MPT ဖုန်းများ၏ အင်တာနက် စတင်အသုံး ပြုမှုဝန်ဆောင်ခ ကိုအခမဲ့ပေးနိုင်ရန် စီစဉ်နေ

hnm | 木曜日, 8月 14, 2014 |



အင်တာနက်စတင် အသုံးပြုမှု ၀န်ဆောင်ခကို  ကျပ်တစ်သောင်း ပေးရသည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)က ချထားပေးသည့် ဖုန်းများတွင် အခြားအော်ပရေတာများ နည်းတူဝန်ဆောင်ခ အခမဲ့ဖြစ်စေရန် အတွက် စီစဉ်နေသည်ဟု  မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၊ မိုဘိုင်းဌာနမှ လက်ထောက်အင် ဂျင်နီယာ ဦးကိုကိုအောင်က မဇ္ဈိမကို ပြောသည်။


အဆိုပါ ၀န်ဆောင်ခ အခမဲ့ ပေးနိုင်ရန် အတွက်  မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူများ၊ MPT နှင့် ပူးပေါင်း လုပ်ကိုင်သည့် KDDI ကုမ္ပဏီမှ တာဝန်ရှိသူများက စီစဉ်တိုင်ပင်လျက်ရှိသည်ဟု ၎င်းင်းက ဆိုသည်။
ဦးကိုကိုအောင်က " KDDI နဲ့ ပေါင်းပြီးနောက်မှာ ၀န်ဆောင်ခတွေအတွက် စဉ်းစားနေကြပါတယ်။ ငွေကြေးပမာဏတွေကို အတိအကျ မပြောနိုင်ပါဘူး။ သူများတွေလည်း အခမဲ့ ပေးနေတဲ့အချိန်မှာ အခမဲ့တော့
သွားသင့်တယ်။ မြန်မာ့ဆက်သွယ်ရေးက တာဝန်ရှိသူတွေနဲ့ KDDI ဘက်က တာဝန်ရှိသူတွေ ညှိနှိုင်းနေပါ တယ်" ဟုဆိုသည်။
ပြည်ပအော်ပရေတာများဖြစ်သည့် တယ်လီနော နှင့် အူရီးဒူးတို့က  အင်တာနက် စတင် အသုံးပြုမှုအတွက် ၀န်ဆောင်ခ ကောက်ခံသွားမည်မဟုတ်ဟု ကြေညာထားပြီး MPT ၏ ဖုန်းများတွင် လက်ရှိအချိန်အထိ
အင်တာနက် စတင် အသုံးပြုခ ၀န်ဆောင်ခ ကျပ် တစ်သောင်း ပေးနေရဆဲ ဖြစ်သည်။
မြန်မာ့ဆက်သွယ်ရေး၏ မိုဘိုင်းဖုန်း အင်တာနက် စနစ် စတင် အသုံးပြုမှုအတွက် ကနဦးဝန်ဆောင်ခ ကျပ်တစ်သောင်း ပေးသွင်းရမည်ဖြစ်ပြီး အသုံးပြုမှုအတွက် တစ်မိနစ်လျှင် WCDMA နှင့် CDMA 800 MHz
ကွန်ရက် အတွက် လေးကျပ်နှုန်း ၊ GSM ကွန်ရက် အတွက် နှစ်ကျပ်နှုန်း ကောက်ခံလျက်ရှိနေသည်။ တယ်လီနောကလည်း ၎င်းတို့၏ ဖုန်းများမှ အင်တာနက်အသုံးပြုပါက Wikipedia သို့ဝင်ရောက်ကြည့်ရှုမှု အတွက် အခမဲ့ဖြစ်စေရန် ဆောင်ရွက်
ပေးထားမည်ဟု ထုတ်ပြန်ထားသည်။

မောင်မန်း
Mizzima News

Category: , , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ