ဆွေးနွေးပွဲ စတင်ရန် MPC အထူးစည်းဝေးပွဲလုပ်မည်

ရန်ကုန်မြို့ MPC မှာ လေးရက်တာကျင်းပခဲ့တဲ့ အပစ်အခတ် ရပ်စဲရေး စာချုပ်မူကြမ်းဆွေးနွေးပွဲ နောက်ဆုံးရက် ဧပြီလ ၈ ရက်နေ့မှာ ပထမအဆင့် အပစ်ရပ်မူကြမ်းတစ်စောင်ကို သဘောတူနိုင်ခဲ့ပါတယ်။ photo: Thiha Tun, Kyaw Lwin Oo/RFA
ပြည်ထောင်စုငြိမ်းချမ်းရေးဖေါ်ဆောင်မှုကော်မတီက လာမယ့် သြဂုတ်လ ၁၈ ရက်နေ့မှာ အထူးအစည်း အဝေးတစ်ခု ရန်ကုန်မြို့မှာ ကျင်းပဖို့ ပြင်ဆင်နေ ပါတယ်။
နိုင်ငံရေးဆွေးနွေးပွဲတွေ အမြန်ဆုံးစတင်နိုင်ရေး အတွက် လက်ရှိမြန်မာ့နိုင်ငံရေးမှာ အရေးပါတဲ့ ပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေကို အဲ့ဒီအစည်းအဝေး တက်ရောက်ဖို့ ဖိတ်ကြားမှာဖြစ်တယ်လို့ မြန်မာ ငြိမ်းချမ်းရေးဌာန MPC အကြီးတန်းခေါင်းဆောင် ဦးလှမောင်ရွှေက RFA ကို ပြောကြားလိုက်ပါတယ်။
"ငြိမ်းချမ်းရေးဖော်ဆောင်တဲ့ ဒီ ၃၁ ကာလ အတွင်းမှာတော့ ဒါပထမဦးဆုံး အလွှာ ၃ လွှာပေါ့လေ၊ ကျနော်တို့ဒီဘက်က ပြည်ထောင်စု ငြိမ်းချမ်းရေးဖေါ်ဆောင်မှုကော်မတီနဲ့ NCCT နဲ့ နိုင်ငံရေးပါတီတွေနဲ့ တွေ့တဲ့ပွဲ ဖြစ်လာပါတယ်"
အဲ့ဒီအစည်းအဝေးအတွက် ဖိတ်ကြားမယ့်အဖွဲ့အစည်းစာရင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီတို့လည်း ပါဝင်တယ်လို့ သိရပါတယ်။
ဦးစိုင်းအိုက်ပေါင်းကလည်း မိမိတို့တိုင်းရင်းသားဒေသတွေမှာ အပစ်အခတ်တွေ အမြန်ဆုံးရပ်စဲဖို့ လိုအပ်နေ တာကို အားလုံးက စာနာနားလည်ဖို့လိုကြောင်းနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ မကြာခင် ပေါ်ပေါက်လာမယ် လို့ မျှော်လင့်ကြောင်းလည်း RFA ကို ပြောကြားခဲ့ပါတယ်။
RFA
Edited (TEAM BCJP)



