ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ လစ်ရင်လစ်သလို ခိုးဝင်ကျူးကျော်နေထိုင်ကြဘို့ လှေတွေနဲ့ ထွက်ကြတာ ဖြစ်

အခု သီတင်းပတ် တွေထဲမှာ ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တော ဘက်မှာ တရားမဝင်ကျူးကျော်ခိုးဝင်နေထိုင်နေကြတဲ့ ဘင်္ဂလီမွတ်ဆလင်တွေ ဟာ သောင်းနဲ့ချီ ပြီး ရေလမ်းကနေ တဆင့် ထွက်လာ နေတယ်လို့ ရခိုင် ပြည်နယ်တွင်း တရားမဝင် ဘင်္ဂလီကျူး ကျော်မွတ်ဆလင်တွေကို အကူအညီတွေပေးနေတဲ့ Arakan project က လိမ်ညာသတင်း ထုတ်ပြန် ခဲ့ပါတယ်။
သူတို့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ လစ်ရင်လစ်သလို ခိုးဝင်ကျူးကျော်နေထိုင်ကြဘို့ လှေတွေနဲ့ ထွက်ကြတာ ဖြစ်ပြီး၊ ဒီလို အများအပြား ထွက်နေတာ ဟာ အရင် နှစ်တွေ နဲ့ နှိုင်းစာရင် သူတို့နိုင်ငံအတွင်းမှာ လူဦးရေများပြားလွန်းပြီး စားဝတ်နေရေးအကြပ်အတည်းတွေကြောင့် ထိုင်း၊မြန်မာစတဲ့ နီးစပ်ရာနိုင်ငံတွေကို ကုန်းလမ်းကရော ရေလမ်းကပါ နည်းအမျိုးမျိုးနဲ့ ခိုးဝင်နေထိုင်ကြဘို့ ထွက်လာတဲ့ နှုန်း ပိုများလာတဲ့ အမှန်တရားများကိုမထောက်ပြဘဲ မြန်မာနိုင်ငံမှတဖက်သတ်နှိပ်စက်နေသယောင် စိုးရိမ်စရာ အခြေအနေ ဆိုပြီး Arakan project ရဲ့ ဒါရိုက်တာ ခရစ် လယ်ဝါး က ပြောပါတယ်။
မြန်မာ နယ်ခြားစောင့် ရဲတပ်ဖွဲ့ က အကြိမ်ပေါင်းများစွာ မြန်မာနိုင်ငံသားတွေ တိုက်ခိုက်သတ်ဖြတ်ဖမ်းဆီးခံရမှု့တွေကြောင့် ဘင်္ဂလီအစ္စလမ်လက်နက်ကိုင်အကြမ်းဖက်အဖွဲ့ RSO ကို နှိမ်နှင်းဖို့ အတွက် တရားမဝင်ခိုးဝင်ကျူးကျော်နေထိုင်ကြတဲ့ ဘင်္ဂလီမွတ်ဆလင် တွေကို စစ်ဆင်ရေးပြု လုပ်နေတာ တွေကြောင့် မရိုးသားတဲ့အကြံအစည်တွေအပြင် မြန်မာနိုင်ငံသားအဖြစ် သက်သေအထောက်အထားပြစရာ အစစ်အမှန်များမရှိသောကြောင့် အခုလို ရေလမ်းကုန်းလမ်းကနေ သူတို့နိုင်ငံကို ပြန်ပြေးရုံမှလွဲ၍ ဘာမှမတတ်နိုင်ကြောင်း အမှန်တရားများကို မစ္စတာ လယ်ဝါးဆိုသူက ဖုံးကွယ်ထားခဲ့ပါတယ်။
BBC
Edited ( TEAM BCJP)



Category: bcjpnoa, htaynaing, News, winnaingoo, zaw tun, လမ်းမိုင်း, ဝေယံမင်း



