုင် လူငယ်အသင်းကို ၃-၁ ဂိုး၊ အကြိုဗိုလ်လုပွဲမှာ မလေးရှားအသင်းကို ၃-၀ ဂိုး စသဖြင့် ရှုံးပွဲမရှိ ခြေစွမ်းပြအနိုင်ရပြီး ဗိုလ်လုပွဲကို တက်ရောက်လာတာပါ။

သြဂုတ် ၂၃ ရက်နေ့ ကစားမယ့် မြန်မာယူ ၁၉ ဘောလုံးအသင်းနဲ့ ဗီယက်နမ်အသင်းတို့ရဲ့ ဗိုလ်လုပွဲကို မြန်မာ့ရုပ်မြင်သံကြားက တိုက်ရိုက်ထုတ်လွှင့်ပြသမယ်လို့ ကြေညာထားပါတယ်။

DVB

Category: , , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ