MPT ဆင်းကဒ်များ ဖုန်းဆိုင်များတွင် ဒီကနေ့မှစတင်ရောင်းချ

hnm | 月曜日, 9月 01, 2014 |




MPT ဆင်းကဒ်များကို စက်တင်ဘာလ ၁ရက်မှ စတင်ကာ နိုင်ငံတစ်ဝှမ်းရှိ ဖုန်းအရောင်းဆိုင်များတွင် ကျပ်၁၅၀၀ကျပ်ဖြင့် ရောင်းချနေပြီဖြစ် ပြီး ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်အတွင်းရှိ E-Lite IT Services Co., Ltd ၏ အရောင်းဆိုင်ခွဲတစ်ခုတွင် ဆင်းကတ်ဝယ်ယူသူများကို တွေ့ ရစဉ်။ 

(ဓာတ်ပုံ-ငြိမ်သစ်ညီ၊ မဇ္ဈိမ)

MPT၏ GSM နှင့် WCDMA ဆင်းကတ်များ နိုင်ငံတဝှမ်း ၁၅၀၀ဖြင့် စိတ်ကြိုက်ဝယ်ယူနိုင်တော့မည် Saturday, 30 August 2014 21:12


 မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ GSM နှင့် WCDMA ဆင်းကတ်များကို ၁၅၀၀ကျပ်ဖြင့် တစ်နိုင်ငံလုံးတွင် MPTနှင့် ပူးပေါင်းသွားသည့် ကုမ္ပဏီများမှ တစ်ဆင့် စက်တင်ဘာ ၁ရက်မှ စတင်ကာ ရောင်းချသွားမည်ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း မိုဘိုင်းအင်ဂျင်နီယာချုပ်၊ ဦးမြင့်သိန်းထွန်းက မဇ္ဈိမကို ပြောသည်။
"မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနဲ့ ပူးပေါင်း ကုမ္ပဏီတွေ GSM နဲ့ WCDMA နှစ်မျိုးကိုပဲ ရောင်းချသွားမယ်။ MECကိုတော့ နောက်ထပ် အစီအစဉ်တစ်မျိုးနဲ့ ထပ်ရောင်းချသွားဖို့ရှိတယ်။ ရောင်းချမယ့် ပမာဏက လက်ရှိချနေတဲ့ တစ်လလေးသိန်းထက် ပိုတဲ့ ပမာဏနဲ့ ချပေးသွားမယ်။ ဈေးကွက်လိုအပ်ချက်အတိုင်း ရောင်းပေးသွားမယ်"ဟု ၎င်းက ပြောသည်။
မြန်မာတစ်နိုင်ငံလုံးရှိ အရောင်းမြှင့်တင်ရေးဆိုင်များတွင် ကျပ် ၁၅၀၀ဖြင့် ရောင်းချတော့မည်ဖြစ်ပြီး မှတ်ပုံတင်မူရင်းပြကာ မှတ်ပုံတင် မိတ္တူ၊ လိုင်စင်ဓာတ်ပုံ နှစ်ပုံနှင့် ဝယ်ယူနိုင်မည်ဟု သြဂုတ် ၃၀ရက်ထုတ် မြန်မာ့အလင်း သတင်းစာတွင်လည်း ပါရှိသည်။
မြန်မာ့ဆက်သွယ်ရေး အနေဖြင့် လက်ရှိတွင် Elite ၊ Asia Megalink၊ တာမိုးညဲချမ်းသာ၊ ABC Mart စသည့် ကုမ္ပဏီ ၁၀ခုကျော်ဖြင့် ပူးပေါင်း လုပ်ကိုင်လျက်ရှိသည်။
ချိုကို
Mizzima News


Category: , , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ