လွှတ်တော်အတွင်း မျိုးစောင့် ဥပဒေ ပေါ်ထွက်လာရေး ကိစ္စ အမြဲနိုးကြား စေရန် ရည်ရွယ်၍ လူမှု့ကွန်ရက်အဖွဲ့အစည်းပေါင်း ၇၀ ခန့်မှ ရဟန်းရှင်လူ ပြည်သူတိုင်းရင်းသား သောင်းဂဏန်းကျော် ပါဝင်ကာ တောင်းဆိုမှု့ပြုလုပ်

hnm | 土曜日, 10月 25, 2014 |










လွှတ်တော် အတွင်းတွင် မျိုးစောင့် ဥပဒေ ပေါ်ထွက်လာရေး ကိစ္စ အမြဲနိုးကြားစေ ရန်ရည်ရွယ်ကာ တောင်းဆိုမှုပြု လုပ်ခဲ့ကြခြင်း ဖြစ်ကြောင်း အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့(မ ဘ သ)ဗဟိုအလုပ်အမှုဆောင် ဦးမောင်မောင်က ပြောသည်။

"မျိုးစောင့်ဥပဒေ ၄ ရပ်ကိုတောင်းဆို ခဲ့တာကြာပြီလေ။ နေပြည်တော်မှာ ဆန္ဒဖေါ်ထုတ်ပွဲ လုပ်ပြီးတဲ့နောက်ပိုင်း သမ္မတက လွှတ်တော်ကို သ၀ဏ်လွှာပို့လာတယ်။ လွှတ်တော်ကလည်းပဲ ဌါနဆိုင်ရာတွေကို ဥပဒေမူကြမ်းရေးဆွဲဖို့ တာဝန်ပေးထားတယ်။ ဒါပေမယ့် ဘာသာကူးပြောင်းခြင်း ဆိုင်ရာဥပဒေကတော့ မူကြမ်းထွက်လာပြီးတော့ ပြည်သူတွေရဲ့ သဘောထား ထုတ်ပြန်ချက် တွေကို တောင်းခံပြီးတဲ့ နောက်ပိုင်းမှာ ကျန်ရှိတဲ့ဥပဒေက ဒီလွှတ်တော်မှာ ဆွေးနွေးမယ်လို့ သတင်းထွက်ပေမယ့် ခုထိအကြောင်း မထူးသေးဘူး။ ဒါကြောင့်လွှတ်တော်တွင်းမှာ ဒီကိစ္စအမြဲတမ်း နိုးနိုးကြားကြားနဲ့ လှုပ်ရှားနိုင်အောင်လို့ပါ"ဟု ၄င်းကပြောသည်။

အဆိုပါတောင်းဆိုမှုကို ယနေ့ အောက်တိုဘာ ၂၅ ရက်နေ့က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လူမှုကွန်ရက်အဖွဲ့အစည်းပေါင်း ၇၀ ခန့်မှ ရဟန်းရှင်လူ ပြည်သူတိုင်းရင်းသား သောင်းဂဏန်းကျော် ပါဝင်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

မေငယ်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

Category: , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ