စက်တင်ဘာ ဒုတိယ အပတ်မှစတင်၍ ရန်ကုန်မြို့ရှိ ၃မြို့နယ်တွင် မီတာခများ အွန်လိုင်းမှပေးသွင်းနိုင်တော့မည်

လာမယ့် စက်တင်ဘာ ဒုတိယ အပတ်ကျရင် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းဟာ Eazy Pay ကုမ္ပဏီနဲ့ ပူးပေါင်းပြီး အွန်လိုင်းကနေတဆင့် လျှပ်စစ်မီတာခ ပေးချေတဲ့ လုပ်ငန်း စတင် ၀န်ဆောင်မှု ပေးသွား မယ်လို့ ပုဇွန်တောင်မြို့နယ် လျှပ်စစ်မီတာရုံး တာဝန်ရှိသူတဦးက ဒီဗွီဘီကို အတည်ပြု ပြောဆိုပါတယ်။
လက်ရှိ မြို့လယ် ၃ မြို့နယ် ဖြစ်တဲ့ ပုဇွန်တောင်၊ လသာနဲ့ လှိုင်မြို့နယ်တွေကို ၀န်ဆောင်မှု ပေးသွားမှာ ဖြစ်ပြီး မြန်မာ့စီးပွားရေးဘဏ်၊ ကမ္ဘောဇဘဏ်၊ အေဂျီဒီဘဏ်၊ စီဘီဘဏ်၊ ဧရာဝတီဘဏ်တွေနဲ့ ချိတ်ဆက် အကောင်အထည် ဖော်သွားမယ်လို့ သိရပါတယ်။
အွန်လိုင်းကနေ မီတာခ ပေးချေလိုသူတွေဟာ အဲဒီဘဏ်တွေမှာ ငွေစာရင်း ဖွင့်ထားရမှာ ဖြစ်ပြီးwww.ypay.com မှာ ငွေပေးသွင်းနိုင်မယ်လို့ ဆိုပါတယ်။
DVB



