အခြေခံဥပဒေအစီရင်ခံစာကို လာမည့်လအတွင်း မူသဘော အပြတ်ဆွေးနွေးမည်

ဖွဲ့စည်းပုံ အခြေခံဥပဒေ ဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီ၏ ပြီးခဲ့သည့် အောက်တိုဘာလ ၂၂ ရက်က ပြည်ထောင်စုလွှတ်တော်တွင် တင်သွင်းသည့် အစီရင်ခံစာအား ဆွေးနွေးလိုသူ ကိုယ်စားလှယ်များအနေဖြင့် မူသဘောအရ ဆွေးနွေးကြရန် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြောသည်။
၎င်းက အစီရင်ခံစာအပေါ် ဆွေးနွေးရန် စာရင်းပေးထားသူ ကိုယ်စားလှယ်အချို့က မည်သည့်အရာပေါ် အခြေခံ၍ဆွေးနွေးရမည်ကို
မေးမြန်းလာသည်များရှိသဖြင့် ယခုကဲ့သို့ ပြေကြားခြင်းဖြစ်သည်ဟု ဆိုသည်။
မေးမြန်းလာသည်များရှိသဖြင့် ယခုကဲ့သို့ ပြေကြားခြင်းဖြစ်သည်ဟု ဆိုသည်။
၎င်းက "ဘယ်အပေါ်အခြေခံရမလဲဆိုတာ မေးတာရှိပါတယ်၊ ကော်မတီရဲ့ အစီရင်ခံစာအပေါ် ဆွေးနွေးတဲ့အခါ၊ ခြုံငုံဆွေးနွေးရမယ်၊ မူသဘောသာ ဆွေးနွေးရမယ်’’ ဟု ဆိုသည်။
ဆွေးနွေးမှုများကို လာမည့်နိုဝင်ဘာလ ၁၃ ရက်မှ ၂၁ ရက်အထိ အပြီးသတ်ဆွေးနွေးရန်လည်း ၎င်းက ထပ်မံညွန်ကြားသည်။
ဝင်းကိုကိုလတ်
နေပြည်တော် (မဇ္ဈိမ)



